ပင်လယ်ကျေးသံဃရာဇာ ကား အင်းဝခေတ်တွင် ထင်ရှား၏၊ပိဋကတ်ဗေဒင် တတ်မြောက်လိမ်မာ၏။ မင်းကြီးစွာစော်ကဲသည် အသက်ကိုးနှစ်ရှိ မင်းဆွေနှင့်အသက်ခုနှစ်နှစ်ရှိ မင်းသိဒ္ဓတ်သား တော်နှစ်ပါးကို ပင်လယ်ကျေးသံဃရာဇာအားအပ်နှင်းတော်မူ၏။ သံဃရာဇာလည်းမင်းသားငယ်တို့ဇာတာကိုမြင်လျှင် မင်းဖြစ်မည်ဟု သိသဖြင့်အလျင်အမြန် မင်းဖြစ်စေလိုသောကြောင့် (သိဒ္ဓံ နမော ဗုဒ္ဓာယ အအာ ဣဤ ဥဦ ဧဩ)မှ စ၍ ပညာသင်ကြားတော် မူသည်။ မင်းဆွေသည် အသက်တဆဲ့နှစ်နှစ်ရှိသောအခါ တစ်ညဉ့် တွင် မိမိကိုယ်မှအူထွက်၍ အင်းဝမြို့အလုံးကို ပတ်မိသည်ဟု အိပ်မက်မြင်မက်သဖြင့် သန်းခေါင်ကျော်ုအချိန် ဆရာတော်ကိုနှိုး၍ လျှောက်ထားသည်။ ဆရာတော်လည်း အိပ်မက်ကိုကြားလျှင်ကြား ခြင်းထ၍ မင်းသားကို ခြေဖြင့်ကန်ရာတုံးလုံးလည်းသွား၏။ ထိုအခါ မင်းသားက သို့စဉ်တိုင်အောင်ပြုဘိသည်ဟုလျှောက်ထားရာ ဆရာတော်က ငါပဉ္စင်းပျိုငါးဝါရက တောင်ဘီလူးပရက္ကမ မှာ စာသင်နေစဉ် လေလာရာ ငါ့ဦးထုပ်ကျသည်ကို ခြေနှင့်နင်းမိသဖြင့် မချွတ်မင်းဆရာဖြစ်မည်။ မင်းဆရာဖြစ်လျှင် တန်တားဦးကို ယက်မ လျှိုအမိုးနှင့်တန်တားလုပ်မည်ဟုအဓိဋ္ဌာန်ရှိသည်။ မင်းသားမြင်မက် သောအိ်ပ်မက်အလိုမကြာ မတင်မင်းဖြစ်မည်။ မင်းဖြစ်သောအခါ ငါ့ကို မေ့မည်စိုး၍ခြေဖြင့်ကန်သည်။ မင်းဖြစ်သောအခါ ငါ့အဓိဋ္ဌာန် အတိုင်း လုပ်ပါဟုမိန့်ကြား သည်။ ထိုအခါ မင်းသားကစိုးရိမ် တော်မမူနှင့်အလိုတော်အတိုင်း ပြီးစိမ့်မည်ဟုလျှောက်ထားသည်။ မင်းသားသည် မင်းဖြစ်သောအခါဆရာတော်အမိန့်အတိုင်းတန် တားဦးကို ယက်မလျှိုအမိုးနှင့်တန်တားလုပ်တော်မူသည်။[]


  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)