နေစိုး
ဦးနေစိုး(၁၉၆၂ဖွား)သည် မြန်မာတရားသူကြီး ဖြစ်သည်။၎င်းသည် လက်ရှိတွင် ချင်းပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် အဖြစ် တာဝန်ထမ်းဆောင်နေသည်။ထိုတာဝန်ကို ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ (၁) ရက်နေ့တွင် ခန့်အပ်တာဝန်ပေးအပ်ခြင်း ခံရသည်။ [၁]
နေစိုး | |
---|---|
ချင်းပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် | |
တာဝန်ထမ်းဆောင်ဆဲ | |
တာဝန် စတင် ၁ နိုဝင်ဘာလ ၂၀၂၁ | |
ခန့်အပ်သူ | နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ |
သမ္မတ |
|
ဝန်ကြီးချုပ် | ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် |
ယခင်လူ | ဦးဝင်းမြင့်ကျော် |
ကိုယ်ရေး အချက်အလက်များ | |
မွေးဖွား | ၁၉၆၂ မြန်မာနိုင်ငံ |
လူမျိုး | မြန်မာ |
ပညာရေး | ရန်ကုန်တက္ကသိုလ် |
အလုပ်အကိုင် | တရားသူကြီး |
ငယ်ဘဝနှင့်ပညာရေး
ပြင်ဆင်ရန်ဦးနေစိုးကို ၁၉၆၂ ခုနှစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်၊ သာဝတ္ထိကျေးရွာတွင် မွေးဖွားခဲ့သည်။ ၎င်းသည် ဥပဒေဘွဲ့ကို ၁၉၈၅ ခုနှစ်တွင် တက္ကသိုလ်စာပေးစာယူသင်တန်း(ရန်ကုန်တက္ကသိုလ်)မှရရှိခဲ့သည်။
ဝန်ထမ်းဘဝ
ပြင်ဆင်ရန်တရားရေး ဝန်ထမ်းအဆင့် (၄)အဖြစ် ၁၉၈၈ ခုနှစ်တွင် စတင်တာဝန် ထမ်းဆောင်ခဲ့ရင်း နောက်ဆုံး ချင်းပြည်နယ်တရားရေး ဦးစီးမှူးအဆင့်ထိ ရာထူးအဆင့်ဆင့်တိုးခံရသည်။သူ၏ တရားရေးဝန်ထမ်း လုပ်သက်မှာ ၃၃ နှစ် ရှိသည်။[၂]
တရားလွှတ်တော်တရားသူကြီးဘဝ
ပြင်ဆင်ရန်၎င်းသည် တရားသူကြီးချုပ်အဖြစ်တာဝန်ပေးအပ်ခြင်းမခံရမီက[၃] ချင်းပြည်နယ်တရားလွှတ်တော်တရားသူကြီးအဖြစ်လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်တရားရေးဦးစီးမှူးအဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သည်။
မိသားစုဘဝ
ပြင်ဆင်ရန်၎င်းသည် အိမ်ထောင်ရှိသူဖြစ်ပြီး သား (၁) ဦးနှင့် သမီး (၁) ဦးရှိသည်။
ကိုးကား
ပြင်ဆင်ရန်- ↑ အစဉ်အဆက်ပြည်နယ်တတရားသူကြီးချုပ်များ။ ၂၀၂၁ တရားရုံးနှစ်စဉ်အစီရင်ခံစာ။ ၂၅ ဩဂုတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ ချင်းပြည်နယ်တရားလွှတ်တော်တရားသူကြီးများ။ ချင်းပြည်နယ်တရားလွှတ်တော်ရုံး။ ၂၅ ဩဂုတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ ချင်းပြည်နယ်တရားလွှတ်တာ်၌ တရားရုံးကဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးစနစ်နှင့် စပ်လျဉ်း၍ မိတ်ဆက်ရှင်းလင်းပွဲ ကျင်းပ။ Myanmar National Post (၃၀ ဇူလိုင် ၂၀၂၂)။ ၂၅ ဩဂုတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။