ပုဗ္ဗာရုံ ဆရာတော်သည် ပခန်းကြီးမြို့ကျေး၊ နေရင်းရွာ၌ သက္ကရာဇ် ၁ဝ၆၅ ခုနှစ်တွင် ဖွားတော်မူသည်။ ဘွဲ့တော် ရှင်သာရဒဿီ ဖြစ်သည်။ အရုံဂိုဏ်း တစ်ကျိပ်နှစ်ပါးအဝင် ငမြာရွာဆရာတော် ရှင်ပညာသာရ၏ တပည့်ဖြစ်သည်။ နေရင်း ရွာ၊ ပုဗ္ဗာရုံကျောင်း၌ သီတင်းသုံးတော်မူသည်။ ဤဆရာတော် သည် ဉာာဏ်ပညာကြီးကျယ်နက်နဲလှသည်။ စာပေကျမ်းဂန်တတ် လှသည်။ သက္ကရာဇ် ၁၁၃၅ ခု(၁၁၂၉) နှစ်တွင် ပျံလွန်တော်မူ သည်။ ပြုစုသော ကျမ်းများမှာ၊ (၁) ဂုဠ|တ္ထဝဏ္ဏနာ ဋီကာပါဌ်၊ (၂) စရိယာ ပိဋကတ် အဋ္ဌကထာနိဿယ၊ (၃) ဋီကာဒွါရ နိဿယ၊ (၄) ဓာတုကထာမူလဋီကာနိဿယ၊ (၅) ဓာတုကထာ မူလဋီကာ ယောဇနာပါဌ်၊ (၆) နေတ္ထိပါဠိတော်နိဿယ၊ (၇) သုတ္တနိပါတ်ပါဠိတော်နိဿယ၊ (၈) သုတ်သီလက္ခန် ပါဠိတော် ဂဏ္ဌိ၊ (၉) ဝိသုဒ္ဓိမဂ်အဋ္ဌကထာဂဏ္ဌိတို့ဖြစ်သည်။[၁]

ကိုးကား ပြင်ဆင်ရန်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)