နောက်ဆုံးပိတ်ပွဲ
နောက်ဆုံးပိတ်ပွဲ ကဗျာကို မောင်းထောင်းဦးကျော်လှ ရေးသားခဲ့သည်။ သံချို ကဗျာအမျိုးအစားဖြစ်သည်။
အကြောင်းအရာ
ပြင်ဆင်ရန်သက္ကရာဇ် ၁၂၈၀ တွင် ဖြစ်ပျက်တတ်သော အကြောင်းအရာတို့ကို ကြိုတင်ကာ ရေးဖွဲ့ထားခြင်း ဖြစ်သည်။
နောက်ဆုံးပိတ်ပွဲ
ပြင်ဆင်ရန်သက္ကရာဇ်တွက်စစ်ကာ နောင်ကိုမျှော်တော့၊ တထောင်ကျော်နှစ်ရာဝင်၍၊ ကမ္ဘာတွင် ရှစ်ဆယ်နှစ်ပါဘဲ၊ သည်နှစ်လိုမကြုံဘူး၊ ထူးတဲ့ချိန်သည်အခါ။
မြန်မာပြည်နယ်အတွင်းမှာလ၊ အသင်းတွေတခါစုပြီမို့၊ ကိန်းယခုကြုံလာပြန်၊ ပုန်ကန်မှာတကယ်မဝေး၊ နတ်ထံက ရွံ့လောက်တဲ့၊ မပြတ်ရန်သတ္တံနှင့် မွှန်းပါလိမ့်၊ နယ်အဝှန်းဗလောင်ဆူ၍၊ သူတလူ ငါတမင်းသာပ၊ မာန်ကင်းကာ အသင်းသားတွေနှင့်၊ ဘုရားမှာ ညီလာခံကြတော့၊ အီတာလျံ ဂျာမန်မျိုးငဲ့ပြင်၊ မုဆိုးကျော် စနေဆက်ကယ်တို့၊ ဗျိုင်းဖြူဝိုင်းကူ၍ နှက်မှာကြောင့်၊ ပွဲကြွက်ကြွက်ညာ။
ခေတ်သမယမှာတော့၊ ဖြစ်ရပုံမှန်မပြောချင်ဘု၊ ဆန်ကောတွင် ဆီးဖြူလုံးကဲ့သို့၊ စုရုံ:ကာ ပမာထပ်သော်ကြောင့်၊ မိုးရပ်နေဗြဟ္မာနတ်ကယ်တို့၊ သည်ကပ်ကို ဘယ်လိုလုပ်ရပါ့၊ ခေါင်းကုတ်လို့မှိုင်ကာနေ၊ ကံခေတဲ့ခေတ်ဟောင်း၊ ကမ္ဘာ့ပြောင်းတောင်မှ၊ ထုံးဟောင်းမကြေချင်လို့၊ ဖြစ်ချင်လျှင် ဘာမဝေးဘု၊ ရွှေတိဂုံ ဟံသာကျေးမှာလ၊ လောဟိတံချောင်းရေပြေးပါလိမ့်၊ တိတ်တဘောင်၊ နိမိတ်ရှေးရယ်က၊ ကြွေးကြော်၍လာ၊ ဖြစ်ပါမည်မလွဲ။
သို့ကတဲသာပ၊ စိတ်စွဲကာပဉ္စသီနှင့်၊ အဋ္ဌင်္ဂီသီလထူးတို့ကို၊ ဆည်းပူးကာကိုယ်၌မြဲသူတို့၊ ကပ်ထဲမှာ ချမ်းသာရပါလိမ့်၊ ရွာမောင်းထောင်ဆရာလှရယ်က၊ စနစ်စုံ ဖြစ်ပုံပြလိုက်တော့၊ ပါပဆို လူတကွဲငယ်တို့၊ မကြာခင် ပါဝင်မည့်ပွဲပါဘဲ၊ ရှေးလင်္ကာစာဆိုနှင့်မလွဲပေဘု၊ ကြယ်သောကြာ စနေနှင့် တွဲသော်ကြောင့်၊ သုတဝေရီရီပ၊ ရန်စီစီမှန်မလွဲပေဘု၊ နှိုးဆော်ခါ မိုးပေါ်က ကြဲပါလိမ့်မကွယ်၊ နောက်ပိတ်ဆုံးပွဲ။
ခက်ဆစ်
ပြင်ဆင်ရန်၁။ သတ္တံ = သတ္တန္တရ၊ လက်နက်ဘေး။
၂။ လောဟိတံ = သွေး။
၃။ တိတ် = အတိတ်၊ ရှေ့ဖြစ်မည့် အကြောင်းကို ကြိုတင်နိမိတ်ပြခြင်း။
၄။ တဘောင် = ကလေး၊ သဘင်သည်၊ သူရူးတို့ သီဆိုသော တေးကဗျာ။
၅။ နိမိတ် = ရှေ့ဖြစ်မည့်အရာကို စွဲ၍ အရိပ်ပြခြင်း။
၆။ အဋ္ဌင်္ဂီသီလ = ရှစ်ပါးသီလ။
မှတ်ချက်
ပြင်ဆင်ရန်ဤကဗျာခေါင်းစဉ်သည် မောင်းထောင်းဦးကျော်လှ ကိုယ်တိုင် ပေးခဲ့ခြင်း မဟုတ်ပါ။ သင့်တော်မည်ထင်သော ခေါင်းစဉ်ကို ပေးထားခြင်း ဖြစ်သည်။ အတွင်းရှိ စာပိုဒ်များတွင် ကာရန်အချိတ်အဆက်များ မပြေသည်များ ရှိသည်။ စာကူးချွတ်ဟန် တူသည်။
ကိုးကား
ပြင်ဆင်ရန်- ↑ မောင်းထောင်းဦးကျော်လှ၏ သံချိုကဗျာပေါင်းချုပ်။ ယဉ်ကျေးမှုဝန်ကြီးဌာန၊ ယဉ်ကျေးမှုဗိမာန်ဌာန။ နိုဝင်ဘာ ၁၉၈၃။