ပင့်ကူလူသား အိမ်ပြန်လာခြင်း (၂၀၁၇ ရုပ်ရှင်)

ကိုလံဘီယာ ရုပ်ရှင်နှင့် မာဘယ်စတူဒီယို တို့ ပူးပေါင်းထုတ်လုပ်သည့် အမေရိကန် လူစွမ်းကောင်း ရ

ပင့်ကူလူသား အိမ်ပြန်လာခြင်း (အင်္ဂလိပ်: Spider-Man: Homecoming) သည် ၂၀၁၇တွင် ထွက်ရှိသော အမေရိကန် လူစွမ်းကောင်းရုပ်ရှင်ဖြစ်ပြီး မာဘယ်ကာတွန်းများမှ ပင့်ကူလူသား ဇာတ်ကောင်ကို အခြေခံထားသည်။ ကိုလံဘီယာ ရုပ်ရှင်နှင့် မာဗယ်လ်စတူဒီယို တို့ ပူးပေါင်းထုတ်လုပ်ပြီး ဆိုနီ ရုပ်ရှင်ထုတ်လုပ်ရေးက ဖြန့်ချိသည်။ ယင်းသည် ဒုတိယအကြိမ်မြောက် ပင့်ကူလူသား အသစ်တဖန် ပြန်လည်မွေးဖွားခြင်း ဖြစ်ပြီး မာဘယ်ရုပ်ရှင် စကြဝဠာ အတွက် ၁၆ ကားမြောက် ရုပ်ရှင်ဖြစ်သည်။ John Watts က ရိုက်ကူးပြီး ဇာတ်ညွှန်းကို Jonathan Goldstein နှင့် John Francis Daley, Watt နှင့် Christopher Ford, Chris McKenna နှင့် Erik Sommers တို့ က ရေးသားခဲ့သည်။ တွမ်ဟော်လန် က ပင့်ကူလူသားအဖြစ် သရုပ်ဆောင်ပြီး၊ Michael Keaton, Jon Favreau, Zendaya, Donald Glover, Tyne Daly, Marisa Tomei, နှင့် Robert Downey Jr တို့လည်း ပါဝင်သရုပ်ဆောင်ထားသည်။ ယခုပင့်ကူလူသားရုပ်ရှင်တွင် ပီတာပါကာသည် ပင့်ကူလူသားဘဝနှင့် ကျောင်းသားဘဝနှစ်ခုကြား ဗျာများပြီး နေထိုင်သွားပုံကို ပြသထားသည်။

Spider-Man: Homecoming
Theatrical release poster
အခြေခံအချက်အလက်
ဒါရိုက်တာJon Watts
ထုတ်လုပ်သူ
စာရေးသူJohn Francis Daley[*]
Jonathan Goldstein[*]
Jon Watts[*]
Christopher Ford[*]
Chris McKenna[*]
Erik Sommers[*]
ဇာတ်ညွှန်း
ဇာတ်လမ်း
  • Jonathan Goldstein
  • John Francis Daley
အခြေခံထားသည်မှာ
သရုပ်ဆောင်
ဂီတမှူးMichael Giacchino
ဓာတ်ပုံSalvatore Totino
တည်းဖြတ်
  • Dan Lebental
  • Debbie Berman
ထုတ်လုပ်ရေး
ကုမ္ပဏီ
ကြာမြင့်ချိန်
၁၃၃ မိနစ်
နိုင်ငံအမေရိကန်ပြည်ထောင်စု
ဘာသာစကားအင်္ဂလိပ်
အမျိုးအစားခွဲခြင်းနှင့် ဖြန့်ဖြူးခြင်း
ဖြန့်ချိသည့်နေ့
  • ဇွန် ၂၈၊ ၂၀၁၇ (၂၀၁၇-၀၆-၂၈) (TCL Chinese Theatre)
  • ဇူလိုင် ၇၊ ၂၀၁၇ (၂၀၁၇-၀၇-၀၇) (United States)
ထုတ်ဝေသူSony Pictures Releasing
ကုန်ကျငွေ$၁၇၅ သန်း[၁]
ရောင်းရငွေ$၃၁၁.၉ သန်း[၁][၂]

ဖေဖော်ဝါရီလ ၂၀၁၅ တွင် မာဘယ်စတူဒီယိုနှင့် ဆိုနီရုပ်ရှင်တို့သည် ပင့်ကူလူသားဇာတ်ရုပ်ကို မျှဝေပိုင်ဆိုင်ရမည်ဟု သဘောတူထားသည်။ ပြီးခဲ့သော ၂၀၁၅ ခုနှစ်၊ ဇွန်လတွင် Holland မှာ အဓိကဇာတ်ဆောင်အဖြစ် သရုပ်ဆောင်ရမည်ဖြစ်ပြီး ဒါရိုက်တာအဖြစ် ရိုက်ကူးပေးရန် Watt ကို ငှားရမ်းခဲ့သည်။ ထို့နောက် Tomi က သရုပ်ဆောင်အဖြစ် ပါဝင်လာပြီး Daley နှင့် Goldstein တို့ကိုလဲ ဇာတ်ညွှန်းအတွက် ထပ်မံငှားရမ်းခဲ့သည်။ ၂၀၁၆ ဧပြီလတွင် ရုပ်ရှင်အမည်ပေးခဲ့ပြီး Downey လည်း သရုပ်ဆောင်အဖြစ် ပါဝင်လာခဲ့သည်။ ရုပ်ရှင်အဓိကအပိုင်းများကို ၂၀၁၆ ခုနှစ်၊ ဇွန်လတွင် Fayette Country ရှိ Pinewood Atlanta စတူဒီယို နှင့် နယူးယောက်မြို့များတွင် စတင်ရိုက်ကူးခဲ့သည်။

ဇာတ်လမ်းအကျဉ်း ပြင်ဆင်ရန်

နယူးယောက်တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲအပြီးတွင် Adrian Toomes နှင့် သူ၏ ကယ်ဆယ်ရေးကုမ္ပဏီမှ မြို့တော်ရှင်းလင်းရေးအတွက် စာချုပ်ချုပ်ထားသော်လဲ တိုနီ၏ အမေရိကန် အပျက်အစီး ထိန်းချုပ်ရေးအဖွဲ့ (U.S. Department of Damage Control D.O.D.C) မှ လက်လွှဲရယူခဲ့သည်။ Toomes သည် သူ၏စီးပွားရေးလုပ်ငန်း ပျက်ခဲ့သော်လည်း သူ၏ဝန်ထမ်းအချို့ကို စည်းရုံးပြီး Chitauri နည်းပညာကို ထိန်းသိမ်းပြီး အဆင့်မြင့်လက်နက်ဆန်းများကို ထုတ်လုပ်ရောင်းချခြင်းများ လုပ်ကိုင်ခဲ့သည်။ ရှစ်နှစ်ခန့်ကြာပြီးနောက် ပီတာပါကာ မှာ Avengers အဖွဲ့ထဲသို့ တိုနီ၏ အကူအညီဖြင့် ပါဝင်ခွင့်ရခဲ့သော်လည်း တိုနီမှ သူ့အား တကယ့်Avenger အစစ်တစ်ယောက်ကဲ့သို့ မဖြစ်နိုင်သေးကြောင်းပြောသဖြင့် သိပ္ပံနှင့် နည်းပညာ အထက်တန်းကျောင်းတွင် ဆက်လက်ကျောင်းတတ်နေရသေးသည်။

ပါကာသည် ကျောင်း၏ Decathlon အဖွဲ့မှ နုတ်ထွက်ပြီး ရာဇဝတ်မှုတိုက်ခိုက်ရေးတွေမှာ အာရုံစိုက်ပြီး အချိန်ပိုပေးခဲ့သည်။ တစ်ညတွင် ပါကာသည် Toomes အဖွဲ့၏ လက်နက်ဆန်းများနှင့် ATM စက်ကို ဓားပြတိုက်ခြင်းမှ ကာကွယ်ခဲ့ပြီး သူ့အိမ်ခန်းထဲသို့ပြန်လာစဉ်တွင် သူ၏ အချစ်ဆုံးသူငယ်ချင်းဖြစ်သော နက်မှ ပါကာမှာ ပင့်ကူလူသားဖြစ်ကြောင်းသိရှိသွားခဲ့သည်။ နောက်တစ်ညမှာလဲ Toomes၏ လက်ထောက်များဖြစ်သော Jackson Brice နှင့် Herman Schultz တို့ ဒေသခံ ရာဇဝတ်သား Aaron Davis နှင့် လက်နက်အရောင်းအဝယ်လုပ်နေတာကို နှောက်ယှက်ခဲ့သည်။ သို့သော် ပါကာမှာ တန်ပြန်တိုက်ခိုက်ခံရပြီး ရေနစ်သေမလိုဖြစ်ရာမှ Stark ပေးထားသော ဝတ်စုံ(ပင်ကူလူသား ဝတ်စုံကို စောင့်ကြည့်နေသော)မှ ကယ်ဆယ်ပေးခဲ့ပြီး တိုနီသည် အန္တရာယ်ရှိသော ရာဇဝတ်မှုများတွင် မပါဝင်ရန် သတိပေးခဲ့သည်။ Toomes မှ Brice ကို မတော်တဆ သတ်မိခဲ့ပြီး Schultz မှာ Toomes ရဲ့ လူယုံလူဆိုးဖြစ်လာခဲ့သည်။

ပါကာနှင့် နက် တို့သည် Brice ကျန်ခဲ့သော လက်နက်ကို လေ့လာနေပြီး စွမ်းအင်တုံးကို ဖယ်ရှားနိုင်ခဲ့သည်။ ပါကာ သည် Schultz တွင် ထောက်လှမ်းရေး ကိရိယာလေး တပ်ပေးလိုက်ပြီး ထိုကိရိယာအားဖြင့် Schultz သည် မေရီလန်းကို သွားနေသည်ကို သိခဲ့သည်။ ထို့နောက် ပါကာသည် Decathlon အဖွဲ့တွင် ပြန်ပါဝင်ပြီး အဖွဲ့နှင့် Washington, D.C ကိုလိုက်သွားခဲ့သည်။ ပါကာနှင့် နက်တို့သည် ပင်ကူလူသားဝတ်စုံမှာ ထောက်လှမ်းရေးကိရိယာကို ဖယ်ရှားခဲ့ပြီး(တိုနီ၏ ထောက်လှမ်းခြင်းမှ ရှောင်ရှားရန်) ပိတ်ထားသောအဆင့်မြင့်နည်းပညာများကိုလဲ အသုံးပြုခွင့် ဖွင့်လိုက်သည်။ ထို့နောက် ပါကာသည် Toomes၏ D.O.D.C ကားများမှ လက်နက်များခိုးယူခြင်းကို ကာကွယ်ရန် ကြိုးစားရာမှ စွမ်းအင်အသုံးလွန်ပြီး ကားထဲတွင်ပိတ်မိခဲ့သည်။ သူ၏ Decathlon ပြိုင်ပွဲလဲ လွတ်သွားခဲ့သည်။ နက်၏ အိတ်ထဲမှ စွမ်းအင်တုံးမှာ စိတ်ချရခြင်းမရှိတာ သိရှိပြီးနောက် သူ့သူငယ်ချင်းတွေရှိရာ ဝါရှင်တန် အထိန်းအမှတ်ကျောက်တိုင်ဆီသို့ လိုက်သွားခဲ့သည်။ သူရောက်သွားချိန်မှာ စွမ်းအင်တုံးမှာ စွမ်းအားများထွက်ပြီး နက်နှင့် သူ့သူငယ်ချင်းများမှာ ဓာတ်လှေကားအတွင်းမှာ ပိတ်မိနေပြီး ဒေသဆိုင်ရာ အာဏာပိုင်များ တားဆီးနေတဲ့ကြားမှ သူ့ငယ်ချင်းများနှင့် သူတစ်ဖက်သတ်ချစ်နေတဲ့ လဇ်တို့ကို ကယ်တင်နိုင်ခဲ့ပါတယ်။ နယူးယောက်သို့ ပြန်ရောက်သောအခါ ပါကာသည် ဒေသခံ ရာဇဝတ်သား Aaron Davis ကိုစည်းရုံးပြီး Toomesရဲ့ ခြေလှမ်းများကို စုံစမ်းခဲ့ပြီး စတမ်ကျွန်း ကူတို့သင်္ဘောပေါ်တွင် လက်နက်ကုန်ကူးမည်ကို သိခဲ့ရသည်။ ပါကာသည် Toomsရဲ့ လက်နက်ဝယ်သူအသစ်ကို ဖမ်းဆီးပေးနိုင်ခဲ့သော်လည်း Toomes မှာ လွတ်မြောက်သွားခဲ့သည်။ ထို့အပြင် Toomesရဲ့ လက်နက်မှ ကူးတို့သင်္ဘောကို မတော်တဆ ထက်ပိုင်းဖျက်ပြီးသား ဖြစ်သွားသည်။ ပါကာမှာ အစွမ်းကုန် ကယ်တင်ရန်ကြိုးစားသော်လဲ မတတ်နိုင်ဖြစ်နေစဉ်တွင် တိုနီမှာ ဝင်ကယ်လိုက်ရသည်။ တိုနီမှာ ပါကာကို စိတ်ဆိုးပြီး ပင့်ကူလူသားဝတ်စုံကို ပြန်သိမ်းသွားခဲ့သည်။

ပါကာဟာ သူ့ရဲ့ ကျောင်းသားဘဝမှာ ဆက်လက်နေထိုင်နေပြီး ကျောင်းသားဟောင်းများ ပြန်လည်တွေ့ဆုံပွဲကို လဇ်ကို တူတူတတ်ပြီး ကရန် ဖိတ်ခေါ်ခဲ့သည်။ ထိုညမှာပင် လဇ်သည် Toomes ၏သမီးဖြစ်ကြောင်း သိလိုက်ရပြီး ပါကာသည် ပင့်ကူလူသားဆိုတာကို Toomes က သိသွားခဲ့သည်။ ထို့အပြင် ယင်းညမှာပင် Toomes သည် D.O.D.C ၏ ပစ္စည်းသယ်ယူပို့ဆောင်ရေး လေယာဉ်ကို ပြန်ပေးဆွဲမည်ကို ပါကာ သိရှိသွားပြီး ကပွဲမှ ထွက်လာခဲ့သည်။ D.O.D.C ၏ လေယာဉ်ထဲတွင် Avenger များ၏ လက်နက်များပါဝင်ပြီး Avenger Tower မှ သူတို့၏ ရုံးချုပ်အသစ်ကို ရွှေ့ပြောင်းရန် ဖြစ်သည်။ ပါကာသည် သူ့၏ ဝတ်စုံအဟောင်းကိုသာ ဝတ်ဆင်ပြီးတိုက်ပွဲဝင်ရန် ထွက်လာခဲ့သည်။ ပါကာသည် Schultz ၏တိုက်ခိုက်ခြင်းကို ခံရပြီး နက်၏အကူအညီဖြင့် ကျော်ဖြတ်လာနိုင်ခဲ့သည်။ နက်က ပါကာကို Toomes ၏ မြေအောက်ခန်းကို သွားနိုင်အောင် လမ်းပြပေးခဲ့သည်။ Toomes သည် ပါကာကို မြေအောက်ခန်းဖြိုချပြီး သတ်ခဲ့သော်လည်း ပါကာလွတ်မြောက်ခဲ့သည်။ နောက်ဆုံးတွင် ပါကာသည်Toomes ကို ခက်ခက်ခဲခဲ သေသေကြေကြေတိုက်ခိုက်ခဲ့ပြီး ပင့်ကူမျှင်များနဲ့ ချီနှောင်ကာ ရဲလက်အပ်နိုင်ခဲ့သည်။ ပါကာ၏ ကြိုးစားမှုများကြောင့် တိုနီသည် Avengers အချိန်ပြည့်အဖွဲ့ဝင်အဖြစ် ဝင်ရောက်ရန် ဖိတ်ခေါ်ခဲ့သော်လည်း ပါကာက ငြင်းပယ်ခဲ့သည်။ တိုနီဟာ ပါကာနှင့်စကားပြောပြီး ပေပါပေါ့ ကို လက်ထပ်ခွင့် တောင်းခဲ့သည်။ တိုနီသည် ပါကာကို သူ၏ ပင့်ကူလူသားဝတ်စုံကို အိမ်တွင်သွားထားပေးခဲ့ပြီး ဝတ်ကြည့်စဉ်မှာ အန်တီမေက တွေ့သွားပြီး ရုပ်ရှင်ကို အဆုံးသတ်ခဲ့သည်။

မာဘယ်ရုပ်ရှင်ထုတ်လုပ်ရေး၏ ထုံးစံအတိုင်း ရုပ်ရှင်အဆက်တွင် Gargan သည် ထောင်တွင်းတွင် Toomes အနားကပ်ပြီး ပင့်ကူလူသားသည် ဘယ်သူလဲ မေးခဲ့သည်။ သို့သော်လည်း Toomes ကမဖြေခဲ့ဘဲ "If I know who he was, he would already be dead." ဟုသာ ပြောခဲ့သည်။

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ Spider-Man: Homecoming (2017)Box Office Mojo။ July 14, 2017 တွင် ပြန်စစ်ပြီး။
  2. Spider-Man: Homecoming (2017)။ The Numbers။ July 14, 2017 တွင် ပြန်စစ်ပြီး။