ပင်လယ်ပေါ်မှ အိုအေစစ်

အပျော်စီးသင်္ဘော


ပင်လယ်ပေါ်မှ အိုအေစစ်Oasis of the Seas)အမည်ရှိ အပျော်စီးသင်္ဘောသည် တော်ဝင် ကယ်ရေဘီယံ ကုမ္ပဏီအပိုင်ဖြစ်ပြီး လက်ရှိ ကမ္ဘာပေါ်တွင် အကြီးမားဆုံးနှင့် ကုန်ကျစရိတ်အများဆုံး ဖြစ်ပြီး၊ ၎င်းနှင့် အလေးချိန်ဆင်တူရှိသည့် ညီအမသင်္ဘောမှာ ညှို့ဆောင်နေသော ပင်လယ်များဖြစ်သည်။ ပင်လယ်ပေါ်မှ အိုအေစစ်ကို ဆောက်လုပ်ရန် ဖေဘဝါရီလ ၂၀၀၆ ခုနှစ်တွင် ဂျနယ်ဆစ် အမည်ခံအောက်တွင် စတင်ခဲ့သည်။ သင်္ဘော၏ အောက်ခြေခံ သံချောင်းရှည် အား နိုဝင်ဘာလ ၁၂ရက် ၂၀၀၇ခုနှစ်တွင် အက်စ်တီအက် ဥရောပ- (တောင်ကိုရီးယားပိုင် လက်ခွဲဖြစ်သည့် အက်စ်တီအက် ကော်ပိုရေးရှင်း - (ယခင်သိကြသည့် - အကာ သင်္ဘောကျင်း)မှ ဖင်လန်နိုင်ငံတူရ်ကူမြို့ တွင် စတင်အခြေချ တည်ဆောက်ခဲ့သည်။ ကုမ္ပဏီမှ ဆောက်လုပ်ရေးအတွက် ငွေးကြေးအပြည့်ရှိပြီဖြစ်ကြောင်း ၂၀၀၉ ခုနှစ် ဧပြီလ ၁၅ ရက်တွင် ကြေညာခဲ့သည်။[၁]

ပင်လယ်ပေါ်မှ အိုအေစစ်
Oasis of the Seas
{{{အမည်}}}
{{{ဓါတ်ပုံစာတမ်း}}}
ပိုင်ဆိုင်သူ တော်ဝင် ကယ်ရေဘီယံ
ဆောင်ရွက်သူ အပြည်ပြည်ဆိုင်ရာ တော်ဝင် ကယ်ရေဘီယံ
ခရီးလမ်း ကယ်ရေဘီယံ ပင်လယ်
မှာယူသည့်ရက် ဖေဘဝါရီ ၂၀၀၆
တည်ဆောက်သူ STX Europe, တူရ်ကူ၊ ဖင်လန်
ကုန်ကျငွေ ၁.၄ ဘီလီယံ (၂၀၀၆)
ပြင်ဆင်သည့်ရက် ၁၂ နိုဝင်ဘာ ၂၀၀၇
တည်ဆောက်သည့်ရက် ၂၂ နိုင်ဝင်ဘာ ၂၀၀၈
ပြီးစီးသည့်ရက် ၂၈ အောက်တိုဘာ ၂၀၀၉
ခရစ်ယန် ၃၀ နိုင်ဝင်ဘာ ၂၀၀၉
ဗွေဆော်ဦးသည့် ရက် ၅ ဒီဇင်ဘာ ၂၀၀၉
စီစစ်ရေးနံပါတ်များ C6XS7
9383936
311020600
လက်ရှိအခြေအနေ ၂၀၁၂ မှ စ၍ ပြေးဆွဲနေသည်
လက္ခဏာသွင်ပြင်
အမျိုးအစား အိုအေစစ် အမျိုးအစား အပျော်စီး သင်္ဘော
တန်အလေးချိန် ၂၂၅ ၂၈၂ တန်
အရှည် ၁၁၈၁ ပေ
ထုပ် ၁၅၄ ပေ (ရေပြင်)
၁၉၈ ပေ(အများဆုံး)
အမြင့် ၂၃၆ ပေ
ရေမြုပ် ၃၁ ပေ
ဇောက် ၇၄ ပေ
အလွှာ ၁၆ ထပ်
တပ်ဆင် ခွန်အား (13,860 kW/18,590 hp each)
3 × Wärtsilä 16V46D engines (18,480 kW/24,780 hp each)
တွန်းအား 3 × 20 MW ABB Azipod, all azimuthing
4 × 5.5 MW Wärtsilä CT3500 bow thrusters
မြန်နှုန်း ၄၁.၉ ကီလိုမီတာ/နာရီ
တင်ဆောင်နိုင်မှု လူဦးရေ ၅၄၀၀၊ အများဆုံး ၆၂၉၆
လုပ်သား ဗွေဆော်ဦးခရီးစဉ်တွင် ၂၁၆၅ ယောက် ၊ ဇန်နဝါရီ ၂၀၁၂ တွင် ၂၃၉၄ ယောက်

ယူရို သန်း ၉၀၀ အကုန်ကျခံ ဆောက်လုပ်ထားသည့် ဤဧရာမသင်္ဘောကြီးသည် ခရီးသည် ၆၃၆၀ နှင့် ဝန်ထမ်း ၂၀၀၀ ခန့်ကို တင်ဆောင်နိုင်သည်။ သင်္ဘောကိုယ်ထည်၏ အရှည်မှာ ၃၆၀ မီတာ၊ ဗြက် ၄၇ မီတာ၊ ရေပြင်အထက် ၆၅ မီတာ မြင့်ကာ ၁၆ ထပ်ပါရှိသည်။ ဒိန်းမတ်ရေလက်ကြားရှိ တံတားများအောက်မှ ဖြတ်သန်းနိုင်ရန် မီးခိုးခေါင်းတိုင်ကို လိုသလို သိမ်းနိုင်ဆန့်နိုင်သည်။

ပင်လယ်ပေါ်မှ အိုအေစစ်သည် ၂၀၀၉ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် အမေရိကန်ပြည်ထောင်စုမှ ဟေတီသို့ ၄ ည ၅ ရက်ကြာ ဗွေဆော်ဦး ခရီးစဉ်ကို စတင်ရန် စီစဉ်ထားသည်။

ပင်လယ်ပေါ်မှ အိုအေစစ်ပေါ်တွင် အခြား ဇိမ်ခံသင်္ဘောများနည်းတူ ဇာတ်ရုံများ၊ အရောင်းဆိုင်များ၊ စားသောက်ဆိုင်များ၊ အားကစားရုံများ ပါရှိသည်။

ကိုးကား ပြင်ဆင်ရန်

  1. မော်ကွန်းတင်ပြီးမိတ္တူ။ 28 November 2009 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 6 May 2012 တွင် ပြန်စစ်ပြီး။