နီတိကျမ်းလာ သံချိုကဗျာ ကဗျာကို မောင်းထောင်းဦးကျော်လှ ရေးသားခဲ့သည်။ သံချို ကဗျာအမျိုးအစားဖြစ်သည်။

အကြောင်းအရာ ပြင်ဆင်ရန်

၁၂၂၅ ခုနှစ်လောက်တွင် ဦးကျော်လှ မန္တလေးမြို့သို့ရောက်လာကာ အချို့သော သဘင်သည်များက တောသားအကောင်လေး ဘာစာရေးတတ်မှာလဲ မင်းတို့ တောအရပ်ကိုသာ ပြန်၍ ပြေးပြီး သင့်သလို အသက်မွေးချေ။ မြို့ကြီးပြကြီးများ၌ ကပြရန်မှာ အလွန်ဝန်လေးခက်ခဲကြောင်း ပြောဆိုကြသဖြင့် တောသားမြို့သား ကြီးသည်ငယ်သည်မှာ ပဓာနမဟုတ်၊ ပညာသာ ပဓာန ဖြစ်ကြောင်းကို ချက်ချင်းဖွဲ့ဆိုသော သံချိုကဗျာ ဖြစ်သည်။

နီတိကျမ်းလာ သံချိုကဗျာ ပြင်ဆင်ရန်

ဌာနေဌာနေနှင့် ပဏ္ဍိတေမရှိကြောင်း၊ ထုံးဟောင်းပါဌ်တော်တန်းခဲ့မယ် ကျမ်းနီတိ စာအလာ။

ဝနေနော် ဝနေပြောသော်လဲ၊ တောဆိုလျှင် မည်ကာပ၊ ပဏ္ဍုတေ စန္ဒကူးပေါက်ဘူးဗျ ဧကန်သာ။

ကျေးတောနေမြစ်နား၊ မြို့သားပင်ဖြစ်လေပြီးသော်လဲ၊ ကြီးသူနှင့် ငယ်သူမှာ ပညာသာ အကြောင်း။

သိန်းဒေဝန်း ကာမိန်းတို့ ယင်းအပေါ်၊ မင်းမဟော်ထုံးကဲ့သို့၊ နိဂုံးရွာသိန်က သုခမိန်ဂုဏ်၊ ရောင်လွန်းသော်ကြောင့်၊ ခုထက်တိုင် ဇမ္ဗုကျွန်းမှာ၊ ထွန်းရစ်စကောင်း။

ခက်ဆစ် ပြင်ဆင်ရန်

၁။ ပဏ္ဍုတေ = လောကနီတိကျမ်း အဆိုရဆိုလျှင် ပဗ္ဗတေဟု ရှိသင့်သည်။

မှတ်ချက် ပြင်ဆင်ရန်

ဤကဗျာခေါင်းစဉ်သည် မောင်းထောင်းဦးကျော်လှ ကိုယ်တိုင် ပေးခဲ့ခြင်း မဟုတ်ပါ။ သင့်တော်မည်ထင်သော ခေါင်းစဉ်ကို ပေးထားခြင်း ဖြစ်သည်။

ကိုးကား ပြင်ဆင်ရန်

  1. မောင်းထောင်းဦးကျော်လှ၏ သံချိုကဗျာပေါင်းချုပ်။ ယဉ်ကျေးမှုဝန်ကြီးဌာန၊ ယဉ်ကျေးမှုဗိမာန်ဌာန။ နိုဝင်ဘာ ၁၉၈၃။