ပတ္တဒါကယ်

၇ ရာစုနှင့် ၈ ရာစု ဘုရားကျောင်းများရှိရာ ကမ္ဘာယဉ်ကျေးမှုအမွေအနှစ်နေရာ

ပတ္တဒါကယ် အား ပတ္တဒါကယ်လူး သို့မဟုတ် ရတ္တပူရ ဟုလည်း ခေါ်ဝေါ်ကြပြီး အိန္ဒိယနိုင်ငံ ကာနာတာကားပြည်နယ်မြောက်ပိုင်းရှိ ၇ ရာစု နှင့် ၈ ရာစုမှ ဟိန္ဒူဘာသာဝင် နှင့် ဂျိမ်းဘာသာဝင်တို့၏ ဘုရားကျောင်းတော် အဆောက်အဦး အစုအဝေး ဖြစ်သည်။ မလာပရာဘာမြစ်၏ အနောက်ဘက်ကမ်း ဘာဂါလာကုတ် ခရိုင်အတွင်း တည်ရှိသော ယူနက်စကို၏ ကမ္ဘာ့အမွေအနှစ်နေရာ သတ်မှတ်ထားခြင်း ခံရသော နေရာသည်။ [][] ဘာဒါမီမြို့မှ ၁၄ မိုင် (၂၃ ကီလိုမီတာ) အကွာနှင့် အိုင်ဟိုးမြို့မှ ၆ မိုင် (၉.၇ ကီလိုမီတာ) အကွာတွင် တည်ရှိကာ ထိုနေရာနှစ်ခုမှာလည်း သမိုင်းတန်ဖိုးအရ အရေးပါသည့် ခြာလုကြာ အထိမ်းအမှတ် အဆောက်အဦးများ တည်ရှိရာ နေရာဖြစ်သည်။[][] ဤ အထိမ်းအမှတ် အဆောက်အဦး အစုအဝေးသည် အိန္ဒိယ ဥပဒေအရ ထိန်းသိမ်းထားသော နေရာဖြစ်ပြီး အိန္ဒိယ အစိုးရ၏ အိန္ဒိယ ရှေးဟောင်းသုတေသန ကွင်းဆင်းလေ့လာရေး ဌာနမှ စီမံခန့်ခွဲသည်။ []

ပတ္တဒါကယ်ရှိ အထိမ်းအမှတ် အဆောက်အဦး အစုအဝေး*
UNESCO ကမ္ဘာ့အမွေအနှစ်နေရာများ

တည်ရှိသည့် နိုင်ငံ  အိန္ဒိယ
အမျိုးအစား ယဉ်ကျေးမှု
ရွေးချယ်သည့်စံနှုန်း iii, iv
ကိုးကား ၂၃၉
ဒေသ** အာရှ နှင့် ပစိဖိတ်
သတ်မှတ်ခြင်း မှတ်တမ်း
စတင်သတ်မှတ်ခြင်း ၁၉၈၇  (၁၁ ကြိမ်)
* ယူနက်စကိုကမ္ဘာ့အမွေခံစာရင်းတွင် ရေးထိုးထားသောအမည်
** ယူနက်စကိုမှ ခွဲခြားသတ်မှတ်ထားသောဒေသ

ယူနက်စကိုမှ ပတ္တဒါကယ်အား "အိန္ဒိယနိုင်ငံ မြောက်ပိုင်းနှင့်တောင်ပိုင်းမှ ဗိသုကာပုံစံတို့ကို ဟန်ချက်ညီမျှစွာ ပေါင်းစပ်ထားသည်" ဟုဖော်ပြထားပြီး "အမျိုးစုံသော အနုပညာ" တို့ကို ထိပ်ဆုံးရောက်အောင် ပေါင်းစပ်ခြယ်မှုန်းပြထားသည်ဟုလည်း ဆိုသည်။ [] ဟိန္ဒူဘုရားကျောင်းများသည် ယေဘုယျအားဖြင့် သီဝနတ်ဘုရားအား ရည်စူးတည်ဆောက်ထားသော်လည်း ဗိဿနိုးနတ်အား ကိုးကွယ်မှု နှင့် ရှတ်တီကိုးကွယ်မှု တို့နှင့် ပတ်သက်သည့် ဒဏ္ဍာရီများကိုလည်း ဖော်ပြထားသည်။ ဟိန္ဒူဘုရားကျောင်းများ၏ ထိပ်စည်းပန်းတန်းများ ပေါ်တွင် ဗေဒနှင့် ပျူရဏ သဘောတရားများကို ပြသထားပြီး ရာမယဏ ၊ မဟာဘာရတ နှင့် ဘဂ္ဂဗ္ဗတာ ပျူရဏ ဇာတ်တော်တို့မှ ဇာတ်လမ်းများကို ထွင်းထု ပြသထားသည့် အပြင် အခြား ဟိန္ဒူကျမ်းစာများ ဖြစ်ကြသော ပန်ချာတန္တရ နှင့် ကိရတဂျူနိယ တို့မှ စာတမ်းများကိုလည်း ဖော်ပြထားသည်။ [][] ဂျိမ်းဘုရားကျောင်းသည် ဂျိန တစ်ဦးတည်းကိုသာ ရည်စူးထားသည်။ [] ခေတ်အဆန်ဆုံး ဘုရားကျောင်းတွင် ရှုပ်ထွေးသော ထိပ်စည်းပန်းတန်းများနှင့် မြောက်ပိုင်းနှင့် တောင်ပိုင်းစတိုင်လ်များ ရောနှောထားပြီး ပါပါနသ ဘုရားကျောင်းနှင့် ဗိရုပက်ရှ ဘုရားကျောင်းတို့တွင် တွေ့ရသည်။ [][] ဗိရုပက်ရှ ဘုရားကျောင်းသည် ဟိန္ဒူတို့ ဘုရားရှိခိုးရာ နေရာ ဖြစ်နေဆဲဖြစ်သည်။ [][]

  1. World Heritage Sites - Pattadakal။ Archaeological Survey of India။ 21 June 2016 တွင် ပြန်စစ်ပြီး။
  2. ၂.၀ ၂.၁ ၂.၂ Group of Monuments at Pattadakal, UNESCO; See also Advisory Body Evaluation (ICOMOS), UNESCO
  3. World Heritage Sites - Pattadakal - More Detail, Archaeological Survey of India, Government of India (2012)
  4. Michell 2017, pp. 12-19, 110-114.
  5. World Heritage Sites - Pattadakal; Group of Monuments at Pattadakal (1987), Karnataka; ASI, Government of India
  6. Michell 2017, pp. 110-131.
  7. Michell 2017, p. 136.
  8. ၈.၀ ၈.၁ Cathleen Cummings 2014, pp. 1-7.
  9. ၉.၀ ၉.၁ Lippe 1967.