ဟတ္ထနိဒ္ဓုနကသိက္ခာပုဒ် (ကဗဠဝဂ်)

လက်ကိုခါ၍ စားခြင်း ပြင်ဆင်ရန်

ဆဗ္ဗဂ္ဂီရဟန်းတို့သည် လက်၌ပေနေသော ဆွမ်း-ဟင်းများကို ကွာကျသွားအောင် လက်ကို ခါ၍ ခါ၍ စားကြကုန်၏၊ ထိုလက်ခါမှုလည်း အမြင်မတော်သဖြင့် လူတို့ ကဲ့ရဲ့ကြသောကြောင့်...[၁]

စာမျက်နှာ-၃၀၃ “န ဟတ္ထနိဒ္ဓုနကံ ဘုဉ္ဇိဿာမီတိ သိက္ခာ ကရဏီယာ”။ ဟု ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။

မြန်မာပြန် ပြင်ဆင်ရန်

“လက်ကို ခါ၍ခါ၍ ဆွမ်းမစားအံ့ဟု အလေ့အကျင့်ကို ပြုရမည်။ ဟတ္ထ-လက်ကို= လက်ချောင်းတို့ကို+ဓုနက−ခါ၍။ [လက်၌ ဆွမ်း-ဟင်းကပ်နေလျှင် လက်ချောင်းဖြင့်သာ ဖြစ်၍ ဖယ်၍ ချရမည်၊ ဆွမ်း၌ အမှိုက်အရိုး ကျောက်ခဲစသည် ပါနေ၍ ပစ်ရာ၌ကား လက်ကိုခါရာရောက်သော်လည်း အာပတ်မသင့်။]

ကိုးကား ပြင်ဆင်ရန်

  1. အရှင်ဇနကာဘိဝံသ (၁၉၉၆)။ ဘုရားဥပဒေတော်ကြီး