ပကိဏ်း
ဝိတက္က၊ ဝိစာရ၊ ဝီရိယ၊ ပီတိ၊ ဆန္ဒ၊ အဓိမောက္ခ စသည့်ခြောက်ပါးတို့သည် အလုံးစုံသော စိတ်တို့မယှဉ်၊ အချို့အချို့သော စိတ်တို့၌သာ ယှဉ်သည်ဖြစ်၍ ပကိဏ်းစေတသိက် မည်သည်။
သဗ္ဗစိတ္တက ခုနစ်ပါး ပေါင်းသည်ရှိသော် တစ်ဆယ့်သုံးပါး ဖြစ်၏။ ဤတစ်ဆယ့်သုံးပါးတို့သည် ကောင်း၊ မကောင်း နှစ်ဖက်ရောယှက်ခြင်းကြောင့် ဝိမိဿက မည်ကုန်၏။ စိတ်သည်လည်း ကောင်း၊ မကောင်း နှစ်ဖက်နှင့် ရောယှက်သည်သာ ဖြစ်၏။[၁]
ဝိတက်
ပြင်ဆင်ရန်ဝိတက်ဆိုသည်မှာ စိတ်၏ ထွေထွေပြားပြား အကြံပွားခြင်း ဖြစ်သည်။ သင်္ကပ္ပဟုလည်း ခေါ်၏။ သမ္မာသင်္ကပ္ပ၊ မိစ္ဆာသင်္ကပ္ပဟူ၍ (၂) မျိုး ရှိသည်။[၁]
ဝိစာရ
ပြင်ဆင်ရန်ဝိစာရ ဆိုသည်မှာ အာရုံ၏ စိတ်၏ တရစ်ဝဲဝဲနေခြင်း ဖြစ်သည်။[၁]
ဝီရိယ
ပြင်ဆင်ရန်ဝီရိယ ဆိုသည်မှာ အမှုကိစ္စတို့၌ စိတ်၏ အထအကြွ ပေါ့ပါးခြင်း ဖြစ်သည်။ သမ္မာဝါယာမ၊ မိစ္ဆာဝါယာမ နှစ်ပါးရှိ၏။[၁]
ပီတိ
ပြင်ဆင်ရန်ပီတိ ဆိုသည်မှာ စိတ်၏ နှစ်သက်ခြင်း ဖြစ်သည်။ စိတ်လုံးကြီးထွားခြင်း ဖြစ်သည်။ စိတ်၏ ရွှင်လန်းတက်ကြွ တဟုန်တည်း မြောက်ကြွခြင်း ဖြစ်သည်။[၁]
ဆန္ဒ
ပြင်ဆင်ရန်ဆန္ဒ ဆိုသည်မှာ အလိုရှိခြင်း ဖြစ်သည်။ သွားလိုသည်၊ လာလိုသည်၊ ပြောလိုသည် အစရှိသည်တို့ကို ဆိုလိုသည်။[၁]
အဓိမောက္ခ
ပြင်ဆင်ရန်အဓိမောက္ခ ဆိုသည်မှာ အာရုံ၌ ကျွတ်လွတ်ခြင်း ဖြစ်သည်။ ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ သည်လိုလား ဟိုလိုလားဟူ၍ နှစ်ခွမရှိ၊ အငြိအတွယ်မှ စိတ်၏ ကျွတ်လွတ်ခြင်း ဖြစ်သည်။[၁]
ကိုးကား
ပြင်ဆင်ရန်ဤ ဗုဒ္ဓဘာသာနှင့် သက်ဆိုင်သော ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |