အမှု—အသက် ၂ ဝ မပြည့်သေးသောကုမာရီဘူတ သာမဏေမကို ရဟန်းပြုပေးမှု။

အမှုသည်—ဘိက္ခုနီအများ။ [၁]

ယောက်ျားတို့မသွားလာအပ်ဘူး၍ အပျိုစင်ဖြစ်နေသော မိန်းမသားတို့သည် စိတ်ရော ကိုယ်ပါ နုနယ်ကြ၏၊ ထို့ကြောင့် အအေးအပူစသော ဒုက္ခများကို ယောက်ျားတို့ သွားလာအပ်ဘူးသော (ဂိဟိဂတာ) မိန်းမများလောက် ခံနိုင်ရည်မရှိကြ၊ အသက် ၂ဝ-အရွယ် ရောက်မှသာ ထိုဒုက္ခများကို ခံနိုင်ရည်ရှိကြ၏၊ ဤသိက္ခာပုဒ်၏ အမှုရှင် ဖြစ်သော ဘိက္ခုနီ ဆရာမကြီးတို့သည် ဤအကြောင်းကို သတိမထားဘဲ ငယ်ဖြူသာမဏေမတို့ကို ဘိက္ခုနီပြုပေးမိသဖြင့် အခြားဘိက္ခုနီတို့က ကဲ့ရဲ့ ကြသောကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။

သိက္ခာပုဒ် ပြင်ဆင်ရန်

ယာ ပန ဘိက္ခုနီ ဦနဝီသတိဝဿံ ကုမာရိဘူတံ ဝုဋ္ဌာပေယျ, ပါစိတ္တိယံ။

မြန်မာပြန် ပြင်ဆင်ရန်

အသက် ၂၀ မပြည့်သေးသော အပျိုစင်သာမဏေမကို ဘိက္ခုနီပြုပေးသော ဥပဇ္ဈာယ်ဆရာမမှာ ပါစိတ်အာပတ်သင့်၏။

ကိုးကား ပြင်ဆင်ရန်

  1. အရှင်ဇနကာဘိဝံသ (၁၉၉၆)။ ဘုရားဥပဒေတော်ကြီး