နီကိုလာ့စ် ကော်ပါးနိကပ်စ်

နေဗဟိုပြုသီအိုရီကို လက်တွေ့ကျမ်းပြုထုတ်ဖော်သူ ကော်ပါးနိကပ်စ်၊အမည်အပြည့်အစုံ နီကိုလာ့စ်ကော်ပါးနိကပ်စ် (Nicolaus Copernicus) (၁၄၇၃-၁၅၄၃) အားယနေ့ ပိုလန်နိုင်ငံ၊ ဗစ်တူလာတွင် ကြွယ်ဝချမ်းသာသည့် မိသားစု၊အသိုင်းအဝန်းမှ ဖွားမြင်သည်။ လူရွယ်ဘဝကပင် နက္ခတ္တဗေဒ တွင်အထူးစိတ်ပါဝင်စားသည်။ အသက် ၂၅တွင် အီတလီသို့သွားပြီး ဘိုလော့ညာတက္ကသိုလ် (Bologna) နှင့် ပါဒွါးတက္ကသိုလ် (Padau)တို့တွင် ဥပဒေနှင့် ဆေးပညာရပ်များကို သင်ကြားသည်။ နောက်ဆုံး ဖာရာရာတက္ကသိုလ် (Ferrara)တွင် ခရစ်ယာန်ဘာသာနှင့်ပတ်သက်၍ ပါရဂူဘွဲ့ရခဲ့သည်။ နောက်အရွယ်အိုသည်ထိ ဖာရော်အင်ဘာ့ဂ် (Frauenburg) ဘုရားကျောင်းဝန်ထမ်း ကျမ်းစာသင်ဆရာအဖြစ် နေထိုင်သွားခဲ့သည်။ သို့သော် နောင်တွင် နက္ခတ္တဗေဒဖြင့် ကျော်ဇောမည့် သူသည် နက္ခတ္တပညာရှင်အဖြစ် လုံးဝနေထိုင်မသွားခဲ့သည်မှာ ကော်ပါးနိကပ်စ်၏ ထူးခြားချက်ပင်ဖြစ်သည်။ သူ့အား နာမည်ကြီးစေမည့် ထို နေဗဟိုပြုသီအိုရီ အမည်ရကျမ်းကို သူ၏အားလပ်ချိန်များမှ အချိန်ယူရေးသားသွားခဲ့ခြင်းဖြစ်သည်။

Nicolaus Copernicus
The "Toruń portrait" (anonymous, c. 1580), kept in Toruń town hall, Poland[မှတ်စု ၁]
မွေးဖွား19 February 1473
Thorn, Royal Prussia, Poland
ဆုံးပါး၂၄ မေ၊ ၁၅၄၃(1543-05-24) (အသက် ၇၀)
Frauenburg, Royal Prussia, Poland
နယ်ပယ်
  • Astronomy
  • Canon law
  • Economics
  • Mathematics
  • Medicine
  • Politics
ပညာရေး
  • University of Kraków (1491–95)
  • University of Bologna (1496–1500)
  • University of Padua (1501–03)
  • University of Ferrara (DCanL, 1503)
ကြီးကြပ်သူများDomenico Maria Novara da Ferrara
ကျော်ကြားမှုအရင်းခံနေဗဟိုပြုသီအိုရီ
Quantity theory of money
Gresham–Copernicus law
သူ့အပေါ် ဩဇာလွှမ်းမိုးသူများAristarchus of Samos
Martianus Capella
သူ၏ဩဇာလွှမ်းမိုးခံဂျိုဟန်နက်စ် ကပ်ပလာ
လက်မှတ်

သူအီတလီတွင်နေထိုင်ခဲ့စဉ်က ဂရိဒဿနပညာရှင် စမော့စ်နယ်သား အရိစ်တာကပ်စ် (Aristarchus) (ဘီစီ ၃၀ဝခန့်) ၏ နေကိုကမ္ဘာနှင့် ဂြိုဟ်များက လှည့်ပတ်သည် ဟူသောစိတ်ကူးကို ကြားသိခဲ့ရဖူးပုံရသည်။ ထိုအယူအဆသစ်ကို ကော်ပါးနိကပ်စ် တစ်ယောက်လည်း မှန်ကန်မည်ဟု လက်ခံယုံကြည်ခဲ့သည်။ သို့သော်မည်သူ့ကိုမျှ ရှင်းလင်းပြခဲ့ခြင်းမရှိပဲ မိမိယုံကြည်ရာကို သက်သေပြနိုင်အောင် ကြိုးပမ်းရှာဖွေရင်း အသက် ၄၀အရွယ်ထိရေငုံနှုတ်ပိတ်ကာနေခဲ့သည်။ အသက်၄၀ကျော်မှ သူ၏အယူအဆများကို ရေးမှတ်ထားသည့် မှတ်စုစာအုပ်ကို ရင်းနှီးသူတချို့အား ပေးဖတ်ခဲ့သည်။ ထိုစာအုပ်မှာ ဘဝတစ်လျှောက် လေ့လာတွက်ချက်မှုများကိုအခြေခံကာ ပြုစုထားသည့် အာကာသအတွင်းရှိ စက်လုံးများ၏ လှည့်ပတ်ခြင်းအကြောင်း (On the Revolution of the Celestial Spheres)ပင်ဖြစ်သည်။ ထိုစာအုပ်တွင် မိမိ၏လေ့လာတွေ့ရှိချက်များ၊တွက်ချက်ပုံများ၊ သီအိုရီများကို ပြည့်စုံစွာ ဖော်ပြထားခဲ့သည်။

တဖန် အသက်၆၀ တွင် ရောမသို့သွားရောက်ပြီး မိမိ၏အယူအဆကို အစဉ်တစိုက်ဟောပြောခဲ့သည်။ ပုပ်ရဟန်းမင်းကြီး၏ မနှစ်သက်၊ မလိုလားမှုတို့ကိုပင် ရဲဝံ့စွာရင်ဆိုင်ပြီး တင်ပြခဲ့သည်။ အသက် ၇၀ နားနီးမှ မိမိ၏ကျမ်းကို ပုံနှိပ်ထုတ်ဝေရန် ဆုံးဖြတ်ခဲ့သော်လည်း ပုံနှိပ်သူထံမှ ပထမဆုံးစာအုပ်ကို သူကွယ်လွန်သည့် ၂၄၊ မေ၊ ၁၅၄၃တွင်မှ ရရှိသွားရှာသည်။

ကော်ပါးနိကပ်စ်၏ ကျမ်းတွင် ပြသခဲ့သည့် အခြေခံအချက်များ၊ တွက်ချက်ပုံများမှာ အမှားကင်းသည်တော့ မဟုတ်ခဲ့ပေ။ နောက်လူတို့က ထိုအမှားများကို ပြင်ဆင်ပြီး ဆက်လက်သုံးစွဲကြရသည်လည်းရှိသည်။ သို့သော် ထိုခေတ်အခါက ခရစ်ကျောင်းတော်၏ ရှေးရိုးစွဲဘာသာရေးအမြင်ကို ရဲဝံ့စွာဖောက်ထွက်ကာ စတင်ဟောပြောခဲ့သူ ကော်ပါးနိကပ်စ်၏ ကျေးဇူးကြောင့်သာလျှင် နောင်တစ်ချိန်တွင် တီချို ဘရက် (Tycho Brahe)၊ ဂယ်လီလီယို နှင့် ဂျိုဟန်နက်စ် ကပ်ပလာ (Johannes Kepler) အစရှိသူတို့က နေဗဟိုပြုကာ ဂြိုဟ်များ သွားလာသည်မှာ မှန်ကန်ကြောင်း ဆက်လက်ဖော်ထုတ်နိုင်ကြ၊ ဂြိုဟ်သွားဂြိုဟ်လာ လမ်းကြောင်းများကို တွက်ချက်နိုင်ခဲ့ခြင်းဖြစ်သည် ဟုဆိုနိုင်သည်။[]

  1. The oldest known portrait of Copernicus is that on the Strasbourg astronomical clock, made by Tobias Stimmer c. 1571–74. According to the inscription next to that portrait, it was made from a self-portrait by Copernicus himself. This has led to speculation that the Toruń portrait, whose provenance is unknown, may be a copy based on the same self-portrait.[]
  1. André Goddu, Copernicus and the Aristotelian Tradition (2010), p. 436 (note 125), citing Goddu, review of Jerzy Gassowski, "Poszukiwanie grobu Mikołaja Kopernika" ("Search for Grave of Nicolaus Copernicus"), in Journal for the History of Astronomy, 38.2 (May 2007), p. 255.
  2. ကျော်စွာ၁၀ဝ-ဒေါက်တာသန်းထွန်း