[၁] ဘုရားရှင် ကောသလနိုင်ငံ သာဝတ္ထိမြို့ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် ရဟန်းတို့ တရားခုနှစ်မျိုးကို ဆေးကြောသုတ်သင် အပ်ပြီးသောကြောင့် “နှာတက” မည်၏ဟု ရဟန်းတို့အား ဘုရားရှင် ဟောတော်မူသည့်သုတ်။ [၂]


နှာတကသုတ် သည် မြတ်စွာဘုရားဟောကြားတော်မူခဲ့သည့် သုတ္တန်တစ်ခု ဖြစ်သည်။ ဤသုတ္တန်တွင် မြတ်စွာဘုရားသည် ဆေးကြောသုတ်သင်အပ်သည်၏ အဖြစ်ကြောင့် နှာတကမည်ပုံကို ဟောကြားတော်မူခဲ့သည်။[၃]

နှာတကသုတ် ပြင်ဆင်ရန်

ဆေးကြော သုတ်သင်အပ်သည်၏ အဖြစ်ကြောင့် နှာတက မည်၏။ [၃]

  • ထင်ရှားရှိသော ခန္ဓာငါးပါး၌ အမြင်မှားမှု ‘သက္ကာယဒိဋ္ဌိ’ ကို ဆေးကြောသုတ်သင်အပ်၏။
  • မဝေခွဲနိုင်မှု ‘ဝိစိကိစ္ဆာ’ ကို ဆေးကြောသုတ်သင်အပ်၏။
  • ခွေး နွား စသည်တို့၏ အလေ့အကျင့်ကို အမှန်ဟု မှားသောအားဖြင့် သုံးသပ်မှု ‘သီလဗ္ဗတပရာမာသ” ကို ဆေးကြောသုတ်သင်အပ်၏။
  • စွဲမက်မှု ‘ရာဂ’ ကို ဆေးကြောသုတ်သင်အပ်၏။
  • အမျက်ထွက်မှု ‘ဒေါသ’ ကို ဆေးကြောသုတ်သင်အပ်၏။
  • တွေဝေမှု ‘မောဟ’ ကို ဆေးကြောသုတ်သင်အပ်၏။
  • ထောင်လွှာမှု ‘မာန’ ကို ဆေးကြောသုတ်သင်အပ်၏။ [၃]

ရဟန်းတို့ ဤဆေးကြောသုတ်သင်အပ်သည်၏ အဖြစ်ကြောင့် နှာတကမည်၏ ဟု(မိန့်တော်မူ၏)။[၃]

ကိုးကား ပြင်ဆင်ရန်

  1. -အံ၊၂၊၅၀၉။ အံ၊မြန်၊၂၊၆၃၄။ -အင်္ဂုတ္တရနိကာယ၊ သတ္တကနိပါတ၊ ၉-သမဏဝဂ္ဂ၊ ပဉ္စမသုတ်။
  2. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ
  3. ၃.၀ ၃.၁ ၃.၂ ၃.၃ ဆဋ္ဌသံဂါယနာတင် ပိဋကတ်တော်၊ အင်္ဂုတ္တရနိကာယ်ဝင် သုတ္တန်ပိဋကတ်၊ အင်္ဂုတ္တိုရ်ပါဠိတော် မြန်မာပြန်၊ သတ္တကနိပါတ် မာတိကာ၊ ပဏ္ဏာသ - သုတ်ငါးဆယ်၊ ၉-သမဏဝဂ်၊ ၅- နှာတကသုတ် (တတိယအကြိမ် ed.)။ ရန်ကုန်မြို့၊ ကမ္ဘာအေး၊ သာသနာရေးဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနပုံနှိပ်တိုက်။ ၁၉၉၈။