မြန်မာ့သမိုင်းတွင် ထင်ရှားလှသည့် တိုက်ပွဲဖြစ်သည်။ တောင်ငူဘုရင် တပင်ရွှေထီးသည် ဟံသာဝတီကို ၃ ကြိမ်မြှောက်လုပ်ကြံပြီး သိမ်းယူရာတွင် မခုခံနိုင်တော့သည့် မွန်မင်း သုရှင်တကာရွတ်ပိသည် မိမိနောက်လိုက်နောက်ပါများကို ခေါ်ဆောင်ပြီး ရေတပ်ဖြင့် မိမိယောက်ဖပြည်စားရှိရာ ပြည်သို့အမြန်ပြေးလေသည်။ သို့သော် ကုန်းမှလိုက်သည့် မွန်ကြည်းတပ်မှာ ရေတပ်ကဲ့သို့ မြန်မြန်မချီတက်နိုင်ပေ။ နောင်ရိုးအရပ်ရောက်လျှင် ချောင်းကိုကူးပြီး တပ်ချ ရပ်နားလေသည်။ ထိုသို့ရပ်နားစဉ်တွင် နောက်မှလိုက်လာသည့် ကျော်ထင်နော်ရထာ(ဘုရင့်နောင်)ဦးစီးသည့် တောင်ငူတပ်များမှီလာပြီး ချောင်းကို ဖြတ်ကူးကာ တောင်ငူ-ဟံသာဝတီ နှစ်ဖက်ပြင်းထန်စွာတိုက်ခိုက်ကြသည်။

နောင်ရိုးတိုက်ပွဲ
အင်းဝ-ဟံသာဝတီ အနှစ်လေးဆယ်စစ်၏ တစ်စိတ်တစ်ပိုင်း
Battle of Naungyo.png
ဟံသာဝတီ(မွန်)တပ်များ ဆုတ်ခွါရာ လမ်းကြောင်းပြ မြေပုံ
ရက်စွဲနိုဝင်ဘာလ/ ဒီဇင်ဘာလ ၁၅၃၈ ခု
နေရာနောင်ရိုးဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ
ဟံသာဝတီ(မွန်) ဘုရင့်နိုင်ငံတော်[၁]
ရလဒ် တောင်ငူ ဘုရင်တပ်များ အနိုင်ရ
စစ်ရင်ဆိုင်သည့် နိုင်ငံများ
တောင်ငူ ဘုရင်တပ်များ ဟံသာဝတီ မွန်ဘုရင်တပ်များ
တပ်မှူးများနှင့် ခေါင်းဆောင်များ
ဘုရင့်နောင်[၂]
ထောမှိုင်းရဲ
ဘယသင်္ကြန်
ဗညားဒလ(မွန်စစ်သူကြီး)[၂]
မင်းရဲအောင်နိုင် 
စစ်အင်အား
၁၀၀၀၀[၃]
မြင်း ၅၀၀
ဆင် ၅၀
၈၀၀၀၀[၃]
မြင်း ၈၀၀
ဆင် ၂၀၀

နောင်ရိုးအရပ်သို့ရောက်လျှင် တစ်ဖက်ကမ်းရှိ ရန်သူတပ်၏အင်အားကိုစုံစမ်းစေရာ မွန်တပ်အင်အားမှာ မိမိတပ်ထက်ထက် ကြီးသည်ကို ကျော်ထင်နော်ရထာ သိရလေသည်။ ထိုအခါ နောက်ပါ အမှူးအမတ်တို့က မင်းတရားရွှေထီးတပ် ရောက်သည်အထိစောင့်ပြီး မှ တိုက်သင့်ကြောင်း၊ မိမိတို့၏ လက်ရှိအင်အားဖြင့်တိုက်လျှင် နိုင်ရန်မလွယ်ကူကြောင်းလျှောက်ကြသည်။ ထိုအခါ ကျော်ထင်နော်ရထာက :"စစ်တို့၏သဘောမှာ အင်အားငယ်သည်ကြီးသည်မှာ ပဓာနမဟုတ်၊ သူရသတ္တိနှင့် စစ်ပရိယာယ်သာ ပဓာနဖြစ်သည်" ဟုဆိုကာ ချောင်းကိုကူးရန်စီစဉ်စေသည်။

ထိုစဉ် နောက်မှ တပင်ရွှေထီး၏ မြင်းသည်တော်များရောက်လာပြီး

"ငါမရောက်သမျှ စစ်ကိုမတိုက်နှင့်၊ စောင့်လင့်ဦး၊ ငါကိုယ်တော်တိုင် ရန်သူတို့ကိုချေမှုန်းတိုက်ခိုက်တော်မူလိုသည်"ဟု အမိန့်တော်ပါးလိုက်လေသည်။ ထိုအခါ ကျော်ထင်နော်ရထာက "အရှင့်ဘုန်းတော်ကြောင့် ရန်သူတို့ကို အောင်မြင်ပြီး လေပြီ" ဟုပြန်လည်လျှောက်တင်စေသည်။

ထိုနောက် ချောင်းတစ်ဖက်ကမ်းသို့ကူးပြီး ရောက်လျှင် ဖောင်များအားလုံးကိုဖျက်စေသည်။ ထိုအခါ မှူးမတ်တို့က :"အရှင်သည်..စစ်ကိုမတိုက်ရသေးမှီကပင် အောင်မြင်လေပြီး ဟု မင်းတရားထံလျှောက်စေသည်။ ယခုလည်း ဖောင်ပန်းတို့ကို ဖျက်စေသည်။ အကယ်လို့များ စစ်ရေးမလှဘဲ ရှုံးနှိမ့်လျှင် အားကိုးအားထားပြုပြီး ပြေးရန် ဖောင်များကိုထားစေလိုသည်" ဟု လျှောက်ကြသည်။

ထိုအခါကျော်ထင်နော်ရထာက "ဖောင်တို့ကို မဖျက်လျှင် အနည်းငယ်စစ်ရေးမလှသည်တွေ့လျှင် နောက်သို့ချဉ်းလှည့်ပြေးရန် စဉ်းစားကြလိမ့်မည်။ ဖောင်တို့ကိုဖျက်မှသာ ရှေ့မှရန်သူကို နောက်မှရေဘေးဟူသောအသိဖြင့် ယတိပြတ်အနိုင်တိုက်ရန် စိတ်ရှိကြမည်။ မင်းတရားကြီးထံ လျှောက်စေသည်မှာလည်း စစ်ကိုအနိုင်တိုက်ရန်ဖြစ်ပြီး ရှုံးပြီး သေကြလျှင် အပြစ်တင်ရန် မတတ်နိုင်တော့။ သေသောသူကို အဘယ်သို့ အပြစ်တင်နိုင်မည်နည်း" ဟုဆိုကာ ဖျက်စေပြီး စစ်ကိုတိုက်စေသည်။

ကျော်ထင်နော်ရထာသည် တိုက်ခိုက်ရန်အတွက် ဒွိဇာဓိပဗျူဟာဖြင့်တိုက်ရန်ဆုံးဖြတ်သည်။

  • ထောမှိုင်းရဲကို ဆင်၁၅၊ မြင်း၂၀ဝ၊ စစ်သည် ၃၀ဝ၀ဖြင့် ညာတောင်ပံ။
  • ဘယသင်္ကြန်ကို ဆင်၁၅၊ မြင်း၂၀ဝ၊ စစ်သည် ၃၀ဝ၀ဖြင့် ဘယ်တောင်ပံ။
  • မိမိကိုယ်တိုင်ကမူ ဆင် ၂၀၊ မြင်း ၁၀ဝ၊ စစ်သည် ၄၀ဝ၀ ဖြင့်အလယ်ကြောင်းမှ တိုက်သည်။

တိုက်ပွဲစသည်နှင့် တောင်ငူတပ်သည်မွန်တပ်တို့ကို တဟုန်ထိုးတိုက်ခိုက်သည်။ အထင်သေးကာ ပေါ့လျော့နေသည့် မွန်တပ်ကြီးမှာ အမှန်တကယ် ရင်ဆိုင်ရာတွင် တောင်ငူတပ်၏ ရွပ်ရွပ်ချွံချွံတိုက်ခိုက်မှုကို ခံရသဖြင့် အပျက်အစီးများလေသည်။ ဗညားဒလ ဆင်ပေါ်မှဆင်းကာ မြင်းဖြင့် ပြည်သို့ပြေးရသည်။ ကျန် စစ်သူကြီး မင်းရဲအောင်နိုင်မှာ ဆင်ထက်မှာပင် ကျဆုံးသည်။ နောက်တစ်ရက် တပင်ရွှေထီးရောက်သော် ဖမ်းဆီးမိသည့် ဆင်မြင်းလူသုံ့ပန်းအများကို ဆက်သရာ ကျေနပ်လွန်းလှသဖြင့် ဘုရင့်နောင် ဟူသောဘွဲ့ကိုပေးပြီး လှိုင်မြို့ကိုထပ်တိုးစားစေသည်။

  1. ကိုးကား အမှား - Invalid <ref> tag; no text was provided for refs named mt
  2. ၂.၀ ၂.၁ Hmannan Vol. 2 2003: 188–192
  3. ၃.၀ ၃.၁ (Hmannan Vol. 2 2003: 188–192) states an order of magnitude higher, and also likely exaggerates the Mon strength.