နိုလန် ဘွတ်သျှနဲ
နိုလန် ကေ ဘွတ်သျှနဲ (၁၉၄၃ ဖေဖော်ဝါရီ ၄ ဘွား) သည် အမေရိကန်နိုင်ငံသား စီးပွားရေးလုပ်ငန်းရှင်နှင့် လျှပ်စစ်အင်ဂျင်နီယာဖြစ်သည်။ အတ္တာရီအင်ကော်ပိုရိတ်၊ ချက္ကီးချိ ပီဇာရုံ စားသောက်ဆိုင်တွဲတို့ကို ထူထောင်သည်။ အတ္တာရီကြောင့် ဗီဒီယိုဂိမ်းလောက နာမည်ကျော်တို့ခန်းမနှင့် လူသုံးကုန်အီလက်ထရောနစ်အသင်း၏ နာမည်ကျော်တို့ခန်းမတို့တွင် စာရင်းသွင်းဖော်ပြခံရသည်။ ချက္ကီးချိကြောင့် နိုင်ငံတွင်းစားသောက်ဆိုင်များသတင်းမှ တနှစ်တာအတွင်းအထွင်ဆန်းသူဆု ရသည်။ ဘပ္ဖတာမှပေးသော ထူးချွန်ဆုကိုလည်း ရဖူးသည်။ နယူးဝိသတင်းစာက အမေရိကန်ကိုပြောင်းလဲစေခဲ့သောအမျိုးသား ၅၀ စာရင်းတွင် ဘွတ်သျှနဲကို ထည့်သွင်းဖော်ပြသည်။
Nolan Bushnell | |
---|---|
Bushnell in 2013 | |
မွေးဖွား | Nolan Kay Bushnell ဖေဖော်ဝါရီ ၅၊ ၁၉၄၃ Clearfield, Utah, U.S. |
နေထိုင်ရာ | Southern California |
နိုင်ငံသား | United States |
နယ်ပယ် | လျှပ်စစ်အင်ဂျင်နီယာ ဘာသာရပ် ကွန်ပျူတာ ဆော့ဖ်ဝဲလ် |
အဖွဲ့အစည်းဌာန | Atari Chuck E. Cheese |
မိခင်ကျောင်း | University of Utah Stanford Business School[၁][၂][၃] |
ကျော်ကြားမှုအရင်းခံ | Co-founding Atari, Inc. Pong Creator & Founder of Chuck E. Cheese |
ထင်ပေါ်ကျော်ကြား ဆုတံဆိပ်များ | Video Game Hall of Fame Consumer Electronics Association Hall of Fame |
ဘွတ်သျှနဲသည် လုပ်ငန်း ၂၀ ကျော် ထူထောင်သူဖြစ်ပြီး အတ္တာရီကိုစတာ ဗီဒီယိုဂိမ်းလောကကို မျက်နှာစာသစ်ဖွင့်ခဲ့သူတို့အနက် တဦးအဝင်အပါတည်း။ ၂၀၁၂ ခုတွင် ပညာရေးဆော့ဝဲထုတ်သည့် ဘရိန်းရှက်ကို ထောင်သည်။ ပညာသင်ရန်သုံးသော ဗီဒီယိုဂိမ်းဖြစ်သည်။
ဆော့ရန်လွယ်ရမည်၊ နိုင်ရန်ခက်ရမည်ဟူသော ဘွတ်သျှနဲဥပဒေသဟူသော စကားမှာ ဗီဒီယိုဂိမ်းလောက၌ ကျော်ကြားသည်။
ကိုးကား
ပြင်ဆင်ရန်- ↑ Nolan Bushnell။
- ↑ Anti-Aging Games။ 11 September 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 22 August 2021 တွင် ပြန်စစ်ပြီး။
- ↑ CMU Silicon Valley။