ပဌမ ကုလူပကသုတ် သည် မြတ်စွာဘုရားဟောကြားတော်မူခဲ့သည့် သုတ္တန်တစ်ခု ဖြစ်သည်။ ဤသုတ္တန်တွင် မြတ်စွာဘုရားသည် အိမ်သို့ကပ်တတ်သော ရဟန်း၌ အပြစ်ငါးမျိုးတို့ကို ဟောကြားတော်မူခဲ့သည်။[၁]

ပဌမ ကုလူပကသုတ် ပြင်ဆင်ရန်

ရဟန်းတို့ အိမ်သို့ကပ်တတ်သော ရဟန်း၌ အပြစ်တို့သည် ဤငါးမျိုးတို့တည်း။ အဘယ်ငါးမျိုးတို့နည်း ဟူမူ -[၁]

  • မပန်ကြားပဲ သွားလာခြင်းကြောင့် (ပါစိတ်) အာပတ်သင့်၏။
  • ဆိတ်ကွယ်ရာ၌ (မာတုဂါမနှင့်အတူ) ထိုင်နေခြင်းကြောင့် (ပါစိတ်) အာပတ်သင့်၏။
  • ဖုံးလွှမ်းသော နေရာ၌ (မာတုဂါမနှင့်အတူ) နေခြင်းကြောင့် (ပါစိတ်) အာပတ်သင့်၏။
  • မာတုဂါမအား ငါးပုဒ် ခြောက်ပုဒ်ထက်အလွန် တရားဟောခြင်းကြောင့် (ပါစိတ်) အာပတ်သင့်၏။
  • ကာမဂုဏ်ကို ကြံစည်ခြင်း များလျက် နေ၏။[၁]

ရဟန်းတို့ အိမ်သို့ကပ်တတ်သော ရဟန်း၌ အပြစ်တို့သည် ဤငါးမျိုးတို့တည်း ဟု (မိန့်တော်မူ၏)။[၁]

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ဆဋ္ဌသံဂါယနာတင် ပိဋကတ်တော်၊ အင်္ဂုတ္တရနိကာယ်ဝင် သုတ္တန်ပိဋကတ်၊ အင်္ဂုတ္တိုရ်ပါဠိတော် မြန်မာပြန် (ဒုတိယတွဲ)၊ ပဉ္စက - ဆက္က - သတ္တကနိပါတ်၊ (၅) ပဉ္စမပဏ္ဏာသက (၂၃) ၃-ဒီဃစာရိကဝဂ်၊ ၅ - ပဌမ ကုလူပကသုတ် (တတိယအကြိမ် ed.)။ ရန်ကုန်မြို့၊ ကမ္ဘာအေး၊ သာသနာရေးဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနပုံနှိပ်တိုက်။ ၁၉၉၈။ pp. ၂၈၆, ၂၈၇။