ပဌမ အက္ခန္တိသုတ်
ပဌမ အက္ခန္တိသုတ် သည် မြတ်စွာဘုရားဟောကြားတော်မူခဲ့သည့် သုတ္တန်တစ်ခု ဖြစ်သည်။ ဤသုတ္တန်တွင် မြတ်စွာဘုရားသည် သည်းမခံခြင်း၏ အပြစ်ငါးမျိုးနှင့် သည်းခံခြင်း၏ အကျိုးငါးမျိုးတို့ကို ဟောကြားတော်မူခဲ့သည်။[၁]
ပဌမ အက္ခန္တိသုတ်
ပြင်ဆင်ရန်ရဟန်းတို့ သည်းမခံခြင်း၏ အပြစ်တို့သည် ဤငါးမျိုးတို့တည်း။ အဘယ်ငါးမျိုးတို့နည်း ဟူမူ -[၁]
- လူအများ မချစ်မနှစ်သက်။
- ရန်များ၏။
- အပြစ်များ၏။
- တွေဝေလျက် သေရ၏။
- ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ချမ်းသာကင်းသော မကောင်းသောလားရာ ပျက်စီး၍ ကျရောက်ရာဖြစ်သော ငရဲသို့ ရောက်ရ၏။[၁]
ရဟန်းတို့ သည်းမခံခြင်း၏ အပြစ်တို့သည် ဤငါးမျိုးတို့တည်း။[၁]
ရဟန်းတို့ သည်းခံခြင်း၏ အကျိုးတို့သည် ဤငါးမျိုးတို့တည်း။ အဘယ်ငါးမျိုးတို့နည်း ဟူမူ - [၁]
- လူအများ ချစ်နှစ်သက်၏။
- ရန်မများ။
- အပြစ်မများ။
- မတွေမဝေပဲ သေရ၏။
- ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသောလားရာ နတ်ပြည်သို့ ရောက်ရ၏။[၁]
ရဟန်းတို့ သည်းခံခြင်း၏ အကျိုးတို့သည် ဤငါးမျိုးတို့တည်းဟု (မိန့်တော်မူ၏)။[၁]
ကိုးကား
ပြင်ဆင်ရန်- ↑ ၁.၀ ၁.၁ ၁.၂ ၁.၃ ၁.၄ ၁.၅ ၁.၆ ဆဋ္ဌသံဂါယနာတင် ပိဋကတ်တော်၊ အင်္ဂုတ္တရနိကာယ်ဝင် သုတ္တန်ပိဋကတ်၊ အင်္ဂုတ္တိုရ်ပါဠိတော် မြန်မာပြန် (ဒုတိယတွဲ) ၊ ပဉ္စက - ဆက္က - သတ္တကနိပါတ်၊ (၅) ပဉ္စမပဏ္ဏာသက (၂၂) ၂-အက္ကောသကဝဂ်၊ ၅-ပဌမ အက္ခန္တိသုတ် (တတိယအကြိမ် ed.)။ ရန်ကုန်မြို့၊ ကမ္ဘာအေး၊ သာသနာရေးဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနပုံနှိပ်တိုက်။ ၁၉၉၈။ pp. ၂၈၀၊ ၂၈၁။