(၁) ၅-ဒွါရ၌ (ထင်လာသောအာရုံကို) ဆင်ခြင်ခြင်း-အမှု-ကိစ္စ၊ ပဉ္စဒွါရာဝဇ္ဇန်းကိစ္စ။

(၂) ၅-ဒွါရ၌(ထင်လာဓသာအာရုံကို) ဆင်ခြင်သော စိတ်၊ ပဉ္စဒွါရာဝဇ္ဇန်းစိတ်၊


ယင်းစိတ်သည် စက္ခု, သောတ, ဃာန, ဇိဝှါ, ကာယဟူသော ၅-ဒွါရ၌ ထိခိုက်ထင် လာသော အာရုံ၅-ပါးကို ရှေးဦးစွာ(ဖမ်းယူ) ဆင်ခြင်မှု “အာဝဇ္ဇန်း ကိစ္စ တပ်သည်၊ ထို့ကြောင့် “ပဉ္စဒ္ဓါရာဝဇ္ဇန်း”ဟုခေါ်သည်[]

အဟိတ်ကြိယာစိတ် ၃-ပါးတို့တွင် ပဌမစိတ် ဖြစ်သည်[]

ထူးသောသိခြင်းကိစ္စမရှိဘဲ အာရုံကို သိကာမျှ သဘောတရားဖြစ်၍ “မနောဓာတ်” မည်သော စိတ် ၃-ပါးတွင် တစ်ပါးအပါအဝင်ဖြစ်သည် [])။ []

လက္ခဏာ, ရသစသည်

ပြင်ဆင်ရန်

၁။ စက္ခုဝိညာဏ် စသည်တို့၏ ရှေ့သွားဖြစ်၍ (ရှေ့ကဖြစ်၍) ရူပါရုံ စသည့် အာရုံတို့ကို သိခြင်းသဘော = ရယူခြင်းသဘော ... လက္ခဏ၊

၂။ (ရူပါရုံစသည့် ပဉ္စာရုံကို) နှလုံးသွင်းခြင်း = ဆင်ခြင်ခြင်း ... (ကိစ္စ) ရသ၊

တစ်နည်း – စိတ်အစဉ်ကို ရှေးဖြစ်သော အခြင်းအရာမှ တစ်ပါးသော အခြင်းအရာအားဖြင့် ဖြစ်ပေါ်လာအောင် မူလအာရုံဟောင်းကို စွန့်စေခြင်း ... (ကိစ္စ) ရသ၊

၃။ ရူပါရုံစသည့် အာရုံဘက်သို့ ရှေးရှူ မျက်နှာမူသည့် သဘောတရား ... ပစ္စုပဋ္ဌာန်၊

၄။ ဘဝင်စိတ်အစဉ် ပြတ်စဲခြင်း = ဘဝင်စိတ် ချုပ်ပျက်သွားခြင်း ... ပဒဋ္ဌာန်။

ဤအထက်ပါ ပဉ္စဒွါရာဝဇ္ဇန်း = ကိရိယာမနောဓာတ်၏ ရှုကွက်မှာ ရူပါရုံ စသည့် ပဉ္စာရုံကို အာရုံပြုသည့် ပဉ္စဒွါရာဝဇ္ဇန်း ငါးမျိုးကို စုပေါင်း၍ ရေးသားထားခြင်း ဖြစ်သည်။ လက်တွေ့ရှုသောအခါ၌ကား ပဉ္စဒွါရာဝဇ္ဇန်းသည် အာရုံငါးမျိုးလုံးကို ပြိုင်တူ မသိနိုင်သဖြင့် အာရုံတစ်မျိုးစီကို သိသော ပဉ္စဒွါရာဝဇ္ဇန်း တစ်မျိုးစီကို ခွဲ၍ ရှုရမည်ဖြစ်သည်။ သို့အတွက် ရူပါရုံကို အာရုံပြုသည့် ပဉ္စဒွါရာဝဇ္ဇန်း = အာဝဇ္ဇန်း၏ရှုကွက်မှာ ဤသို့ ဖြစ်၏၊[][]

အာဝဇ္ဇန်း - ရူပါရုံကို အာရုံပြုသည်

ပြင်ဆင်ရန်

၁။ စက္ခုဝိညာဏ်၏ ရှေးကဖြစ်၍ ရူပါရုံကို သိခြင်း = ရယူခြင်းသဘော ... လက္ခဏ၊

၂။ ရူပါရုံကို နှလုံးသွင်း ဆင်ခြင်ခြင်း ... (ကိစ္စ) ရသ၊ တစ်နည်း – စိတ်အစဉ်ကို ရှေးဖြစ်သော အခြင်းအရာမှ တစ်ပါးသော အခြင်းအရာအားဖြင့် ဖြစ်ပေါ်လာအောင် ဘဝင်အာရုံကို စွန့်စေခြင်း ... (ကိစ္စ) ရသ၊

၃။ ရူပါရုံဘက်သို့ ရှေးရှူမျက်နှာမူသည့် သဘောတရား ... ပစ္စုပဋ္ဌာန်၊

၄။ ဘဝင်အယဉ် ပြတ်စဲခြင်း = ဘဝင်္ဂုပစ္ဆေဒ = ရပ်သောဘဝင် ... ပဒဋ္ဌာန်။[]

အာဝဇ္ဇန်း - သဒ္ဒါရုံကို အာရုံပြုသည်စသည်

ပြင်ဆင်ရန်

ယှဉ်သည့်ဝေဒနာ

ပြင်ဆင်ရန်

ပဉ္စဒွါရာဝဇ္ဇန်းစိတ်သည် တစ်စုံတစ်ခုသော ဝီထိ စိတ်က မယူအပ်သေးသော အာရုံသစ်ကို ရှေးဦးစွာယူ၍ တစ်ကြိမ်တည်းဖြစ်သောကြောင့် ဥပေက္ခာဝေဒနာနှင့်သာယှဉ်သည်[][]

ယင်းစိတ်သည် ရှေ့ဘဝင်စိတ်နှင့် မတူသော နောက်ဝီထိစိတ်ကို ဖြစ်အောင် ပြုတတ်သောကြောင့် “မနသိကာရ” ဟု ခေါ်သည်။ မနသိကာရ ၃-ပါးတွင် ဝီထိစိတ်ကို စီရင်တတ်, ထင်စေတတ်သောကြောင့် “ဝီထိပဋိပါဒကမနသိကာရ” ဟု ခေါ်သည် [][]

  1. (အဘိ၊ဋ္ဌ၊၁၊၃၃၂။ သင်္ဂဟ၊၄၄-၈။ ဝိဘာဝိနီ၊၈၆)
  2. (အဘိ၊ဓ၊၁၃၉။ သင်္ဂဟ၊၅)
  3. (အဘိ၊ဓ၊၁၀၈။ ဝိဘာဝိနီ၊၁၃၆
  4. ၄.၀ ၄.၁ ၄.၂ တိပိဋကအဘိဓာန် အတွဲ-၁၃
  5. (ဝိသုဒ္ဓိ၊၂၊၈၆)
  6. ၆.၀ ၆.၁ ဖားအောက်တောရဆရာတော်နိဗ္ဗာန်သို့ သွားရာ တစ်ကြောင်းတည်းသောလမ်း
  7. (ဝိဘာဝိနီ၊၈၅။ အဘိ၊ဝတာရ၊ဋီ၊၁၊၂၇၆။ မဏိမဉ္ဇူ၊၁၊၁၉၈)
  8. (အဘိ၊ဋ္ဌ၊၁၊၁၇၇။ ဝိသုဒ္ဓိ၊၂၊၉၆)