ပင်လယ်လိပ်
(Sea Turtles)
Temporal range:
Early Cretaceous-Holocene,[၁] 110–0 Ma
Chelonia mydas is going for the air edit.jpg
A green sea turtle, a species of the sea turtle superfamily
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Animalia
မျိုးပေါင်းစု: Chordata
မျိုးပေါင်း: Reptilia
မျိုးစဉ်: Testudines
မျိုးစဉ်သေး: Cryptodira
Clade: Americhelydia
Clade: Panchelonioidea
Superfamily: Chelonioidea
Bauer, 1893[၂]
မျိုးရင်းများ
Synonyms[၂]

Chelonii - Oppel, 1811
Chlonopteria - Rafinesque, 1814
Cheloniae - Schmid, 1819
Edigitata - Haworth, 1825
Oiacopodae - Wagler, 1828
Pterodactyli - Mayer, 1849

ကုန်းလိပ်များမှာ လိပ်ကဲ့သို့နှေးသည် ဟု စကားပုံဖွဲ့လောက် အောင် နှေးကွေးသော်လည်း ပင်လယ်လိပ်မျာမှာမူ ရေကူးအလွန် ကျင်လျင် ကြ၍ ကမ်းမှအလွန်ဝေးသော နေရာများ၌ပင် တွေ့ရသည်။ သူတို့၌ လမ်း လျှောက်သည့် ခြေများအစား ခတ်တက်သဖွယ် အသုံးပြုသည့် ရေယက်ပါရှိ ၍ ရေတွင် ကောင်းစွာကူးခတ်သွားလာနိုင်၏။ ကျွန်းများ၌ဖြစ်စေ၊ သဲ သောင်များ၌ဖြစ်စေ၊ ကမ်းစပ်၌ဖြစ်စေ ဥများကို အုလိုသောအခါမှ ပြန်၍လာ တတ်ကြသည်။ ပင်လယ်လိပ်ဆိုသည့်အတိုင်း ရေသာပျော်မွေ့၍ ရေ၌သာနေ ၏။ အစာလည်းရှာ၏။ အိပ်လည်းအိပ်၏။ တစ်ခါတစ်ရံ ကမ်းခြေမှ မိုင် တစ်ရာ၊ နှစ်ရာမျှဝေးသည့် ပင်လယ်ပြင်၌ တွေ့ရ၏။ ကမ္ဘာနှင့်အဝှမ်း ပင်လယ်လိပ် မျိုးစိပ်များစွာသည် လွန်ခဲ့သည့် နှစ်ပေါင်း ၅ဝကျော်မှစတင်၍ လူသားပယောဂကြောင့်သော်လည်းကောင်း၊ သဘာဝဘေးအန္တရာယ်ကြောင့်သော်လည်းကောင်း သိသာထင်ရှား လျင်မြန်စွာ လျော့နည်းလာသည်ကို သုတေသနပညာရှင်များ၊ သိပ္ပံပညာရှင်များမှ သိရှိလာပြီး မျိုးသုဉ်းလုနီးပါး သတ္တဝါမျိုးစိပ် (Endangerd Species) အဖြစ် စာရင်းထည့်သွင်း သတ်မှတ်ကာ နိုင်ငံများစွာရှိ မျိုးထိန်းသိမ်းကာကွယ်ရေးအဖွဲ့အစည်းအသီးသီးမှ ထိန်းသိမ်း ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ ဆောင်ရွက်လျက် ရှိသည်။ ပင်လယ်လိပ်သားပေါက်များသည် သားစားသတ္တဝါများဘေးအန္တရာယ်ကြောင့် သဘာဝပင်လယ်ပြင်တွင် ရှင်သန်ရန်အခွင်အလမ်းအလွန်နည်းပါးလှပါသည်။ ပင်လယ်လိပ်များသည် အရွယ်ရောက်မျိုးပွားရန် နှစ်ပေါင်း ၃ဝမှ ၅ဝအထိ ကြာမြင့်တတ်သည်။

သားပေါက်ခြင်းနှင့် သက်တမ်း[ပြင်ဆင်ရန်]ပြင်ဆင်

ပင်လယ်လိပ်ဥများအား တွေ့ရပုံ ပင်လယ်လိပ်များ၌ အထီးများသည်ရေနှင့် မခွဲခွာဘဲ နေကြသော် လည်း လိပ်မများမှာမူ သဲပေါသော ကမ်းစပ်၌ဖြစ်စေ၊ လူသူမရောက်သော ကျွန်းများ၌ဖြစ်စေ ဥများကို အုရန်လာရောက်ကြ၏။ ဤသို့လာသည့်အခါ များ၌ လိပ်မသည် အလွန်လသာသောညဉ့်များကို ရွေးချယ်ပီးလျှင် ရေမှ တက်လာသည်နှင့်တစ်ပြိုင်နက် အနီးပတ်ဝန်းကျင်သို့ သတိကြီးစွာဖြင့်ကြည့် ပြီးမှ ရန်သူများထွက်ပြေးစေရန် မြွေကဲ့သို့ကျယ်လောင်စွာ တွန်မြည်သည်။ ကုန်းသို့ရောက်လျှင် ဒီရေမမီသောနေရာ၊ ခြောက်သွေ့သော နေရာကို ရွေးချယ်ပြီးသော် ရှေ့လက်ပြားများဖြင့် မြေကိုတူးဆွခြင်း၊ နောက် ခြေဖြင့် ကျစ်စာများကို ယက်ထုတ်ခြင်းတို့ဖြင့် တွင်းကို အတန်နက်စွာ တူး ပြီးနောက် ဥပေါင်းတစ်ရာ၊ တစ်ရာကျော်ခန့်ကိုအုသည်။ ထို့နောက် မြေကို နေသားတကျ ပြန်၍ ဖုံးထား၏။

နှစ်လခန့်အတွင်း၌ ဥများသည် နေ၏ အပူရှိန်ဖြင့်ပေါက်လာရာ ပေါက်စလိပ်ကလေးများသည် အသိုက်ဖြစ်သော တွင်းမှထွက်ခဲ့၍ သဘာဝ အတိုင်း ရေသို့တဖြည်းဖြည်းတွားဆင်းကြသည်။ သို့သော် အချို့မှာ ကုန်း ပေါ်တွင် သိမ်းများ၊ စင်ရော်များ၊ ကနန်းများ၊ မြွေများ၏ဘေးရန်ကြောင့် သေကြေကြ၍ ရေတွင် ငါးကြီးများ၊ မိကျောင်းများ ဝါးမျိုစားသောက်သဖြင့် ပျက်စီးကြရသည်။

ကုန်းလိပ်နှင့်ပင်လယ်လိပ်တို့သည် ကိလိုနီယာမျိုးစဉ်တွင် ပါဝင် လေသည်။ အချို့ပါရဂူများကမူ ကုန်းလိပ်ကို တက်စတူဒီနေတာမျိုးစဉ်၊ ပင် လယ်လိပ်ကို ကဲလိုနီဒ မျိုးစဉ်တို့တွင် ပါဝင်သည်ဟု သတ်မှတ်ကြသည်။

လိပ်များမှာ အလွန်အသက်ရှည်၍ နှစ်ပေါင်း ၂ဝဝ ကျော် ၃ဝဝ မျှပင် နေရသည်ဟုဆိုသည်။

ပင်လယ်လိပ် ထိန်းသိမ်းရေး လုပ်ဆောင်မူပြင်ဆင်

ကမ္ဘာနှင့် အဝှမ်းတွင်လည်း ပင်လယ်လိပ်များသည် လူများ၏ ပယောဂကြောင့်နှင့် ရာသီဥတု ပြောင်းလဲမှုများကြောင့် လွန်ခဲ့ သည့် နှစ်ငါးဆယ်အတွင်းအ လျင်အမြန် လျော့နည်းလာခဲ့ပြီး မျိုးသုဉ်းလုနီးမျိုးစိတ် (Endan-gerd Species) အဖြစ်သတ် မှတ်ကာ ထိန်းသိမ်းရေးလုပ်ငန်း များ လုပ်ဆောင်နေရသည်။ အဓိကအားဖြင့် ပင်လယ် လိပ်များသည် ငါးဖမ်းပိုက်များ တွင် မတော်တဆဖမ်းဆီးမိပြီး နောက်စားသုံးလိုက်ခြင်း၊ ဥများ စားသုံးခြင်း၊ လိပ်ဥရန် သောင်ရှား ပါးလာခြင်းတို့ကြောင့် တဖြည်း ဖြည်းရှားပါးကာ မျိုးသုဉ်းပျောက် ကွယ်မည့် အန္တရာယ် ရင်ဆိုင် လာရခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် လိပ်ဇောင်း လျား၊ လိပ်ကြက်တူရွေး၊ပြင် သာလိပ်၊ လိပ်လှောင်း၊ လိပ်ခွေး ဟူ၍ ပင်လယ်လိပ် ငါးမျိုးနေထိုင် ကျက်စားသည်။ ပင်လယ်လိပ်များသည် ပင်လယ် ဂေဟစနစ်ကို အထောက်အပံ ပေးပြီး ယင်းတို့နေထိုင်ကျက် စားရာဒေသများတွင် ပေါက်  ရောက်လျက်ရှိသည့် ပင်လယ် မြက်၊ ရေညှိရေမှော်များကို စား သုံး၍ အညစ်အကြေးပြန်စွန့် သည်။ ယင်းအညစ်အကြေးများ ကို ငါးပုစွန်တို့ကပြန်လည်စားသုံးခြင်းဖြင့် အစာကွင်းဆက် လည်ပတ်လျက်ရှိသည်။ ထို့အပြင် ပင်လယ်ရေထုကို အဆိပ်အတောက်ဖြစ်စေသည့် ပင်လယ်ဒီရေနီ (Red Tide) ဖြစ်ပေါ်စေနိုင်သည့် အရာများကို စားသုံးသဖြင့် ပင်လယ်လိပ် များမှာ ပင်လယ်ပြင်ဂေဟ စနစ်အတွက် အရေးပါသည့် သတ္တဝါဖြစ်သည်။

ပင်လယ်လိပ်များ၏ ထူးခြား ချက်သည် ဥသားပေါက်ခဲ့ရာ သောင်ပြင်၏ဓာတ်ကို နှစ်ကာလ ကြာမြင့်သည်ထိ မှတ်မိနေပြီး ယင်းလိပ် အရွယ်ရောက်သား ပေါက်သည့် အခါတွင်လည်း သားပေါက်ခဲ့ရာ သောင်ပြင်သို့ လာရောက်ဥဥလေ့ရှိသည်။ ပင်လယ်လိပ်များ၏ သဘာဝအရ လိပ်မတစ်ကောင်သည် တစ်ကြိမ်လျှင် ဥ ၁၀၀ ကျော်ဥပြီး၊ တစ်နှစ်လျှင်နှစ်ကြိမ်(သို့မဟုတ်) သုံးကြိမ်ခန့်ဥဥသည်။ သို့သော် နည်းလမ်းမျိုးစုံဖြင့် ခြိမ်းခြောက်မှုများကြောင့် ယင်းနှုန်းအတိုင်းဥဥသော်လည်း ရှင်သန်မှုရာခိုင်နှုန်း နည်းပါးသွားသည်။ အောင်မြင်စွာဥဥပြီး လိပ် ဥစားသုံးသူများ၏ရန်မှ ကင်းဝေး ကာသားပေါက်လာပါကလည်း လိပ်အကောင်ပေါက်လေးများ ကို ငှက်များနှင့် အသားစားငါး များ၏ အစာအဖြစ်စားသုံးမှု အန္တရာယ်က ရှိသေးသည်။ ယင်း အန္တရာယ်များနှင့်မကြုံ တွေ့ပါ ကလည်း ပင်လယ်ထဲ မျောပါနေ သည့် ပလတ်စတစ်များနှင့် အမှိုက်များကို အစာမှတ်၍ စား သုံးခြင်းကြောင့် ထိခိုက်မှုက လည်း ရှိနေပြန်သည်။

ပင်လယ်လိပ်များ မျိုးသုဉ်း မပျောက်ကွယ်စေရန် ငါးလုပ်ငန်း ဦးစီးဌာနသည် သားငှက်ထိန်း သိမ်းရေးအဖွဲ့ (WCS)၊ အပြည် ပြည်ဆိုင်ရာ တောရိုင်းတိရစ္ဆာန် နှင့် အပင်များအဖွဲ့(FFI) တို့နှင့် ပူးပေါင်း၍ ထိန်းသိမ်းရေးဆောင် ရွက်နေပြီး လိပ်ဥနှင့် လိပ်သား စားသုံးမှုလျော့ကျစေရန် ပညာ ပေးစည်းရုံးခြင်း၊ ထိန်းသိမ်းရေး လုပ်ငန်းများတွင် ပြည်သူများ ပူးပေါင်းပါဝင်လာစေရန် ဟော ပြောခြင်း၊ ပညာပေးပိုစတာများ စိုက်ထူခြင်းတို့ ပြုလုပ်နေသည်။

ထို့အပြင် ၁၉၉၇ က စတင် ၍ အရှေ့တောင်အာရှဒေသ ပင်လယ်လိပ် မျိုးထိန်းသိမ်း ခြင်းနှင့် ကာကွယ်စောင့်ရှောက် ခြင်းဆိုင်ရာ နားလည်မှုစာချွန် လွှာ၊ ၁၉၉၉ တွင်အရှေ့တောင် အာရှဒေသငါးလုပ်ငန်းဖွံ့ဖြိုးတိုး တက်ရေးဗဟိုအဖွဲ့၏ အဖွဲ့ဝင်၊ ၂၀၀၁ တွင် အိန္ဒိယသမုဒ္ဒရာနှင့် အရှေ့တောင်အာရှ ဒေသနိုင်ငံ များရှိ ပင်လယ်လိပ်များနှင့်၎င်း တို့နေထိုင်ကျက်စားသွားလာရာ ဒေသများအား ထိန်းသိမ်းကာ ကွယ်ခြင်းနှင့် စီမံခန့်ခွဲခြင်းဆိုင်ရာ နားလည်မှုစာချွန်လွှာများ ရေးထိုး ၍ ပင်လယ်လိပ်ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်နေသည်။

မျိုးသုဉ်းရန် အန္တရာယ်နီး ကပ်လာသည့် ပင်လယ်လိပ်များ မျိုးဆက်ပြန့်ပွားလာစေရန် ဧရာဝတီတိုင်းဒေသကြီးဟိုင်းကြီးကျွန်းမြို့နယ် သမီးလှကျွန်းပင်လယ်လိပ်မျိုး ထိန်းသိမ်းရေးစခန်း၊ ဘိုကလေးမြို့နယ်ကဒုံ ကနိပင်လယ်လိပ်မျိုး ထိန်းသိမ်းရေးသုတေသနနှင့် ပင်လယ်လိပ်မျိုး ထိန်းသိမ်းရေးစခန်း၊ တနင်္သာရီတိုင်းဒေသကြီးလောင်းလုံမြို့နယ် လောင်းလုံဘုတ်ကျွန်းတို့တွင်ထိန်းသိမ်းရေးလုပ်ဆောင်နေသည်။

အဆိုပါနေရာများတွင် ပင် လယ်လိပ်များကို သဘာဝအ တိုင်းသားဖောက်ခြင်း၊ ရွှေ့ ပြောင်းသားဖောက်ခြင်းနှင့် Tag-ging ဟုခေါ်သည့် ပင်လယ်လိပ်များရွှေ့ပြောင်းသွားလာရာ လမ်း ကြောင်း၊ စားကျက်ဒေသများ၊ ဥကျင်းတက်ရောက်ရာ ဒေသ၊ ကြီးထွားမှုနှုန်း၊ သေဆုံးမှုနှုန်းများနှင့်မျိုးပွားမှုဆိုင်ရာဇီဝဗေဒ စသည့် အချက်အလက်များကို သိရှိနိုင်စေရန် လိပ်သောင်များသို့ ဥဥချရန် တက်ရောက်လာသော လိပ်မကြီးများနှင့် အခြားအ ကြောင်းအမျိုးမျိုးကြောင့် တက် လာသောလိပ်များကို အမှတ် အသား Tagging ပြုလုပ်၍ ပြန် လွှတ်ခြင်းများ ပြုလုပ်လျက် ရှိသည်။

ငါးလုပ်ငန်းဦးစီးဌာနက ဆောင်ရွက်နေသော ပင်လယ် လိပ်ပြန့်ပွားရေး လုပ်ငန်းများဖြစ် သည့် သဘာဝအတိုင်းသား ဖောက်ခြင်း၊ ရွှေ့ပြောင်းသား ဖောက်ခြင်းများအရ သမီးလှကျွန်း ၌ ၂၀၁၇- ၂၀၁၈ တွင်ပင် လယ်လိပ်ဥ ၅,၃၁၅ ဥဥခဲ့ရာမှ ၃,၉၀၁ ကောင်၊ ကဒုံကနိကျွန်း တွင် ၁,၉၅၇ ဥဥခဲ့ရာမှ ၁,၆၂၂ ကောင်ကို ပင်လယ်တွင်းသို့ပြန်လွှတ်ပေးနိုင်ခဲ့သည်။

မြန်မာနိုင်ငံရှိ ပင်လယ်လိပ် များ၏ ဥဥသားပေါက်ချိန်သည် နိုဝင်ဘာမှမတ်လအထိ ဖြစ်ပြီး ယင်းကာလတွင် ဥများကို စောင့်ကြည့်၍ ထိန်းသိမ်းရေး လုပ်ဆောင်ရသည်။ သားငှက်ထိန်းသိမ်းရေးအဖွဲ့က ပင်လယ်လိပ်ထိန်းသိမ်းရေးကို သီးသန့် လုပ်ဆောင်ခြင်း မရှိသေးသော်လည်း၊ ပင်လယ်လိပ်ကျက်စားရာ ရခိုင်ပြည်နယ်နှင့် တနင်္သာရီရှိ ဒေသအချို့တွင် ထိန်းသိမ်းရေးနှင့် ပညာပေးသင်တန်းများ ပြုလုပ် နေသည်။ ထို့ပြင် ဥပဒေများကို ခိုင် မာအောင်လုပ်ဆောင်၍ ထိန်း သိမ်းရေးလုပ်ငန်းများ ပိုမိုထိထိ ရောက်ရောက်ဆောင်ရွက်ပါက ရှားပါးမျိုးစိတ်ပင်လယ်လိပ်များ ကောင်ရေ ပြန်လည်ပွားများလာပေမည်။ ပင်လယ်လိပ်များ မျိုးသုဉ်း ပျောက်ကွယ်မှု မရှိစေရေး အတွက် ထိန်းသိမ်းရေးများ လုပ်ဆောင်သည့်အပြင် လိပ်များကိုအန္တရာယ်ပေးသည့် ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းလုပ်ငန်းများကို စနစ်တကျ စည်းကမ်းတင်းကျပ်သင့်ပေသည်။


ကိုးကားပြင်ဆင်

  1. "Osteopygis (Testudines: Cheloniidae) from the Lower Tertiary of the Ouled Abdoun phosphate basin, Morocco" (2003). Palaeontology 46 (5): 845–56. doi:10.1111/1475-4983.00322. 
  2. ၂.၀ ၂.၁ "Turtles of the world, 2011 update: Annotated checklist of taxonomy, synonymy, distribution and conservation status" (2011-12-31). Chelonian Research Monographs 5.