နေးလ် ရောဘတ်ဆန် (အင်္ဂလိပ်: Neil Robertson) သည် ဩစတေးလျလူမျိုး အဆင့်မြင့်စနူကာ ကစားသမားဖြစ်သည်။ ထိပ်တန်းအဆင့်များ၌ ပထမဆုံးအောင်မြင်မှုအဖြစ် ၂၀၀၆-၀၇ ရာသီ၌ စတင်ခဲ့ပြီး ၂၀၁၀ တွင် ကမ္ဘာ့ချန်ပီယံကို ရရှိခဲ့သည်။ ထိုနှစ်ထဲတွင်ပင် ကမ္ဘာ့အဆင့် (၁) ကိုလည်းရရှိခဲ့ကာ ၂၀၁၃နှင့် ၂၀၁၄ တို့တွင်လည်း ကမ္ဘာ့အဆင့် (၁) ဖြစ်ခဲ့သည်။ ၂၀၁၉ ၌ ချန်ပီယံတို့၏ ချန်ပီယံပြိုင်ပွဲအား ဒုတိယမြောက် အောင်ပွဲရရှိခဲ့သည်။

နေးလ် ရောဘတ်ဆန်
ဂျာမန်မာစတာ ၂၀၁၅ တွင် တွေ့ရစဉ်
မွေးဖွား (1982-02-11) ၁၁ ဖေဖော်ဝါရီ၊ ၁၉၈၂ (အသက် ၄၂)
Melbourne, Victoria, Australia
ကိုယ်စားပြု နိုင်ငံ ဩစတြေးလျ
အမည်ပြောင်The Thunder from Down Under
The Melbourne Machine
သက်မွေးဝမ်းကျောင်း
(အဆင့်မြင့်)
1998/1999, 2000–2002, 2003–
အမြင့်ဆုံး အဆင့်အဆင့် (၁) (၂၀၁၀ စက်တင်ဘာ–ဒီဇင်ဘာ၊ ၂၀၁၃ ဇွန်– ၂၀၁၄ မေ၊ ၂၀၁၄ ဂျူလိုင်–ဩဂုတ်၊ ၂၀၁၄ ဒီဇင်ဘာ– ၂၀၁၅ ဇန်နဝါရီ)
ကစားသမားဘဝ
အောင်မြင်မှုများ
£ 4,935,545
အမြင့်ဆုံး
တစ်ချီတည်းအမှတ်ယူနိုင်မှု
၁၄၇(၄ ကြိမ်)[၁]
အမှတ် (၁၀၀) (သို့) အထက်၇၁၁
Tournament wins
အဆင့်သတ်မှတ်ပွဲစဉ်
နိုင်ပွဲ
၁၉
Minor-ranking
အဆင့်မသတ်မှတ်ပွဲစဉ်
နိုင်ပွဲ
ကမ္ဘာ့ချန်ပီယံ၂၀၁၀

ရောဘတ်ဆန်သည် အဆင့်သတ်မှတ်ပြိုင်ပွဲတစ်ခုကို အနိုင်ရသော တစ်ဦးတည်းသော ဩစတေးလျသားဖြစ်ကာ ရုပ်သံထုတ်လွှင့်ခဲ့သည် ၎င်း၏ ပထမဆုံး ဗိုလ်လုပွဲ ခြောက်ပွဲတွင် အနိုင်သာရရှိခဲ့သည်။[၂] ၎င်းသည် ကမ္ဘာ့ချန်ပီယံနှင့် ယူကေချန်ပီယံကို အနိုင်ရဖူးသူများအနက် (၁၃) ယောက်မြောက်သူဖြစ်၍ သုံးထပ်ကွမ်းသရဖူ (ကမ္ဘာ၊ ယူကေ၊ မာစတာ) ကို ရဖူးသော ကစားသမား (၁၁) ဦးတွင် ပါဝင်လာခဲ့သည်။ တစ်ချီတည်းအမှတ်များစွာ ထိုးနိုင်စွမ်းရှိ၍ အမှတ်ရာချီရယူနိုင်မှု (၇၀၀) ကျော်ရရှိထားသည်။ ၂၀၁၃-၁၄ ရာသီတွင် 'ရာချီအမှတ်' အကြိမ် (၁၀၀) ရရှိခဲ့သဖြင့် တစ်ရာသီတည်း၌ အမှတ်ရာချီရယူနိုင်သူ တစ်ဦးတည်းသော ကစားသမားလည်း ဖြစ်ပေသည်။

ဤကစားနည်းသမိုင်းတွင် ယူကေနိုင်ငံပြင်ပက အအောင်မြင်ဆုံး ကစားသမားဖြစ်၏ ။[၃] ဘယ်လက်ဖြင့် ကစားသည်။[၄]

ကိုးကား ပြင်ဆင်ရန်

  1. Official 147s – World Snooker။ 8 May 2018 တွင် ပြန်စစ်ပြီး။
  2. Neil Robertson – Australian Snooker Professional။ Hunter Online။ 23 January 2012 တွင် ပြန်စစ်ပြီး။
  3. တမ်းပလိတ်:World Snooker
  4. Australian Snooker Professional။ Neil Robertson (11 February 1982)။ 1 May 2014 တွင် ပြန်စစ်ပြီး။