နောက်ပိုးဟူသော ဝေါဟာရစကားသည် မိဘ မောင်ဘွားတို့ ကွယ်ရာနောက်တွင် မိမိအလိုရှိအပ်သောအရာကို သည်ပိုးရွက်ဆောင်၍ ပြုရသောကြောင့် နောက်ပိုးဟူ၍ ဝေါဟာရဖြစ်ခြင်းတစ်ရပ် (ဝါ) တနည်းကား ကုန်များကို ခေါင်းဖြင့်ယူဆောင်လာသော် ရွက်သည်၊ ပခုံးဖြင့် ယူဆောင်လာသော် ထမ်းသည်၊ ကြိုးနှင့်ဘေးသိုင်း၍ ယူဆောင်လာသော် လွယ်သည်၊ ကြိုးဖြင့်နောက်သိုင်း၍ ယူဆောင်လာသော် ပိုးသည်။ ဤကဲ့သို့ စကားပရိယာယ်များ ရှိပါသောကြောင့် ကုန်တစ်ခုကို ကျောဖြင့်နောက်ကပိုးသည် ရှိသော် ရှေ့ကမြင်နိုင်ခဲသောကြောင့် နောက်ပိုးဟူ၍ ဝေါဟာရဖြစ်ခြင်း တို့ဖြစ်သည်။

အမျိုးအစား ပြင်ဆင်ရန်

နောက်ပိုးဟူသည် အကျဉ်းအားဖြင့် သုံးပါး၊ အကျယ်အားဖြင့် ဆယ်ပါး ရှိသည်။

အကျဉ်း သုံးပါး ပြင်ဆင်ရန်

  1. ဘုန်းကြီးပိုး
  2. မင်းပိုး
  3. ဆင်းရဲသားပိုး ဟူ၍ ဖြစ်သည်။

အကျယ် ဆယ်ပါး ပြင်ဆင်ရန်

  1. ဘုန်းကြီးပိုး
  2. မင်းပိုး
  3. သမာဓိပိုး
  4. ကော်မတီပိုး
  5. အကျိုးတော်ဆောင်ပိုး
  6. ဝတ်လုံတော်ရပိုး
  7. အမိန့်တော်ရပိုး
  8. ကြက်သရေဆောင်ပိုး
  9. အမှုထမ်းကောင်းပိုး
  10. သူရဲကောင်းပိုး ဟူ၍ ဖြစ်သည်။[၁]

ကိုးကား ပြင်ဆင်ရန်

  1. ဦးလတ် ရေး စပယ်ပင် ဝတ္ထု(၁၉၆၂-ခု)