အရှင်မဂ္ဂသညကထေရ် သည် မြတ်စွာဘုရား၏ သာသနာတော်ရှိ ရဟန်းတစ်ပါး ဖြစ်သည်။[၁]

ဘဝဇာတ်ကြောင်း ပြင်ဆင်ရန်

အတ္တဒဿီမြတ်စွာဘုရားလက်ထက် ပြင်ဆင်ရန်

အတ္တဒဿီမြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုပြီးချိန်တွင် ဖြစ်၏။ အရှင်ပစ္စုပဋ္ဌာနသညကထေရ် သည် ဘီလူးဖြစ်နေ၏။ ထိုဘီလူးသည် အခြံအရံများဖြင့် ပြည့်စုံစွာနေရ၏။ သို့သော် ဘီလူးသည် “မိမိမှာ အရမတော်ပေ၊ ထို့အပြင် မကောင်းသော မိုးလင်းခြင်၊ မကောင်းသော ထခြင်းတို့ ဖြစ်ရ၏။ ငါသည် စည်းစိမ်ဥစ္စာပြည့်စုံပါလျက် မြတ်စွာဘုရားသည် ပရိနိဗ္ဗာန်စံဝင်ရ၏” ဟု တွေးနေ၏။ ထိုသို့ ဘီလူးတွေးနေသည်ကို “သာဂရ” အမည်ရှိသည့် သာဝကသည် သိတော်မူကာ ဘီလူးထံသို့ လာ၏။

ထို့နောက် မြတ်စွာဘုရား၏ ဓာတ်တော်တို့ကို ဘီလူးအား ပုထိုးစေတီပြုလုပ်ရန် မိန့်တော်မူ၏။ ဘီလူးလည်း စေတီပြုလုပ်ကာ ငါးနှစ်ပတ်လုံး ကိုးကွယ်၏။[၁]

အကျိုးခံစားရခြင်း ပြင်ဆင်ရန်

ဤဘဒ္ဒကမ္ဘာမှ ကမ္ဘာခုနစ်ရာထက်တွင် “ဘူရိပည” အမည်ဖြင့် စကြဝတေးမင်း လေးကြိမ် ဖြစ်ခဲ့၏။[၁]

ဂေါတမမြတ်စွာဘုရားထက်ထက် ပြင်ဆင်ရန်

နောက်ဆုံးဘဝတွင် ဂေါတမမြတ်စွာဘုရား၏ သာသနာတော်တွင် အရှင်ပစ္စုပဋ္ဌာနသညကထေရ် အဖြစ်ဖြင့် အာသဝေါကုန်ခမ်း ရဟန္တာ ဖြစ်တော်မူ၏။[၁]

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ထေရာပဒါန်ပါဠိတော်၊ မဟာပရိဝါရဝဂ်