ပဌမ အပါသာဒိကသုတ်
ပဌမ အပါသာဒိကသုတ် သည် မြတ်စွာဘုရားဟောကြားတော်မူခဲ့သည့် သုတ္တန်တစ်ခု ဖြစ်သည်။ ဤသုတ္တန်တွင် မြတ်စွာဘုရားသည် ကြည်ညိုဖွယ်မရှိသော ပုဂ္ဂိုလ်၏ အပြစ်ငါးမျိုးနှင့် ကြည်ညိုဖွယ်ရှိသော ပုဂ္ဂိုလ်၏ အကျိုးငါးမျိုးတို့ကို ဟောကြားတော်မူခဲ့သည်။[၁]
ပဌမ အပါသာဒိကသုတ်
ပြင်ဆင်ရန်ရဟန်းတို့ ကြည်ညိုဖွယ်မရှိသော ပုဂ္ဂိုလ်၌ အပြစ်တို့သည် ဤငါးမျိုးတို့တည်း။ အဘယ်ငါးမျိုးတို့နည်း ဟူမူ -[၁]
- မိမိကိုယ်တိုင်လည်း မိမိကိုယ်ကို စွပ်စွဲ၏။
- ပညာရှိတို့ စိစစ်၍ ကဲ့ရဲ့ကုန်၏။
- မကောင်းသော ကျော်စောသံ ပြန့်နှံ့၍ ထွက်၏။
- တွေဝေလျက် သေရ၏။
- ခန္ဓာကိုယ် ပျက်စီး၍ သေပြီးသည်မှ နောက်၌ ချမ်းသာကင်းသော မကောင်းသော လားရာ ပျက်စီး၍ ကျရောက်ရာဖြစ်သော ငရဲသို့ ရောက်ရ၏။[၁]
ရဟန်းတို့ ကြည်ညိုဖွယ်မရှိသော ပုဂ္ဂိုလ်၌ အပြစ်တို့သည် ဤငါးမျိုးတို့တည်း။[၁]
ရဟန်းတို့ ကြည်ညိုဖွယ်ရှိသော ပုဂ္ဂိုလ်၌ အကျိုးတို့သည် ဤငါးမျိုးတို့တည်း။ အဘယ်ငါးမျိုးတို့နည်း ဟူမူ -[၁]
- မိမိကိုယ်တိုင်လည်း မိမိကိုယ်ကို မစွပ်စွဲ။
- ပညာရှိတို့ စိစစ်၍ ချီးမွမ်းကုန်၏။
- ကောင်းသော ကျော်စောသံသည် ပြန့်နှံ့၍ ထွက်၏။
- မတွေဝေပဲ သေရ၏။
- ခန္ဓာကိုပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသော လားရာ နတ်ပြည်သို့ ရောက်ရ၏။[၁]
ရဟန်းတို့ ကြည်ညိုဖွယ်ရှိသော ပုဂ္ဂိုလ်၌ အကျိုးတို့သည် ဤငါးမျိုးတို့တည်းဟု (မိန့်တော်မူ၏) [၁]
ကိုးကား
ပြင်ဆင်ရန်- ↑ ၁.၀ ၁.၁ ၁.၂ ၁.၃ ၁.၄ ၁.၅ ၁.၆ ဆဋ္ဌသံဂါယနာတင် ပိဋကတ်တော်၊ အင်္ဂုတ္တရနိကာယ်ဝင် သုတ္တန်ပိဋကတ်၊ အင်္ဂုတ္တိုရ်ပါဠိတော် မြန်မာပြန် (ဒုတိယတွဲ)၊ ပဉ္စက - ဆက္က - သတ္တကနိပါတ်၊ (၅) ပဉ္စမပဏ္ဏာသက (၂၂) ၂-အက္ကောသကဝဂ်၊ ၇- ပဌမ အပါသာဒိကသုတ် (တတိယအကြိမ် ed.)။ ရန်ကုန်မြို့၊ ကမ္ဘာအေး၊ သာသနာရေးဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနပုံနှိပ်တိုက်။ ၁၉၉၈။ pp. ၂၈၁၊ ၂၈၂။