ပဌမ သမယဝိမုတ္တသုတ် သည် မြတ်စွာဘုရားဟောကြားတော်မူခဲ့သည့် သုတ္တန်တစ်ခု ဖြစ်သည်။ [၁]

ပဌမ သမယဝိမုတ္တသုတ် ပြင်ဆင်ရန်

ရဟန်းတို့ ဤတရားငါးမျိုးတို့သည် ဝင်စားသောခဏ၌ ကိလေသာမှ လွတ်သော (လောကီသမာပတ်စိတ်ရှိသော) ရဟန်းအား ဆုတ်ယုတ်ရန် ဖြစ်ကုန်၏။

အဘယ်ငါးမျိုးတို့နည်း ဟူမူ -

  • အမှုသစ်၌ မွေ့လျော်ခြင်း၊
  • စကားပြောမှု၌ မွေ့လျော်ခြင်း၊
  • အိပ်ခြင်း၌ မွေ့လျော်ခြင်း၊
  • အပေါင်းအဖော်၌ မွေ့လျော်ခြင်း၊
  • လွတ်မြောက်ပြီးတိုင်းသော စိတ်ကို မဆင်ခြင်ခြင်းတို့တည်း။

ရဟန်းတို့ ဤတရားငါးမျိုးတို့သည် ဝင်စားသောခဏ၌ ကိလေသာမှ လွတ်သော (လောကီသမာပတ်စိတ်ရှိသော) ရဟန်းအား ဆုတ်ယုတ်ရန် ဖြစ်ကုန်၏။

ရဟန်းတို့ ဤတရားငါးမျိုးတို့သည် ဝင်စားသောခဏ၌ ကိလေသာမှ လွတ်သော (လောကီသမာပတ်စိတ်ရှိသော) ရဟန်းအား မဆုတ်ယုတ်ရန် ဖြစ်ကုန်၏။

အဘယ်ငါးမျိုးတို့နည်း ဟူမူ -

  • အမှုသစ်၌ မမွေ့လျော်ခြင်း၊
  • စကားပြောမှု၌ မမွေ့လျော်ခြင်း၊
  • အိပ်ခြင်း၌ မမွေ့လျော်ခြင်း၊
  • အပေါင်းအဖော်၌ မမွေ့လျော်ခြင်း၊
  • လွတ်မြောက်ပြီးတိုင်းသော စိတ်ကို ဆင်ခြင်ခြင်းတို့တည်း။

ရဟန်းတို့ ဤတရားငါးမျိုးတို့သည် ဝင်စားသောခဏ၌ ကိလေသာမှ လွတ်သော (လောကီသမာပတ်စိတ်ရှိသော) ရဟန်းအား မဆုတ်ယုတ်ရန် ဖြစ်ကုန်၏ ဟု (မိန့်တော်မူ၏)။[၁]

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ အင်္ဂုတ္တရနိကာယ်၊ အင်္ဂုတ္တိုရ်ပါဠိတော် မြန်မာပြန်၊ ပဉ္စကနိပါတ်၊ ၃-တတိယပဏ္ဏာသက (တတိယသုတ်ငါးဆယ်)၊ (၁၅) ၅- တိကဏ္ဍကီဝဂ် ၉ - ပဌမ သမယဝိမုတ္တသုတ်