နေပြည်တော်ကောင်စီ
နေပြည်တော်ကောင်စီ (အင်္ဂလိပ်: Naypyidaw Council) သည် မြန်မာနိုင်ငံတော် သမ္မတ၏ တိုက်ရိုက်အုပ်ချုပ်မှုအောက်တွင်ရှိသည့် နေပြည်တော် ပြည်ထောင်စုနယ်မြေကို စီမံအုပ်ချုပ်သည့် အဖွဲ့အစည်းဖြစ်သည်။[၂]
နေပြည်တော် ပြည်ထောင်စုနယ်မြေအစိုးရအဖွဲ့အစည်း | |
---|---|
အစိုးရအဖွဲ့အစည်း အကျဉ်းချုပ် | |
အဖွဲ့အစည်းအမျိုးအစား | ကောင်စီ |
ဌာနချုပ် | နေပြည်တော် |
ဌာနအကြီးအမှူးများ | ဦးသန်းထွန်းဦး [၁]၊ ဥက္ကဋ္ဌ |
မိခင်အဖွဲ့အစည်း | နိုင်ငံတော် သမ္မတရုံး |
ကောင်စီကို သမ္မတမှ ဖွဲ့စည်းပြီး[၂] အရပ်သားနှင့် တပ်မတော် ကိုယ်စားလှယ်များကို ကောင်စီ အဖွဲ့ဝင်များအဖြစ် သမ္မတမှ ရွေးချယ်သည်။[၂] ကောင်စီကို သမ္မတအား တိုက်ရိုက် အစီရင်ခံရသည့် ဥက္ကဋ္ဌတစ်ဦးမှ ဦးဆောင်သည်။[၂] နေပြည်တော် ကောင်စီသည် ပြည်ထဲရေး ဝန်ကြီးဌာန အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန နှင့် တွဲဖက်ထားပြီး အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အကြီးအကဲသည် နေပြည်တော် ကောင်စီ၏ အတွင်းရေးမှူးလည်း ဖြစ်သည်။[၂]
ကိုးကား
ပြင်ဆင်ရန်- ↑ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ်၊ ၆၇ / ၂၀၂၃ ၁၃၈၅ ခုနှစ်၊ ဒုတိယဝါဆိုလပြည့်ကျော် ၂ ရက် (၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၃ ရက်) နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ခန့်အပ်တာဝန်ပေးခြင်း။ MOI Myanmar (၃ ဩဂုတ်၂၀၂၃)။ ၃ ဩဂုတ်၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ ၂.၀ ၂.၁ ၂.၂ ၂.၃ ၂.၄ Constitution of the Republic of the Union of Myanmar။ Ministry of Information (September 2008)။ 27 June 2015 တွင် ပြန်စစ်ပြီး။