နို့လက်ဖက်ရည်မဟာမိတ်
နို့လက်ဖက်ရည်မဟာမိတ် (အင်္ဂလိပ်: Milk Tea Alliance) သည် အွန်လိုင်းဒီမိုကရေစီလှုပ်ရှားမှုပုံစံဖြစ်သည်။ ထိုမဟာမိတ်ကို ဟောင်ကောင်၊ ထိုင်ဝမ်နှင့် ထိုင်းနိုင်ငံတို့၏ အင်တာနက်အသုံးပြုသူများမှ တည်ထောင်ခဲ့ကြသည်။[၂] မြန်မာနိုင်ငံသည်လည်း အာဏာသိမ်းပိုက်ခြင်းကို ဆန္ဒပြရာတွင် ထိုမဟာမိတ်၏ အဖွဲ့ဝင်ဖြစ်လာခဲ့သည်။[၃] အစပိုင်းတွင် တရုတ်အင်တာနက် troll များကိုသရော်ရန်ပြုလုပ်ခဲ့သော်လည်း ယခုအခါ ဒီမိုကရေစီနှင့်လူ့အခွင့်အရေးအတွက် လှုပ်ရှားမှုပုံစံဖြစ်လာခဲ့သည်။[၄] ဖိလစ်ပိုင်၊ အိန္ဒိယ၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဘီလာရုဇ်နှင့် အီရန်နိုင်ငံများတွင်လည်း ထိုလှုပ်ရှားမှုမှာ လူသိများလာကြသည်။[၅]
အမည်ဖြစ်ပေါ်ပုံ
ပြင်ဆင်ရန်နို့လက်ဖက်ရည်ကို တရုတ်နိုင်ငံအားဆန့်ကျင်ရန် အရှေ့တောင်အာရှနိုင်ငံများက လက္ခဏာအဖြစ်အသုံးပြုခဲ့ကြသည်။ ထိုနိုင်ငံများတွင် လက်ဖက်ရည်ကိုနို့ဖြင့်ဖျော်၍ သောက်သုံးကြပြီး တရုတ်နိုင်ငံတွင်မူ နို့မထည့်ဘဲ လက်ဖက်ရည်အတိုင်း (မြန်မာအခေါ်အားဖြင့် ရေနွေးကြမ်း) သာ သောက်သုံးသောကြောင့်ဖြစ်သည်။[၆] ထိုင်ဝမ်၏ Bubble Tea ခေါ် ပုလဲလုံးနို့လက်ဖက်ရည်၊ ဟောင်ကောင်၏ နို့လက်ဖက်ရည်နှင့် ထိုင်းလက်ဖက်ရည်တို့သည် အလွန်ဆင်တူကြသည်။ [၇][၂]
နောက်ခံသမိုင်း
ပြင်ဆင်ရန်External images | |
---|---|
Milk Tea Alliance memes published by "奶茶通俗學 Milktealogy" Facebook[၁] |
ထိုင်းနိုင်ငံသားတို့၏ ဟောင်ကောင်နှင့်ထိုင်ဝမ်တို့ကိုထောက်ပံ့မှုကြောင့် ဒီမိုကရေစီအတွက်လှုပ်ရှားသူများနှင့် တရုတ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားသူများလည်း ပါဝင်လာခဲ့ကြသည်။[၈][၇] ဟောင်ကောင်နှင့်ထိုင်ဝမ်တို့မှ တွစ်တာအသုံးပြုသူများသည်လည်း ထိုင်းတွစ်တာအသုံးပြုသူများနှင့် ပူးပေါင်းပါဝင်ခဲ့ကြသည်။[၉] ပါလဘီ မွန်ဆီ (Pallabi Munsi) သည် ထိုသို့နိုလက်ဖက်ရည်မဟာမိတ်သည် တရုတ်ပြားငါးဆယ်ပါတီအား စိန်ခေါ်မှုကို "တရုတ်အင်တာနက် troll များအား အာရှမှပြန်လည်တွန်းကန်ခြင်း" ဟူ၍ဆိုခဲ့သည်။[၁၀]
တုံ့ပြန်မှု
ပြင်ဆင်ရန်တရုတ်အစိုးရသည်ထိုမဟာမိတ်ကို အမေရိကန်အစိုးရမှစီမံထားသော အရောင်တော်လှန်ရေး (color revolution) တစ်မျိုးဖြစ်သည် ဟူ၍အပြစ်တင်ဝေဖန်ခဲ့သည်။[၁၁]
ကျမ်းကိုး
ပြင်ဆင်ရန်- ↑ ၁.၀ ၁.၁ "【我們信靠奶茶】「泰幽默」擊退「小粉紅」 泰港台三地網民籲組「奶茶聯盟」齊抗中國網軍"၊ 立場新聞၊ 2020-04-16။ 13 February 2021 တွင် ပြန်စစ်ပြီး။ Archived from the original on 20 August 2020။
- ↑ ၂.၀ ၂.၁ Young Thais join 'Milk Tea Alliance' in online backlash that angers Beijing။ Reuters။ 23 August 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 18 April 2020 တွင် ပြန်စစ်ပြီး။
- ↑ #MilkTeaAlliance has a new target brewing: Myanmar’s military (in en) (2021-02-04)။ 2021-02-05 တွင် ပြန်စစ်ပြီး။
- ↑ Why the Taiwanese are thinking more about their identity။ New Statesman။ 21 May 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 15 May 2020 တွင် ပြန်စစ်ပြီး။
- ↑ "'Milk Tea Alliance' pushes for democracy vs China's authoritarianism" (in en)၊ ABS-CBN News။
- ↑ ‘We conquer, we kill’: Taiwan cartoon showing Lord Rama slay Chinese dragon goes viral။ The Print။ 18 June 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 18 June 2020 တွင် ပြန်စစ်ပြီး။
- ↑ ၇.၀ ၇.၁ 'We Share the Ideals of Democracy.' How the Milk Tea Alliance Is Brewing Solidarity Among Activists in Asia and Beyond။ Time (28 October 2020)။ 10 December 2020 တွင် ပြန်စစ်ပြီး။
- ↑ Milk Tea Alliance: How A Meme Brought Activists From Taiwan, Hong Kong, and Thailand Together။ 23 August 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 18 August 2020 တွင် ပြန်စစ်ပြီး။
- ↑ "#MilkTeaAlliance: New Asian youth movement battles Chinese trolls"၊ The Telegraph၊ 3 May 2020။
- ↑ Munsi၊ Pallabi (2020-07-15)။ The Asian Volunteer Army Rising Against China’s Internet Trolls။ 2020-07-29 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2020-07-30 တွင် ပြန်စစ်ပြီး။
- ↑ IS THE MILK TEA ALLIANCE THE LATEST TARGET BY CHINESE DISINFORMATION EFFORTS IN TAIWAN?။ New Bloom Magazine။ 22 December 2020 တွင် ပြန်စစ်ပြီး။