[၁] ဘုရားရှင် ကောသလနိုင်ငံ ... သီတင်းသုံးတော်မူစဉ် “အတ္ထ, ဓမ္မ, နိရုတ္တိ, ပဋိဘာန-ဟူသော ပဋိသမ္ဘိဒါလေးပါးနှင့်တကွ သီတင်းသုံးဖော်တို့၏ ဖြစ်ပေါ်လာသော ကိစ္စလုပ်ငန်းတို့၌ ကျွမ်းကျင်လိမ္မာစွာ စီမံခန့်ခွဲ ပြုလုပ်နိုင်သော နည်းလမ်း, ဉာဏ်ပညာအမြော်အမြင်, လုံ့လဝီရိယနှင့်ပြည့်စုံခြင်း-ဟူသော အရည် အချင်း ဓမ္မငါးမျိုးတို့နှင့်ပြည့်စုံသောမထေရ်ကို သီတင်းသုံးဖော်တို့ ချစ်ခင်မြတ်နိုး အလေးအမြတ်ပြုအပ်, စိတ်နှလုံး၌ တသသ သတိရနေကြရကုန်၏”ဟု ရဟန်းတို့အား ဘုရားရှင် ဟောကြားတော်မူသည့်သုတ်။

အဋ္ဌကထာ, ဋီကာတို့၌ မှတ်သားဖွယ် ဖွင့်ဆိုချက်များ များစွာရှိပါသည်။ [၂]


ပဋိသမ္ဘိဒါပတ္တသုတ် သည် မြတ်စွာဘုရားဟောကြားတော်မူခဲ့သည့် သုတ္တန်တစ်ခု ဖြစ်သည်။ ဤသုတ္တန်တွင် မြတ်စွာဘုရားသည် သီတင်းသုံးဖာ်တို့၏ ချစ်အပ်သူ မြတ်နိုးအပ်သူ အလေးအမြတ်ပြုအပ်သူ (နှလုံးကို) ပွားစေတတ်သူ မထေရ်ရဟန်း ပြည့်စုံသောတရားငါးမျိုးတို့ကို ဟောကြားတော်မူခဲ့သည်။[၃]

ကိုးကား ပြင်ဆင်ရန်

  1. -အံ၊၂၊၉၉-၁၀၀။ အံ၊မြန်၊၂၊၁၂၁-၅။ အံ၊ဋ္ဌ၊၃၊၃၈။ အံ၊ဋီ၊၃၊၃၅။ -အင်္ဂုတ္တရနိကာယ၊ ပဉ္စကနိပါတ၊ ၂-ဒုတိယပဏ္ဏာသက၊ (၉)၄-ထေရဝဂ္ဂ၊ ဆဋ္ဌသုတ်။
  2. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ
  3. အင်္ဂုတ္တရနိကာယ်၊ အင်္ဂုတ္တိုရ်ပါဠိတော် မြန်မာပြန်၊ ပဉ္စကနိပါတ်၊ ၂-ဒုတိယပဏ္ဏာသက (ဒုတိယသုတ်ငါးဆယ်)၊ (၉) ၄-ထေရဝဂ် ၆- ပဋိသမ္ဘိဒါပတ္တသုတ်