[၁] ဘုရားရှင် ကောသလနိုင်ငံ ... သီတင်းသုံးတော်မူစဉ် “နီဝရဏတို့ဖြင့် ကျဉ်းမြောင်းရာ၌ ဈာန်ကိုရတော်မူသော မာနကိုပယ်ပြီးသူတို့ထက် ဘုရားရှင်သည် မြတ်တော်မူပါပေ၏”ဟု ဘုရားရှင်အား ချီးကျူးလျှောက်ထားသော ပဉ္စာလ စဏ္ဍနတ်သားအား “ဈာန်နှင့် နိဗ္ဗာန်ရောက်ကြောင်းသတိကို ရကုန်သောသူတို့သည် လောကုတ္တရာသမာဓိဖြင့် ကောင်းစွာတည်ကြကုန်၏”ဟု ဘုရားရှင် ဟောတော်မူသည့်သုတ်။

အဋ္ဌကထာ, ဋီကာတို့၌ ယင်းနတ်သားအကြောင်းနှင့်တကွ ဖွင့်သင့်သည်တို့ကို အကျယ်ဖွင့်ဆိုထားပါသည်။ [၂]

ကိုးကား ပြင်ဆင်ရန်

  1. -သံ၊၁၊၄၆။ သံ၊မြန်၊၁၊၄၅။ သံ၊ဋ္ဌ၊၁၊၉၉။ သံ၊ဋီ၊၁၊၁၄၆-၇။ -သံယုတ္တနိကာယ၊ သဂါထာဝဂ္ဂသံယုတ္တ၊ ၂-ဒေဝပုတ္တသံယုတ္တ၊ ၁-ပဌမဝဂ္ဂ၊ သတ္တမသုတ်။
  2. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ