၁၉၈၀ ပြည့်နှစ် ‌အောက်တိုဘာလ ၂၃ ရက်‌နေ့တွင် ဆိုဗီယက်ပြည်‌ထောင်စု ဝန်ကြီးများ ‌ကောင်စီဥက္ကဋ္ဌ (ဝန်ကြီးချုပ်) အလက်ဇီကိုဆီဂင်သည် ကျန်းမာ‌ရေး အ‌ခြေအ‌နေ‌ကြောင့် ရာထူးမှ နုတ်ထွက်သွားခဲ့ရာ ဆိုဗီယက်ဦးစီးလွှတ်‌တော်ချုပ်က ဝန်ကြီးများ‌ကောင်စီ ဒုတိယဥက္ကဋ္ဌ (ဒုတိယဝန်ကြီးချုပ်) နီကိုလိုင် အလက်ဇန္ဒာရိုဗစ်ကျီခို‌နော့အား ဝန်ကြီးများ‌ကောင်စီ ဥက္ကဋ္ဌ (ဝန်ကြီးချုပ်)အဖြစ် ‌ရွေးချယ်တင်‌မြှောက်ခဲ့သည်။ ကျီခို‌နော့သည် ၁၉၆၅ ခုနှစ်မှစ၍ ဒုတိယဝန်ကြီးချုပ်အဖြစ် တာဝန်ယူ ထမ်း‌ဆောင်ခဲ့ရသူ ဖြစ်သည်။

နီကိုလိုင် အလက်ဇန္ဒာရိုဗစ် ကျီခို‌နော့သည် ၁၉၀၅ ခုနှစ်တွင် ‌မွေးဖွားခဲ့ပြီး အသက် ၁၉ နှစ်အရွယ်တွင် လက်ထောက်အင်ဂျင်စက်‌မောင်းအဖြစ် အလုပ်စတင် လုပ်ကိုင်ခဲ့သည်။၁၉၃၀ ပြည့်နှစ်တွင် ဒနီပရိုပီထ‌ရော့မြို့ သတ္တုတက္ကသိုလ်မှ ဘွဲ့ရသောအခါ အင်ဂျင်နီယာအဖြစ်လည်း‌ကောင်း၊ စက်ရုံကြီးကြပ်‌ရေးမှူးအဖြစ်လည်း‌ကောင်း၊ အင်ဂျင်နီယာချုပ်အဖြစ် လည်း‌ကောင်း၊ စက်ရုံမန်‌နေဂျာအဖြစ်လည်း‌ကောင်း တာဝန်ယူထမ်း ရွက်ခဲ့ရသည်။ ၁၉၄၀ ပြည့်နှစ်တွင် ဆိုဗီယက်ကွန်မြူနစ် ပါတီဝင် ဖြစ်ခဲ့သည်။

နီကိုလိုင်း ကျီခို‌နော့သည် စက်ရုံမန်‌နေဂျာအဖြစ် အမှုထမ်းဆောင်ပြီး‌နောက် ရာထူးတိုးကာ ဆိုဗီယက်ပြည်‌ထောင်စု သံသတ္တုဝန်ကြီးဌာန၏ အမှု‌ဆောင်ရာထူးတွင် ထမ်းရွက်ခဲ့ရာ ဗဟိုဌာနကြီးတစ်ခု၏ ဌာနမှူးကြီး အဖြစ်လည်း‌ကောင်း၊ ဒုတိယဝန်ကြီးအဖြစ်လည်း‌ကောင်း တာဝန်ယူ ‌ဆောင်ရွက်ခဲ့ရသည်။၁၉၅ရ ခုနှစ်တွင် နီကိုလိုင်ကျီခို‌နော့သည် ဒနီပရိုပီထ‌ရော့ဒေသ စီးပွား‌ရေး‌ကောင်စီဥက္ကဋ္ဌ ဖြစ်လာသည်။ ၁၉၆၀ ပြည့်နှစ်တွင် ဝန်ကြီးရာထူးအဆင့်ရှိ‌သော နိုင်ငံ‌တော်စီးပွား‌ရေး‌ကောင်စီ၏ ဒုတိယဥက္ကဋ္ဌအဖြစ် ခန့်အပ်ခြင်းခံရသည်။ တစ်ဖန် ၁၉၆၃ ခုနှစ်တွင် ဝန်ကြီးရာထူးအဆင့်ဖြင့် နိုင်ငံ‌တော်စီမံကိန်း ‌ကော်မတီ၏ ဒုတိယဥက္ကဋ္ဌအဖြစ် ခန့်အပ်ခြင်းခံရသည်။

၁၉၆၅ ခုနှစ်တွင် ဆိုဗီယက်ပြည်‌ထောင်စု ဝန်ကြီးများ ကောင်စီ၏ ဒုတိယဥက္ကဋ္ဌဖြစ်လာခဲ့ပြီး ၁၉ရ၆ ခုနှစ်တွင် ပထမဥက္ကဋ္ဌ ဖြစ်လာခဲ့သည်။

၁၉၇၈ ခုနှစ်တွင်နီကိုလိုင်ကျီခို‌နော့သည် ဆိုဗီယက်ကွန်မြူနစ်ပါတီ ဗဟို‌ကော်မတီ နိုင်ငံ‌ရေးဦး‌ဆောင်အဖွဲ့၏အရန် ကော်မတီဝင်အဖြစ် ‌ရွေးချယ်တင်‌မြှောက်ခြင်း ခံရပြီး ၁၉၇၉ ခုနှစ်တွင် အချိန်ပြည့် နိုင်ငံ‌ရေး ဦး‌ဆောင်အဖွဲ့ဝင်အဖြစ် ‌ရွေးချယ်တင်‌မြှောက်ခြင်း ခံ၇‌လေသည်။

နီကိုလိုင်း ကျီခို‌နော့သည် ဆိုရှယ်လစ်လုပ်သားသူရဲ‌ကောင်းတစ်ဦးဖြစ်ပြီး စက်မှုသိပ္ပံပညာရပ်၌ ပါရဂူဘွဲ့ ၇ရှိသည်။ ဆိုဗီယက်ဦးစီးလွှတ်‌တော်ချုပ်သို့ ပြည်သူ့ကိုယ်စားလှယ်အမတ်အဖြစ် အကြိမ်ကြိမ် ‌ရွေးချယ်တင်‌မြှောက်ခြင်း ခံခဲ့ရသည်။[၁]

ကိုးကား ပြင်ဆင်ရန်

  1. မြန်မာ့စွယ်စုံကျမ်း အတွဲ (၃)