မိုက်ကယ် ဒီ နော်စတာဒေါမတ်စ် (အင်္ဂလိပ်: Michel de Nostredame; ဒီဇင်ဘာ ၁၅၀၃ – ဇူလိုင် ၁၅၆၆[၁]) သည် ပြင်သစ်လူမျိုး နတ္ခတ္တပညာရှင်နှင့် ဆရာဝန်တစ်ဦး ဖြစ်သည်။ နော်စတာဒါမတ်စ်ကို ပြင်သစ်နိုင်ငံ စိန့်ရီမိနယ်တွင် ၁၅၀၃ ခုနှစ်၌ မွေးဖွားခဲ့သည်။ ဖခင်ဖြစ်သူမှာ နိုတြီဖြစ်သည်။ ဝိဇ္ဇာပညာများကို အဗွီနန်တွင် လေ့လာခဲ့ပြီး မောင့်ဝယ်ရီယာတက္တသိုလ်တွင် ဒဿနိကဗေဒ၊ ဆေးပညာနှင့် နက္ခတ္တဗေဒတို့ကို ဆည်းပူးခဲ့သည်။ ၁၅၂၉ တွင် ဆရာဝန်ဖြစ်လာသည်။ ထိုအချိန်တွင် ဥရောပတစ်ခွင်လုံးတွင် ပလိပ်ကပ်ရောဂါဘေးဆိုးကြီး ကျရောက်ခဲ့သည်။ ပလိပ်ရောဂါကို အောင်အောင်မြင်မြင် ကုသပေးနိုင်သောကြောင့် ကျော်ကြားလူသိများသည့်ဆရာဝန်ဖြစ်လာခဲ့သည်။[၂]

ကိုးကား ပြင်ဆင်ရန်

  1. Happy birthday, Nostradamus: He knew we'd say that (9 January 2004)။ 2023-03-26 တွင် ပြန်စစ်ပြီး။
  2. အောင်သန်းချစ် (မြန်မာပြန်) (၁၉၉၅)။ နော်စတာဒါမတ်စ်၊ ကမ္ဘာကိုကိုင်လှုပ်သောဟောကိန်းများ (ပထမအကြိမ် ed.)။ နေရီဦးစာအုပ်တိုက်။