နှမလက်လျှော့နေလေတော့

ပိုဒ်စုံရတု အမျိုးအစား ကဗျာတစ်ပုဒ်

နှမလက်လျှော့နေလေတော့ ကို ရှင်မဟာရဋ္ဌသာရ ရေးဖွဲ့ခဲ့သည်။ ကဗျာအမျိုးအစားမှာ ပိုဒ်စုံရတု ဖြစ်သည်။[]

အရေးအသား

ပြင်ဆင်ရန်

ရှင်မဟာရဋ္ဌသာရသည် ကိုရင်ဘဝတွင် ချစ်သူရည်းစား ရှိ၏။ ပညာပြည့်စုံပါက အိမ်ရာထူထောင်ရန် ရည်ရွယ်ထား၏။ သို့ပါသော်လည်း ဆရာဖြစ်သူက လောကီတွင်နေခြင်းထက် လောကုတ္တရာတွင် နေခြင်းသည် ပို၍မြတ်ကြောင်း၊ စာတော်သူတစ်ဦးဖြစ်သည့်အတွက် လောကုတ္တရာတွင် နေထိုင်ပါက ပို၍ အကျိုးရှိပြီး သာသနာအကျိုးကို သယ်ပိုးရာတွင် ပို၍ ကောင်းမည်ဖြစ်ကြောင်း ပြောပြဆုံးမ၏။ ရှင်မဟာဋ္ဌသာရလည်း ဆရာ့စကားနားထောင်ကာ ရဟန်းအဖြစ်နှင့် နေထိုင်မည်ဖြစ်ကြောင်း ပြော၏။ ချစ်သူအား မိမိကို မမျှော်လင့်တော့ရန် နှမလက်လျှော့နေလေတော့ ပျို့ ကို ရေးသားခဲ့သည်။[]

နှမလက်လျှော့နေလေတော့

ပြင်ဆင်ရန်

၁။ ပုရေနိသင်၊ ဆက်တိုင်းကြင်၍၊ အိမ်ရှင်အစစ်၊ ငယ်ကျွမ်းချစ်နှင့်၊ ထပ်ရစ်လက်သင်၊ ထုံးစတွင်၌၊ သွေးငင်ကြမ္မာ၊ ဝါသနာကြောင့်၊ ဆရာမိဘ၊ ကွပ်ဆုံးမလည်း၊ ချစ်စထုံးနှောင်၊ ပျော်ရအောင်ဟု၊ သန်းခေါင်မဟူ၊ အတူယှဉ်တွဲ၊ သန်လွှဲမခန့်၊ ကိုယ်သက်စွန့်၍၊ ဝေးဓွန့်ခရီး၊ ချုံကြီးတောအုံ၊ ဝါးရုံဝါးထွေး၊ သစ်ကျားဘေးကို၊ မတွေးဆံဖျား၊ မလေးစားတည့်၊ တရားသံဝေ၊ အောက်မေ့ချေသော်၊ ကြေးငွေဂဟေ၊ မစပ်လေသို့၊ စာပေတတ်ပွန်၊ သီလက္ခန်နှင့်၊ ကျမ်းဂန်သိမြောက်၊ ပဉ္ဇင်းရောက်က၊ ထပ်လောက်ကျင့်ဖွယ်၊ ရှေးသောနှယ်ကို၊ အဘယ်ကြိုးစားရှာလေတော့မည်


၂။ လူမြေထိတွင်၊ ဘက်မမြင်သား၊ သန့်စင်ငယ်က၊ လက်တော်လှနှင့်၊ ချိန်းချစေ့ရေး၊ မှာစာခွေကို၊ စသေလိပ်ပြီး၊ ခင်းနှီးကွတ်ကျယ်၊ ပြောင်မျိုးခြယ်၍၊ ဆင်စွယ်ဝန်းယှက်၊ မွေးမက်ရက်သည်၊ အသက်တို့က၊ ဆက်လှာရလည်း၊ မူလသိက္ခာ၊ ဆုံးမစာနှင့်၊ ငါးဖြာဝိနည်း၊ စောင့်စည်းပညတ်၊ အပ်ထတသွား၊ ဆံတဖျားမျှ၊ မမှားအာရုံ၊ ကာမဘုံကို၊ မမြုံရချေ၊ သေငယ်သေစွ၊ ကမ္ပလွေရင်ပိုက်၊၊ တကိုက်လည်းကျွတ်၊ စာလက်လွတ်၍၊ ဖြစ်တတ်ဘိသည်၊ သင်္သာရှည်ခဲ့၊ ဖန်လည်ရဟတ်၊ တပတ်ပတ်လျှင်၊ အတနတ္ထဒုက္ခ၊ အနိစ္စလည်း၊ နှလုံးပူစွ၊ ပေးလှူစွန့်ကြ၊ သည်ဘဝတွင်၊ နှမလက်လျှော့ နေလေတော့ဟု၊ ချစ်ပေါ့မကြုံ၊ ညှိုးငယ်ပုံစွ၊ ရှက်ဟုံကြေးကြုပ်၊ ချမင်းတုပ်သို့၊ စိတ်ချုပ်မဖွင့်၊ ပျံလွင်မေတ္တာ၊ ကရုဏာနှင့်၊ တဏှာလောဘ၊ ဒေါသမြှေးထူ၊ ရမ္မက်မြူကို၊ ဘယ်သူနှိုးရှာလေတော့မည်


၃။ ဆုပေသိချင်၊ ငယ်ကျွမ်းဝင်နှင့်၊ သို့ပင်တာရှည်၊ ပျော်ရမည်ဟု၊ ညောင်စည်သများ၊ မြို့ရှေ့ပါးဝယ်၊ ထင်ရှားကျော်ဟိုး၊ ရုက္ခစိုး၌၊ ပုဆိုးကြာညွန့်၊ ပိတ်လျှပ်ကွန့်တို၊ ဖြန့်၍တံ့ငယ်မည်မြွက်ဟ၊ နှုတ်သံမြနှင့်၊ ခက်မတစ်ထောင်၊ ပညောင်စောင့်တတ်၊ ရှင်နတ်မြတ်ကို၊ တိုင်မှတ်သေသေ၊ ပြုမိပေရှင့်၊ မကွေသစ္စာ၊ ဝါသနာကြောင့်၊ ရုပ်ဝါပျိုရွယ်၊ သနားဖွယ်ဘိ၊ ရှေးနှယ်ကြိုးကုပ်၊ ချမင်းတုပ်နှင့်၊ ခွက်မြုပ်ခါညီ၊ နာရီမောင်းချ၊ ဒေသနိမိတ်၊ သက်ကြီးဆိတ်လည်း၊ မမှိတ်မျက်တောင်၊ သည်းခေါင်ဆူလည်၊ ရှိလိမ့်မည်ဟု၊ လွမ်းသည်ထပ်ဆင့်၊ ဖူးချိန်သင့်ကို၊ မျှော်လင့်ခိုးရှာလေတော့သည်[]

  1. ဒေါက်တာမွန်မွန်အောင် (ပို့ချသူ)။ တောင်တွင်းရွှေပြည်ကဗျာနှင့် နှမလက်လျှော့နေလေတော့ကဗျာ လေ့လာချက် (chapter 9,10)။ အဝေးသင်တက္ကသိုလ်။ event occurs at 06:35။ 27 June 2020 တွင် မူရင်း အား မော်ကွန်းတင်ပြီး27 June 2020 တွင် ပြန်စစ်ပြီး
  2. ၂.၀ ၂.၁ သူရိယနေဝန်း (ဇူလိုင်လ ၈ ရက်၊ ၂၀၁၇)