ပဉ္စဒီပဒါယိကာထေရီ သည် မြတ်စွာဘုရား၏ သာသနာတော်ရှိ ရဟန်းမိန်းမတစ်ပါး ဖြစ်သည်။[၁]

ဘဝဇာတ်ကြောင်း ပြင်ဆင်ရန်

ရှေးအတိတ်ဘဝ ပြင်ဆင်ရန်

ဤဘဒ္ဒကမ္ဘာမှ ရေတွက်သော် ကမ္ဘာတစ်သိန်းအထက် ကာလတွင် ဖြစ်၏။ ပဉ္စဒီပဒါယိကာထေရီသည် ဟံသာဝတီမြို့တွင် နေထိုင်၏။ လဆုတ်ရက်တွင် ပဉ္စဒီပဒါယိကာထေရီသည် ထင်းရှူးဗောဓိပင်မြတ်ကို ဖူးမြင်ရ၏။ ထို့နောက် မြတ်စွာဘုရာသည် မနှိုင်းမယှဉ်အပ်သော ဂုဏ်တော်ရှိပါက ဤဗောဓိပင်သည် တန်ခိုးပြပါဟု အဓိဋ္ဌာန်၏။ ထိုအခါ ဗောဓိပင်သည် တောက်ပကုန်၏။ ထို့နောက် ပဉ္စဒီပဒါယိကာထေရီသည် ခုနစ်နေ့၊ ခုနစ်ညပတ်လုံး ထိုင်နေ၏။ ထို့နောက် ဆီမီးပူဇော်ခဲ့၏။

ထို့သို့သော ကုသိုလ်ကောင်းမှုတို့ကြောင့် များစွာသော ကောင်းကျိုးတို့ကို စံစားရ၏။ ဆီမီးလှူခဲ့သည့်အချိန်မှစကာ မကောင်းသည့် ဒုဂ္ဂတိ ဘဝိသို့ မရောက်ခဲ့ရပေ။[၁]

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ ခုဒ္ဒကနိကာယ်၊ ထေရီအပဒါန်ပါဠိတော်၊ ဧကူပေါသထိကဝဂ်