အရှင်ပစ္စာဂမနိယထေရ် သည် မြတ်စွာဘုရား၏ သာသနာတော်ရှိ ရဟန်းတစ်ပါး ဖြစ်သည်။[၁]

ဘဝဇာတ်ကြောင်း ပြင်ဆင်ရန်

ဝိပဿီမြတ်စွာဘုရားလက်ထက် ပြင်ဆင်ရန်

ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်တစ်ကမ္ဘာထက်သော ကာလတွင် ဖြစ်၏။ ထိုအချိန်တွင် ဝိပဿီမြတ်စွာဘုရားသည် ပွင့်တော်မူ၏။ အရှင်ပစ္စာဂမနိယထေရ် သည် သိန္ဓုမြစ်ကမ်းနားတွင် စက္ကဝါငှက် ဖြစ်ခဲ့၏။ ထိုငှက်သည် သက်သက်သော မှော်ကိုသာ စား၏၊ မကောင်းမှုတို့မှ စောင့်စည်း၍ နေ၏။ တစ်နေ့သောအခါ ထိုငှက်သည် ဝိပဿီမြတ်စွာဘုရားအား မြင်၍ အင်ကြင်ပန်းကို နှုတ်သီးဖြင့်ချီကာ လှူခဲ့၏။ [၁]

အကျိုးခံစားရခြင်း ပြင်ဆင်ရန်

ထိုသို့ ကိုးဆယ့်တစ်ကမ္ဘာထက်တွင် ပန်းကို လှူခဲ့ရသည့် အချိန်မှစကာ မကောင်းသူတို့ လားရောက်ရသည့် အပါယ်လေးဘုံသို့ မရောက်ခဲ့ရပေ။ ထို့ပြင် တစ်ဆယ့်ခုနစ်ကမ္ဘာထက်တွင်လည်း “သုစာရုဒဿန” အမည်ဖြင့် စကြဝတေးမင်း ဖြစ်ခဲ့၏။ [၁]

ဂေါတမမြတ်စွာဘုရားထက်ထက် ပြင်ဆင်ရန်

နောက်ဆုံးဘဝတွင် ဂေါတမမြတ်စွာဘုရား၏ သာသနာတော်တွင် အရှင်ပစ္စာဂမနိယထေရ် အဖြစ်ဖြင့် အာသဝေါကုန်ခမ်း ရဟန္တာ ဖြစ်တော်မူ၏။[၁]

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ထေရာပဒါန်ပါဠိတော်၊ သကစိန္တနိယဝဂ်