ပဌမ သမ္ပဒါသုတ် သည် မြတ်စွာဘုရားဟောကြားတော်မူခဲ့သည့် သုတ္တန်တစ်ခု ဖြစ်သည်။ ဤသုတ္တန်တွင် မြတ်စွာဘုရားသည် ပြည့်စုံခြင်း ‘သမ္ပဒါ’ ငါးမျိုးတို့ကို ဟောကြားတော်မူခဲ့သည်။[၁]

ပဌမ သမ္ပဒါသုတ် ပြင်ဆင်ရန်

ရဟန်းတို့ ပြည့်စုံခြင်း ‘သမ္ပဒါ’ တို့သည် ဤငါးမျိုးတို့တည်း။ အဘယ်ငါးမျိုးတို့နည်း ဟူမူ - ယုံကြည်မှု ‘သဒ္ဓါ’ နှင့် ပြည့်စုံခြင်း၊ စောင့်ထိန်းမှု ‘သီလ’ နှင့် ပြည့်စုံခြင်း၊ အကြားအမြင် ‘သုတ’ နှင့် ပြည့်စုံခြင်း၊ စွန့်ကြဲမှု ‘စာဂ’ နှင့် ပြည့်စုံခြင်း၊ သိမှု ‘ပညာ’ နှင့် ပြည့်စုံခြင်းတို့တည်း။

ရဟန်းတို့ ပြည့်စုံခြင်းတို့သည် ဤငါးမျိုးတို့တည်း ဟု (မိန့်တော်မူ၏)။[၁]

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ အင်္ဂုတ္တရနိကာယ်၊ အင်္ဂုတ္တိုရ်ပါဠိတော် မြန်မာပြန်၊ ပဉ္စကနိပါတ်၊ ၂-ဒုတိယပဏ္ဏာသက (ဒုတိယသုတ်ငါးဆယ်)၊ (၁၀) ၅ - ကကုဓဝဂ် ၁- ပဌမ သမ္ပဒါသုတ်