နှစ်သောင်းကျပ်တန် ငွေစက္ကူ
မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ နှစ်သောင်းကျပ်တန် ငွေစက္ကူအသစ်ကို ၂၀၂၃ခုနှစ် ဇူလိုင်လ ၂၃ရက်နေ့ အစိုးရ၏ ကြေညာချက်အရ ထိုခုနှစ် ဇူလိုင်လ ၃၁ ရက်နေ့တွင် ထုတ်ဝေမည် ဖြစ်သည်။[၁]
နှစ်သောင်းကျပ်တန် ငွေစက္ကူ | |
---|---|
ကျပ် | |
ဖိုင်:20000kyatf.jpg ၂၀၀၀၀ ကျပ် (၂၀၂၃) | |
ISO 4217 | |
ကုဒ် | MMK |
ယူနစ် ပိုင်းခြားသတ်မှတ်ပုံ | |
ငွေကြေးသင်္ကေတ | K |
ငွေစက္ကူများ | 50 pyas, K1, K5, K10, K20, K50, K100, K200, K500, K1000, K5000, K10,000, K20,000 |
လူမှုပထဝီ | |
အသုံးပြုသူ(များ) | မြန်မာ |
ထုတ်ဝေခြင်း | |
ဗဟိုဘဏ် | မြန်မာနိုင်ငံတော်ဗဟိုဘဏ် |
ဝဘ်ဆိုဒ် | cbm.gov.mm |
ကျပ်ငွေ နှစ်သောင်းတန်အသစ်အား နေပြည်တော်တွင် တည်ထားသည့် မာရဝိဇယရုပ်ပွားတော် ပြီးစီးသည့် အထိမ်းအမှတ်နှင့် ဆင်ဖြူတော် ရဋ္ဌနန္ဒက၏ တစ်နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ်အဖြစ် အရေအတွက် အကန့်အသတ်ဖြင့်သာ ထုတ် ဝေမည်ဖြစ်ပြီး ဟောင်းနွမ်းငွေစက္ကူများကို အစားထိုးလဲလှယ်ပေးခြင်းတွင် အမှတ်တရ အနေဖြင့် ထည့်သွင်းလဲလှယ်ပေးမည်ဖြစ်ကြောင်းနှင့် လူတစ်ဦးလျှင် နှစ်သောင်းကျပ် တန် ငွေစက္ကူသုံးရွက်ခန့်သာ လဲလှယ်နိုင်မည်ဟု ဆိုသည်။[၂] [၃] [၄]
အစိမ်းနုရောင် ထို ကျပ်ငွေနှစ်သောင်းတန်အသစ်၏ အရှေ့ဘက်တွင် ရဋ္ဌနန္ဒက ဆင်ဖြူတော်ပုံ ရိုက်နှိပ်ထားပြီး အနောက်ဘက်တွင် စစ်ကိုင်းနှင့် ဧရာဝတီတံတားပုံများ ရိုက်နှိပ်ထားသည်။[၅]
ကိုးကား
ပြင်ဆင်ရန်- ↑ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ "နှစ်သောင်းကျပ်တန်" ငွေစက္ကူအမျိုးအစားသစ်ကို ဇူလိုင်လ ၃၁ ရက်နေ့မှစ၍ ထုတ်ဝေမည်။ Myanmar Digital News (၂၄ ဇူလိုင် ၂၀၂၃)။ ၂၄ ဇူလိုင် ၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ ၂၀၀၀၀ ကျပ်တန် ငွေစက္ကူအသစ် စစ်ကောင်စီထုတ်ဝေ။ DVB Burmese (၂၃ ဇူလိုင် ၂၀၂၃)။ ၂၄ ဇူလိုင် ၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ နှစ်သောင်းကျပ်တန် ငွေစက္ကူသစ် ထုတ်ဝေမယ်လို့ စစ်ကောင်စီကြေညာ။ VOA Burmese (၂၃ ဇူလိုင် ၂၀၂၃)။ ၂၄ ဇူလိုင် ၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ ကျပ်နှစ်သောင်းတန် ငွေစက္ကူကို အကန့်အသတ်ဖြင့်သာ ထုတ်ဝေမည်ဖြစ်ပြီး ငွေစက္ကူအဟောင်းအား အစားထိုးလဲလှယ်ပေးခြင်းဖြစ်၍ ငွေကြေးဖောင်းပွမှု မဖြစ်နိုင်ဟုဆို။ Eleven Media (၂၄ ဇူလိုင် ၂၀၂၃)။ ၂၄ ဇူလိုင် ၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ စစ်ကောင်စီက နှစ်သောင်းကျပ်တန် ငွေစက္ကူထုတ်ဝေမည်။ RFA Burmese (၂၂ ဇူလိုင် ၂၀၂၃)။ ၂၄ ဇူလိုင် ၂၀၂၃ တွင် ပြန်စစ်ပြီး။