အနန္တရိယကံ သည် ငါးပါး ရှိသည်။ ပဉ္စာနန္တရိယကံ ဟုလည်း ခေါ်ကြသည်။ ကြီးလေးသောကံတရားဖြစ်ပြီး ကျူးလွန်မိသောသူအား ကြီးလေးသော အပြစ်အန္တရာယ်များ ကျရောက်စေသည်။[၁][၂] အနန္တရိယဟု ခေါ်ဆိုခြင်းမှာ 'အ' (မရှိ)၊ 'နန္တရ' (ကြားကာလ) ဖြစ်ပြီး အဓိပ္ပာယ်အားဖြင့် ကျူးလွန်သူသည် ကြားကာလမရှိဘဲ နောက်ဘဝ၌ ချက်ချင်း ထိုကံ၏ ဆိုးကျိုးကို ခံစားရမည် ဖြစ်သည်။ တစ်နည်းအားဖြင့် ကျူးလွန်သူသည် အဝီစိငရဲပြည်သို့ သေချာပေါက်ရောက်မည် ဖြစ်သည်။[၃] ဗုဒ္ဓဘာသာ၌ ထိုကဲ့သို့ ကြီးလေးသည့် အန္တရိယကံကို ကျူးလွန်သူအား ထိုဘဝ၌ သောတာပန်၊ သကဒါဂါမ်၊ အနာဂမ်၊ ရဟန္တာ စသည့်အရိယာများ ဖြစ်ခွင့်မရှိအောင်ပင် ပိတ်ပင်တားဆီးသည်။[၄] အန္တရိယကံ ငါးမျိုးတို့မှာ အောက်ပါတို ဖြစ်သည် - [၅][၆][၇]

  • (၁) မာတုဃာတက - အမိရင်းကိုသတ်သူ၊
  • (၂) ပိတုဃာတက - အဖရင်းကိုသတ်သူ၊
  • (၃)အရဟန္တဃာတက - ရဟန္တာကိုသတ်သူ၊
  • (၄) လောဟိတုပ္ပါဒက - ဘုရားအားသွေးစိမ်းတည်အောင်ပြုသူ၊
  • (၅) သံဃဘေဒက - သံဃာတော်တို့အား ဂိုဏ်းအသင်းခွဲသူ၊

ဤအန္တရိယကံကို ကျူးလွန်သူငါးဦးတို့သည် ကုသိုလ်ကောင်းမှုမည်မျှပင်ပြုပြု သေသည်၏အခြားမဲ့က အဝီစိငရဲ စသည်သို့မုချသွားရောက် ခံစားရမည် ဖြစ်သည်။[၈]

ကျမ်းဂန်လာ အနန္တရိယကံကျူးလွန်သူများ ပြင်ဆင်ရန်

အသျှင်ဒေဝဒတ် ပြင်ဆင်ရန်

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - ဒေဝဒတ်

အထက်ပါ ဘုရင်ကြီး သုပ္ပဗုဒ္ဓ၏ သားဖြစ်သူ၊ ယသောဓရာ၏ မောင်တော်စပ်သူ၊ သိဒ္ဓတ္ထမင်းသား၏ တစ်ဝမ်းကွဲညီအစ်ကိုနှင့် ယောက်ဖတော်စပ်သူဖြစ်သည်။ အသျှင်ဒေဝဒတ်သည် မြတ်စွာဘုရားအား ဂိဇ္ဈကုဋ်တောင်ပေါ်မှ ကျောက်တုံးလှိမ့်ချကာ မြတ်စွာဘုရားအား သတ်ရာတွင် မြတ်စွာဘုရား၏ ခြေတော်၌ သွေးစိမ်းတည်အောင်ပြုလုပ်ခြင်း၊ သံဃာသင်းခွဲခြင်း စသည့်ကံများကြောင့် အစီစိငရဲသို့ ကျရောက်ခဲ့ရသည်။

အဇာတသတ် ပြင်ဆင်ရန်

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - အဇာတသတ်မင်း

အဇာတသတ်သည် ဖခင်ဖြစ်သူ ဗိမ္ဗိသာရမင်းကြီးကို သတ်ခဲ့သည့် အနန္တရိယကံကို ကျူးလွန်သည့်အတွက် အဝီစိငရဲသို့ ကျရောက်ရန်ရှိခဲ့သော်လည်း မိမိ၏ အမှားကို သိမြင်ကာ တောင်းပန်ကန်တော့ခဲ့သောကြောင့် လောဟကုမ္ဘီငရဲသို့သာ ကျရောက်ခဲ့သည်။

ကိုးကား ပြင်ဆင်ရန်

  1. Gananath Obeyesekere (1990)၊ The Work of Culture: Symbolic Transformation in Psychoanalysis and AnthropologyUniversity of ChicagoISBN 978-0-226-61599-8
  2. "The Buddha's Bad Karma: A Problem in the History of Theravâda Buddhism" (1990). Numen 37 (1): 70–95. 
  3. ဖျာပုံတိုက်သစ်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ အရှင်ဩဘာသာဘိဝံသ ရေးသားသော သုတေသန သရုပ်ပြအဘိဓာန်ကျမ်း
  4. Nakamura၊ Hajime (1991)။ Ways of Thinking of Eastern Peoples: India, China, Tibet, JapanMotilal Banarsidass။ p. 285။ ISBN 978-8120807648
  5. The Sutra Preached by the Buddha on the Total Extinction of the Dharma။ buddhism.org။ 10 January 2013 တွင် ပြန်စစ်ပြီး။
  6. Nyanatiloka (1980)၊ Buddhist Dictionary: Manual of Buddhist Terms and Doctrines၊ Buddhist Publication Society၊ ISBN 978-955-24-0019-3
  7. Triplegem glossary Archived 2006-12-28 at the Wayback Machine.
  8. ဖျာပုံတိုက်သစ်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ အရှင်ဩဘာသာဘိဝံသ ရေးသားသော သုတေသန သရုပ်ပြအဘိဓာန်ကျမ်း