ရှင်သာဂရဗုဒ္ဓိ
ရှင်သာဂရဗုဒ္ဓိ (၁၂၁၀ - ၁၂၃၇) သည် “ပထမဘုရားကြီးဆရာတော်” ဟု ထင်ရှားခဲ့သည့် ကျမ်းပြုဆရာတော်တစ်ပါး ဖြစ်သည်။[၁]
ဘဝ
ပြင်ဆင်ရန်ဆရာတော်ကို ၁၂၁၀ ပြည့်နှစ်၊ တပေါင်းလဆန်း ၉ ရက်နေ့တွင် ဟင်္သာတမြို့၊ တာငါးဆယ်ရပ်၌ ဖွားမြင်ခဲ့သည်။ ငယ်မည်မှာ မောင်ဖဲ ဖြစ်သည်။ မိဘနှစ်ပါးမှာ ဦးမှုန်-ဒေါ်ပု ဖြစ်သည်။
ငယ်စဉ်က ညောင်ကုန်းဘုန်းတော်ကြီးထံတွင် စာပေများသင်ကြား၍ သာမဏေပြုခဲ့သည်။ ဘွဲ့တော်မှာ ရှင်သာဂရ ဖြစ်သည်။ အရွယ်ရောက်သည့်အခါ ဟင်္သာတလယ်တီဆရာတော်ကြီးကို ဥပဇ္ဈာယ်ပြု၍ ရှင်သာဂရဘွဲ့ဖြင့် ရဟန်းပြုခဲ့သည်။ မန္တလေးမြို့ သင်္ဂဇာတိုက်၊ စကုတိုက်၊ မဏ္ဍလာရာမတိုက်၊ သစ်ဆိမ့်တိုက်များတွင် ပညာသင်ကြားခဲ့သည်။ အုဂ်ဖိုရ်ဆရာတော်ကြီးထံ၌ ဆည်းကပ်ခဲ့သည်။
၁၂၄၆ ခုနှစ်တွင် ဓနုဖြူမြို့ ဇောတိကာရာမတိုက်ကို တည်ထောင်ခဲ့ပြီး နောင်သော် တောရဆောက်တည်ခဲ့သည်။ ၂ နှစ်ခန့်ကြာပြီးနောက်တွင် ဘုရားကြီးတိုက်၌ သီတင်းသုံးသည်။ [၁]
ပျံလွန်တော်မူခြင်း
ပြင်ဆင်ရန်ဆရာတော်သည် ၁၂၇၃ ခုနှစ်၊ နယုန်လဆုတ် ၁ ရက်နေ့တွင် ပျံလွန်တော်မူခဲ့သည်။[၁]
ကျမ်းများပြုစုခြင်း
ပြင်ဆင်ရန်ဆရာတော်သည် အောက်ပါကျမ်းများကို ပြုစုတော်မူခဲ့သည်။
၁။ ပသင်္ဂဝိနောဒနီ၊
၂။ ပတ္တနိကုဇ္ဇနဒီပနီ၊
၃။ ယာနဒီပနီ၊
၄။ ကာလိကဒီပနီ၊
၅။ အက္ခရတ္ထဒီပနီ၊
၆။ ပဏာမဒီပနီ၊
၇။ မရဏာသန္နဝီထိဝိဘာဝနီ၊
၈။ အနုသရဝိဘာဝနီ၊
၉။ ကာယာနုပဿနာဝိဘာဝနီ၊
၁၀။ မဂ္ဂါဓိဓမဒီပနီ။ [၁]