ပညာရှိ တွေးကြည့်လျှင် ပြေးကြည့်တာထက် မှန်သည်

ပညာရှိ တွေးကြည့်လျှင် ပြေးကြည့်တာထက် မှန်သည် သည် မြန်မာဆိုရိုးစကား ဖြစ်သည်။[၁]

အနက်အဓိပ္ပာယ် ပြင်ဆင်ရန်

အခြင်းအရာတစ်ခုကို ပညာမဲ့သူက ကိုယ်တိုင်သွားရောက်လေ့လာပြီး ပြောပြသည်ထက် ပညာရှိသူက အဝေးမှ မှန်းဆပြောဆိုခြင်းက ပိုမိုထိရောက်မှန်ကန်သည်။[၁]

အခြားအသုံးအနှုန်း ပြင်ဆင်ရန်

(၁) ပညာရှိ တွေးသည်ကို ပညာမဲ့ ပြေး၍ ကြည့်သည်မတန်၊

(၂) ပညာရှိအတွေး ပြေးကြည့်သလို ဟူ၍လည်း အဆိုများ ရှိသည်။[၁]

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ ၁.၂ မြန်မာဆိုရိုးစကား (ပထမအကြိမ် ed.)။ မြန်မာစာအဖွဲ့ဦးစီးဌာန။ အောက်တိုဘာ ၁၉၉၆။