ပထမဆုံး​ ​ဆေး​ရောင်စုံ မြန်မာရုပ်ရှင်ဇာတ်ကား​

မြန်မာ့ကနဦးဆေးရောင်စုံရုပ်ရှင်

ပထမဆုံး ဆေးရောင်စုံ မြန်မာရုပ်ရှင်ဇာတ်ကားစတင်ပြသ (၂၉-၆-၁၉၅၈) ပြင်ဆင်ရန်

မြန်မာနိုင်ငံ၏ ပထမဆုံးဆေးရောင်စုံ ရုပ်ရှင်ဇာတ်ကားကို အထူးပွဲအဖြစ် သတင်းစာဆရာများအား ဖိတ်ကြားကာ (၁၉၅၈)ခုနှစ်၊ ဇွန်လ(၂၉)ရက်နေ့၊ နံနက်(၈)နာရီတွင် ရန်ကုန်မြို့၌ ပြသခဲ့ကြောင်း နောက်တစ်နေ့ထုတ် ဟံသာဝတီသတင်းစာတွင် သတင်းဖော်ပြပါရှိသည်။ ယင်းဇာတ်ကားမှာ ရန်ကုန်ရုပ်ရှင် ဒါရိုက်တာရွှေဘော်ရိုက်ကူးသော “ချစ်ခဲ့တာအမှန်ပါပဲ” ဇာတ်ကားဖြစ်သည်။ “ချစ်ခဲ့တာအမှန်ပါပဲ” ရုပ်ရှင်ဇာတ်ကားကို ရန်ကုန်ရုပ်ရှင်မှ စီမံအုပ်ချုပ်သူ ဦးမြဟန်နှင့် ညီအစ်ကိုတစ်စုက ဘုံဘေမြို့သို့သွားရောက် ရိုက်ကူးခဲ့ပြီး ကြည်ကြည်ဌေး၊ မြင့်အောင်၊ ဖိုးပါကြီးတို့ ဦးဆောင်ပါဝင်ကြကာ ဇူလိုင်လ၄)ရက်နေ့တွင် အများပြည်သူ ကြည့်ရှုနိုင်စေရန် စတင်ရုံတင်ပြသမည် ဖြစ်ကြောင်း သတင်း၌ ဖော်ပြထား၏။