နော်ဘူဘောဆုတောင်းတောင် သည် ကရင်ပြည်နယ်၏ အထင်ကရနေရာတစ်ခုဖြစ်ပြီး သံတောင်ကြီးမြို့တွင် တည်ရှိသည်။[၂][၃]

နော်ဘူဘောဆုတောင်းတောင်
အမြင့်ဆုံးအမှတ်
ကိုဩဒိနိတ်19°04′27″N 96°40′52″E / 19.0742891°N 96.6810879°E / 19.0742891; 96.6810879ကိုဩဒိနိတ်: 19°04′27″N 96°40′52″E / 19.0742891°N 96.6810879°E / 19.0742891; 96.6810879[၁]
ပထဝီဝင်
နော်ဘူဘောဆုတောင်းတောင် သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
နော်ဘူဘောဆုတောင်းတောင်
နော်ဘူဘောဆုတောင်းတောင်
မြန်မာနိုင်ငံရှိ တည်နေရာ
တည်နေရာကရင်ပြည်နယ်မြန်မာနိုင်ငံ
တောင်တက်ခြင်း
ပထမဆုံး တက်ရောက်ခြင်းမသိရှိရ

အသွင်အပြင် ပြင်ဆင်ရန်

နော်ဘူဘောတောင်သည် ကရင်ပြည်နယ်၏ အမြင့်ဆုံးတောင်များထဲတွင် ပါဝင်ပြီး တောင်ပေါ်မှ လတ်ဆတ်သော‌လေကို ရှူရှိုက်ရင်း သဘာဝပတ်ဝန်းကျင်အလှအပရှုခင်းများကို ခံစားနိုင်သည်။ ပင်လယ်ရေမျက်နှာပြင်အထက် ၄၈၂၄ ပေအမြင့်တွင် တည်ရှိသည်။ တောင်ပေါ်သို့ တက်ရောက်ရာတွင် လှေကားထစ်ပေါင်း ၃၇၄ ထစ်ကို တက်ရသည်။

နော်ဘူဘောင်တောင်သို့ လာရောက်ကြသည့် ခရီးသွားများသည် အမျိုးမျိုးသော တောင်းဆုများကို ပြုကြသည်။[၂][၃]

တောင်၏ အမည် ပြင်ဆင်ရန်

တောင်၏ အမည်မှာ ဒဏ္ဍာရီထဲမှ ကရင်တိုင်းရင်းသူ "နော်ဘူဘော" ဟု အမည်ကို အစွဲပြု၍ ခေါ်ရာမှ ဖြစ်ပေါ်လာသည်။ တောင်ပေါ်သို့ တက်သည့် လှေကားထစ်များအနီးတွင် ဆုတောင်းသည့် အခန်းငယ်များ ရှိသည်။

တောင်ထိပ်ပေါ်တွင် ကရင်တိုင်းရင်းသူလေး နော်ဘူဘော၏ ကျောက်ဖြစ်ရုပ်ကြွင်းများ၊ နော်ဘူဘောအား တရားစီရင်ခဲ့သည့်နေရာ၊ နေဘူဘောရေချိုးဆိပ်စသည့် နေရာများကိုလည်း လေ့လာကြည့်ရှုနိုင်သည်။[၂][၃]

လမ်းပန်းဆက်သွယ်ရေး ပြင်ဆင်ရန်

တောင်ငူမှ သံတောင်ကြီးမြို့သို့ ၂၈ မိုင်ခရီး သွားရ၏။ ထိုသို့ သွားရောက်ရာတွင် ၁၃ မိုင်မှ စတင်ကာ တောင်တက်ခရီး ဖြစ်သည်။ တောင်ပေါ်သို့ ခြေလျင်ခရီး ၄ မိုင် တက်ရသည်။ တောင်ခြေတွင် ယာဉ်များရပ်နားရန်နေရာ ရှိသည်။[၂][၃]

ဝန်ဆောင်မှုများ ပြင်ဆင်ရန်

ခရီးသွားများအတွက် ညအချိန်တည်းခိုရန်အတွက် ၁၅၀၀ ကျပ်သာ ကုန်ကျသည်။ ထမင်းတစ်နပ်အတွက် ၂၀၀၀ ကျပ် ကုန်ကျသည်။ နိုင်ငံခြားခရီးသွားများအနေနှင့်မူ သံတောင်ကြီးမြို့တွင်သာ တည်းခို၍ နော်ဘူဘောတောင်သို့ လာရောက်လည်ပတ်ကြသည်။[၂][၃]

ကိုးကား ပြင်ဆင်ရန်