နွယ်အေးဗလီ
နွယ်အေး ဆွန္နီဂျာမေဗလီ သည် ရန်ကုန်တိုင်း၊ ဒေါပုံမြို့၊ သီတာနွယ်လမ်းရှိ အစ္စလာမ်ဘာသာရေးအဆောက်အဦ ဖြစ်သည်။
နွယ်အေး ဆွန္နီဂျာမေဗလီ | |
---|---|
အချက်အလက်များ | |
ကိုဩဒိနိတ် | 16°47′52″N 96°11′32″E / 16.7976887°N 96.1923508°E |
Sect | ဆွန္နီ |
မျူနယ်စီပယ် | ဒေါပုံ |
ပြည်နယ် | ရန်ကုန် |
နိုင်ငံ | မြန်မာ |
ပရဟိတလှုပ်ရှားမှုများ
ပြင်ဆင်ရန်ကိုဗစ်-၁၉ ရောဂါဖြင့် ရောဂါထိန်းချုပ်ရေးစင်တာတို့တွင် နေထိုင်ရသူများအား ၂၀၂၀ ပြည့်၊ စက်တင်ဘာမှစ၍ တနေ့ (သုံးနပ်) စာ စားစရာများကို လူ ၁၆၀၀ အတွက် နေ့စဉ် ပို့ပေးသည်မှာ ၂၀၂၁ အာဏာသိမ်းမှု မဖြစ်ခင်အထိပင်။ [၁] ဈေးများ ဆိုင်များ ပိတ်သဖြင့်၎င်း၊ ကောလာဟလများကြောင့် ဈေးနှုန်းမတည်ငြိမ်သဖြင့်၎င်း စားဝတ်နေရေးခက်ခဲသည့် ဒေသခံတို့ကို အခြေခံစားသောက်ကုန်များအား ဈေးလျှော့ရောင်းချခြင်းလည်း လုပ်သည်။ [၂][၃] အခြေတကျရောင်းဝယ်ရန် မလွယ်ကူခြင်း၊ ဝယ်လိုအားလိုက်ခြင်း၊ အလွယ်တကူရရန် ခက်ခဲခြင်းတို့ကြောင့် ဈေးနှုန်းတက်နေသော တကိုယ်ရေသုံး ဆေးဘက်ဆိုင်ရာ ကိရိယာများ၊ ဆေးဝါးများကိုလည်း အမှန်တကယ်ကျသင့်သောဈေးနှုန်းဖြင့် ရောင်းချပေးခဲ့၏။ ၂၀၂၁ ခု နှစ်လယ်တွင် ရုတ်တရက်မြင့်တက်လာသော ကူးစက်နှုန်းတို့ကြောင့် လိုအပ်လာသော အောက်ဆီဂျင်အတွက်လည်း အောက်ဆီဂျင်အိုးဖြည့်လုပ်ငန်းကို ဝင်ရောက်ဆောင်ရွက်သည်။ [၄]
ကိုးကား
ပြင်ဆင်ရန်- ↑ "ကွာရန်တင်းဝင်နေသူများကို နွယ်အေးစွန္နီဂျာမေဗလီက အစားအသောက်များ လှူဒါန်း". DVB Burmese. 2020-12-12.
- ↑ "စစ်တပ်က ပိတ်ပင်လည်း "ပြည်သူ့ထံမှ ပြည်သူ့ဆီသို့" ဆက်လက်ရှင်သန်". Irrawaddy Burma. 2021-08-10.
- ↑ "Abandoned by Junta, Myanmar People Forced to Rely on Each Other". Irrawaddy. 2021-08-06.
- ↑ ခင်မောင်စိုး. "ကိုဗစ်လူနာတွေ အောက်ဆီဂျင်ကို ခက်ခဲစွာ လိုက်လံရှာဖွေနေရ". RFA Burmese. 2021-07-21. "... ကိုယ့်ဘာသာတန်းစီတဲ့သူကျတော့ နွယ်အေး တို့ တောင်ဒဂုံတို့ အဲဒီမှာ သွားတန်းစီ ..."