နိုင်ငံသားတို့၏အခွင့်အရေးများဆိုင်ရာ ဥပဒေမူကြမ်း

နိုင်ငံသားတို့၏ အခွင့်အရေးများဆိုင်ရာ ဥပဒေမူကြမ်းသည် တိုင်းပြည်တစ်ပြည် ၏ နိုင်ငံသားများ ၏ အရေးအကြီးဆုံးသော အခွင့်အရေးများ ကို ပြုစုထားသော စာရင်းတစ်ခုဖြစ်သည်။ ထို ဥပဒေ မူ ကြမ်းများ ၏ ရည်ရွယ်ချက်မှာ အခွင့်အရေးများကို ချိုးဖောက်ခြင်းများအား အစိုးရမှ ကာ ကွယ်ပေးရန်ဖြစ်သည်။ "နိုင်ငံသားတို့၏ အခွင့်အရေးများဆိုင်ရာ ဥပဒေမူကြမ်း" ဟူသော အသုံးအ နှုန်းသည် အင်္ဂလန် မှ ဆင်းသက်လာပြီး ၎င်းသည် နိုင်ငံသားများ၏ အခွင့်အရေးများဆိုင်ရာ ဥပဒေမူကြမ်း ၁၆၈၉ ကို ရည်ညွှန်းသည်။ နိုင်ငံသားတို့၏ အခွင့်အရေးများဆိုင်ရာ ဥပဒေမူကြမ်းသည် ခိုင်မာ စွာ အမြစ်တွယ်နေခြင်း သို့မဟုတ် ခိုင်မာစွာအမြစ်တွယ်မှုမရှိခြင်း ဖြစ်နိုင်သည်။

နိုင်ငံသားတို့၏ အခွင့်အရေးများဆိုင်ရာဥပဒေမူကြမ်း၁၆၈၉ (အင်္ဂလန်)

မူကြမ်း၂ခု၏ခြားနားချက် ပြင်ဆင်ရန်

ခိုင်မာစွာ အ မြစ်တွယ်နေသော နိုင်ငံသား တို့၏ အခွင့်အရေးများဆိုင်ရာ ဥပဒေမူကြမ်းသည် ပုံမှန် လုပ်ထုံးလုပ် နည်းများ မှတစ်ဆင့် နိုင်ငံ၏ ဥပဒေပြု လွှတ်တော်မှ ပြင်ဆင် မွမ်းမံခြင်း သို့မဟုတ် ရုပ်သိမ်းခြင်း ကို မပြုလုပ်နိုင်ပါ။ ၎င်းအစား သာလွန်သော အများစု သို့မဟုတ် ဆန္ဒခံယူပွဲ လိုအပ်သည်။ နိုင်ငံတစ်နိုင်ငံ၏ အခြေခံဥပဒေ အစိတ်အပိုင်း ဖြစ်လေ့ရှိသောကြောင့် အခြေခံဥပဒေ ဆိုင်ရာ ပြင်ဆင်မှုများနှင့်သက်ဆိုင်သော အထူး လုပ်ထုံးလုပ်နည်းများကို လိုအပ်နိုင်သည်။ ခိုင်မာစွာ အမြစ်တွယ်ခြင်းမရှိသော နိုင်ငံသား တို့၏ အခွင့်အရေးများဆိုင်ရာ ဥပဒေမူကြမ်းသည် ပုံမှန် ဥပဒေ ပြု အဖွဲ့ကပြဋ္ဌာန်းထားသော ဥပဒေအစု ဖြစ်သောကြောင့် ဥပဒေပြုလွှတ်တော်၏ ဆန္ဒအတိုင်း ပြင်ဆင် မွမ်းမံခြင်း သို့မဟုတ် ဖျက်သိမ်းခြင်းကို ပြုနိုင်သည်။ တရားစီရင်ရေးတိုင်းသည် ၎င်း၏ နိုင်ငံသားတို့၏ အခွင့်အရေးများဆိုင်ရာ ဥပဒေမူကြမ်းတွင် ရှင်းလင်းစွာဖော်ပြထားသော အခွင့်အ ရေးများကို ကာကွယ်ခြင်းအား ပြဋ္ဌာန်းထားခြင်း မရှိပါ။

ဩစတြေးလျ ပြည်နယ် အများအပြားတွင် လက်ရှိဖြစ်ပွားနေသော အငြင်းပွားမှုများ ရှိသော် လည်း ဩစတြေးလျ သည် အခွင့်အရေးများ၏ အခြေခံဥပဒေဆိုင်ရာ နှင့် ဥပဒေပြုခြင်းဆိုင်ရာ မူကြမ်း မရှိသည့် တစ်ခုတည်းသော အနောက်တိုင်း နိုင်ငံဖြစ်သည်။ ဩစတြေးလျ ဝန်ကြီးချုပ် ဟောင်း ဂျွန်ဟောင်းဝပ် သည် ဩစတြေးလျအတွက် နိုင်ငံသားတို့၏ အခြေခံ ရပိုင်ခွင့်များ ဖော်ပြချက် တစ်ရပ်မှာ ရွေးကောက်တင်မြှောက် ခံထားရသော နိုင်ငံရေးသမားများ လက်မှ လုပ်ပိုင်ခွင့် အာဏာကို ရွေးကောက်တင်မြှောက်ခြင်းမခံရသည့် တရားသူကြီးများ နှင့် ဗျူရို ကရက်များ ထံသို့ လွှဲပြောင်းပေးသည့် သဘောသက်ရောက်သည့် အတွက် ကန့်ကွက်ခဲ့ သည်။ဗစ်တိုးရီးယား နှင့် ဩစတြေးလျမြို့တော် နယ်မြေဒေသ (ACT) (အေစီတီ) တို့ သည်သာ လူ့အခွင့်အရေးဆိုင်ရာ ဥပဒေမူကြမ်းတစ်ရပ်ရှိသော နိုင်ငံ၏ ပြည်နယ်ဒေသများ ဖြစ်သည်။

အရေးကြီးသောနိုင်ငံသားတို့၏ အခွင့်အရေးများဆိုင်ရာ ဥပဒေမူကြမ်း ပြင်ဆင်ရန်

  1. ဟမ္မူရာဘီ ကိုဓဥပဒေကျမ်း ၊ "ကျောက်သားပေါ်တွင် ရေးထွင်းထားသော" တိုက်ရိုက်အား ဖြင့် လူသားတိုင်းအတွက် အကျုံးဝငသည့် ဥပဒေများ နှင့် ပြစ်ဒဏ်များ ပါဝငသည့် သက်တမ်း အနှစ် ၄,၀၀၀ ရှိပြီဖြစ်သော စာရွက် စာတမ်းတစ်ခု (ဤနည်းအတိုင်း တစ် ဆင့်ခံ လွတ်လပ်ခွင့်များ) ။ ထိုခေတ်ကာလအတွင်းတွင် အရှေ့အလယ်ပိုင်းဒေသ မှ အလားတူ ဥပဒေကျမ်း အများအပြားအနက်မှ တစ်ခုဖြစ်သည်။
  2. ကလယ်ဆီသီနင်း(စ်) (ဘီစီ ၅၀၈၊ ဂရိ) ရေးခဲ့သော ရွေးကောက်တင် မြှောက်ခံရသည့် ခေါင်းဆောင်များနှင့် အစိုးရ၏ ကွဲပြားသော အဖွဲ့ခွဲများကို ခွင့်ပြုသည့် အေသင် ဒီမိုကရေစီ ကို တည်ထောင်ခြင်း ၊ ရှေးဟောင်း အေသင် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ။
  3. မဂ်နာ ကာတာ ( ၁၂၁၅ ၊ အင်္ဂလန်)
  4. ၁၂၂၂ ၏ ရွှေရောင် ကျွဲရိုင်း ( ၁၂၂၂ ၊ ဟန်ဂေရီ)
  5. ဒူဆန် ၏ ဥပဒေကျမ်း ( ၁၃၄၉ ၊ ဆာဘီးယား)
  6. ပက်တာ ထုံးနည်း ( ၁၅၇၃ ၊ ပိုလန်)
  7. ဟန်နီစီယန် ပိုဒ်ခွဲ ( ၁၅၇၃ ၊ ပိုလန်)
  8. အခွင့်အရေးများ အသနားခံလွှာ ( ၁၆၂၈ ၊ အင်္ဂလန်)
  9. နိုင်ငံသားတို့၏ အခွင့်အရေးများဆိုင်ရာဥပဒေမူကြမ်း၁၆၈၉ (အင်္ဂလန်) နှင့် အခွင့်အရေး တောင်းဆိုခြင်းဆိုင်ရာ အက်ဥပဒေ ၁၆၈၉ ( စကော့တလန်) ဤအရာသည် ထိုအချိန် အခါအတွင်းရှိ ဗြိတိသျှ ကိုလိုနီအားလုံးကို အကျုံးဝငပြီး နောက်ပိုင်းတွင် နိုင်ငံများဖြစ်လာ သော ထိုကိုလိုနီများ၏ ဥပဒေများတွင် ခိုင်မာစွာ အမြစ်တွယ်ခဲ့သည် - ဥပမာ ဩစ တြေးလျတွင် ကိုလိုနီ ဥပဒေများ အကျုံးဝင်မှု အက်ဥပဒေ ၁၈၆၅ နှင့် အတူ ဖြစ်ပေါ် ပြီး ဝက်(စ်)မင်စတာ၏ လွှတ်တော်မှအတည်ပြုသည့် ဥပဒေ ၁၉၃၁ မှ ပြန်လည် အတည်ပြုခြင်း ခံရ သည်။
  10. ဗာဂျီးနီးယား နိုင်ငံသားတို့၏ အခွင့်အရေးများဆိုင်ရာဥပဒေမူကြမ်း (ဇွန်လ ၁၇၇၆)
  11. အမေရိကန်ပြည်ထောင်စု၏ လွတ်လပ်ရေး ကြေညာချက် နိဒါန်း( ဇူလိုင်လ ၁၇၇၆)

လူသားများနှင့် နိုင်ငံသားတို့၏ အခွင့်အရေးများဆိုင်ရာ ကြေညာချက် ( ၁၇၈၉ ၊ ပြင်သစ်)

  1. အမေရိကန်ပြည်ထောင်စု ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပါ နိုင်ငံသားများ၏အခွင့်အရေးများဆိုင်ရာဥပဒေမူကြမ်း( ၁၇၈၉ တွင် ပြီးစီးခဲ့ပြီး ၁၇၉၁ တွင် လက်မှတ်ရေးထိုးအ တည်ပြု ခဲ့သည်)
  2. ဂရိနိုင်ငံ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ (၁၈၂၂ ၊ Epidaurus (အက်ပီဒါယူရပ်(စ်))
  3. ဖင်လန်နိုင်ငံ၏ အခြေခံ အခွင့်အရေးများနှင့် လွတ်လပ်ခွင့်များ ( ၁၉၁၉) [citation needed]
  4. ကမ္ဘာလုံးဆိုင်ရာ အခြေခံ လူ့အခွင့်အရေး ကြေညာချက် ( ၁၉၄၈)
  5. တရုတ်ပြည်သူ့ သမ္မတနိုင်ငံရှိ နိုင်ငံသားများ၏ အခြေခံ အခွင့်အရေးများနှင့် တာဝန် ဝတ္တရားများ ( ၁၉၄၉)
  6. လူ့အခွင့်အရေးဆိုင်ရာ ဥရောပ ညီလာခံ (၁၉၅၀)
  7. အိန္ဒိယနိုင်ငံသားများ၏ အခြေခံ အခွင့်အရေးများ ( ၁၉၅၀)
  8. သွယ်ဝှက်ညွှန်းဆိုသော နိုင်ငံသားတို့၏အခွင့်အရေးများဆိုင်ရာဥပဒေမူကြမး (ကနေဒီ ယန် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေတွင်ပါဝင်သော သဘောတရား တစ်ခု)
  9. ကနေဒီယန် နိုင်ငံသားတို့၏အခွင့်အရေးများဆိုင်ရာဥပဒေမူကြမ်း (၁၉၆၀)
  10. အခွင့်အရေးနှင့် လွတ်လပ်မှုများဆိုင်ရာ ကနေဒီယန် ပဋိညာဉ် စာတမ်း ( ၁၉၈၂)
  11. ဘရာဇီး(လ်) နိုင်ငံ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေ ၏ ပိုဒ်ခွဲ ၅ ( ၁၉၈၈)
  12. နယူးဇီလန် နိုင်ငံသားတို့၏ အခွင့်အရေးများဆိုင်ရာဥပဒေမူကြမ်းအက်ဥပဒေ ( ၁၉၉၀)
  13. ဟောင်ကောင် နိုင်ငံသားတို့၏ အခွင့်အရေးများဆိုင်ရာဥပဒေမူကြမ်းအမိန့်ပြန်တမ်း (၁၉၉၁)
  14. တောင်အာဖရိက နိုင်ငံ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ အခန်း၂ ၊ နိုင်ငံသားတို့၏အခွင့်အရေးများဆိုင်ရာဥပဒေမူကြမ်း ( ၁၉၇၈)
  15. လူ့အခွင့်အရေး အက်ဥပဒေ ၁၉၉၈ (ယူနိုက်တက် ကင်းဒမ်း)
  16. ဥရောပ သမဂ္ဂ၏ အခြေခံ အခွင့်အရေးများဆိုင်ရာ ပဋိညာဉ် စာတမ်း (၂၀၀၆)


ကိုးကား ပြင်ဆင်ရန်


ပြင်ပလင့်ခ်များ ပြင်ဆင်ရန်