ပထမ ငါးခုန် ဆရာတော်သည် ထီးလဲရွာ၌ သက္ကရာဇ် ၁၁၃၂ ခုနှစ်ခန့်တွင် ဖွားမြင်သည်။ နောက် ငါးခုန်ရွာသို့ ရောက်၍ အသက် ၂ဝ လွန်မှ ရဟန်းပြုသည်။ ဘွဲ့တော် ရှင်အာဒိစ္စဝံသဖြစ်၏။ ရတနာပုရ စတုတ္ထမြို့တည် နန်းတည် ဘကြီးတော်မင်းလက်ထက်၌ ထင်ရှားသော ဆရာတော်ဖြစ် သည်။ 'အာဒိစ္စဝံသာ ဘိဓဇမဟာဓမ္မရာဇဂုရု' တံဆိပ်တော်ရ သည်။ အမရပုရမြို့တော်၊ တောင်သမန်တောရ၌ သီတင်းသုံး သည်။ တောင်လေးလုံးတိုက်၊ မက္ခရာကျောင်း၌လည်း သီတင်း သုံးသည်။ သက်တော် ၇ဝ၊ ဝါတော် ၄ဝ ကျော်၊ သက္ကရာဇ် ၁၂ဝ၂ ခုခန့်တွင် ပျံလွန်တော်မူသည်။ ပြုစုသော ကျမ်းများမှာ (၁) ကာရိကာ နိဿယသစ်၊ (၂) ခုဒ္ဒကပါဌဋီကာပါဌ်၊ (၃) စရိယာပိဋကတ် အဋ္ဌကထာနိဿယ၊ (၄) ဆက္ကနိပါတ်ဇာတ် အဋ္ဌကထာနိဿယ၊ (၅) ဋီကာကျော် ဂဏ္ဌိဟောင်း၊ (၆) ပဋိသမ္ဘိဒါမဂ် အဋ္ဌကထာ နိဿယဟောင်း၊ (၇) ဗုဒ္ဓဝံသ အဋ္ဌကထာ နိဿယ၊ (၈) မဏိသာရ မဉ္ဇူသာ ဋီကာ နိဿယ၊ (၉) မဟာ ဗုဒ္ဓဝင်ဝတ္ထုတော်ကြီး၊ (၁ဝ) မူလ ဋီကာ (ဒွါရကထာထိ) ဂဏ္ဌိကျမ်း၊ (၁၁) မူလ ပဏ္ဏာသ ပါဠိ တော် နိဿယသစ်၊ (၁၂) သတ္တကနိပါတ် ဇာတ်အဋ္ဌကထာ နိဿယ၊ (၁၃) သဒ္ဒနီတိ ပဒမာလာနိဿယ၊ (၁၄) သဒ္ဒနီတိ သုတ္တမာလာ နိဿယ၊ (၁၅) သမ္ဗန္ဓစိန္တာ ဋီကာသစ် ပါဌ်၊ (၁၆) ဝီသတိ ဂါထာဝဏ္ဏနာပါဌ်၊ (၁၇) အတ္ထုဒ္ဓါရ ဝိဘာဝနီ ကျမ်းတို့ဖြစ်သည်။[၁]

ကိုးကား ပြင်ဆင်ရန်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)