ရှင်အာလောက (၁၁၈၃ − ၁၂၅၇) သည် မြတောင်ဆရာတော်ဟု ထင်ရှားသည့် ကျမ်းပြုဆရာတော် ဖြစ်သည်။[၁]

ဘဝ ပြင်ဆင်ရန်

ဆရာတော်ကို ၁၁၈၃ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၅ ရက်၊ တနင်္ဂနွေနေ့တွင် ဖွားမြင်ခဲ့သည်။ ငယ်စဉ်က သင်္ဂဇာဆရာတော်ထံတွင် ပညာသင်ကြားခဲ့၍ ရဟန်းပြုခဲ့သည်။

၁၂၃၆ ခုနှစ်တွင် မင်းတုန်းမင်းသည် မန္တလေးတောင်ခြေ၌ မဏိသေလာရာမမြတောင်တိုက်ဆောက်လုပ်ကာ ကိုးကွယ်ခဲ့သည်။ သမီးတော် မြတောင်မင်းသမီး (သီပေါမင်း၏ မိဖုရားခေါင်ကြီးအားလည်း ၉ နှစ်အရွယ်ကပင် ကိုးကွယ်စေခဲ့သည်။ မြတောင်မင်းသမီးသည် မိဖုရားကြီး ဖြစ်ခဲ့သော် ၁၂၄၄ ခုနှစ်တွင် မန္တလေးမြို့တော် အနောက်ပြင်၌ မဏိရတနာရာမ မြတောင်တိုက်ကို ဆောက်လုပ်ကာ လှူဒါန်းခဲ့သည်။ ဤကျောင်းတိုက်ကို ဆောက်လုပ်သည့် ကုန်ကျစရိတ်အရပ်ရပ်သည် ၅၄၇၆၈၅၆ ကျပ် ဖြစ်သည်။

ဆရာတော်သည် မင်းတုန်းမင်းလက်ထက်တွင် “အာလောကာဘိဝရ သာသနရက္ခမဟာဓမ္မရာဇာဓိရာဇဂုရုတံဆိပ်တော်” နှင့် သီပေါမင်းလက်ထက်တွင် “အာလောကာဘိဝရသာသနရက္ခမဟာဓမ္မရာဇာဓိရာဇဂုရုတံဆိပ်တော်”၊ “အာလောကာဘိဝရအတုလာဓိပတိသီရိ ပဝရမဟာဓမ္မရာဇာဓိရာဇာဂုရုတံဆိပ်တော်” များ ရခဲ့သည်။[၁]

ပျံလွန်တော်မူခြင်း ပြင်ဆင်ရန်

ဆရာတော်သည် ၁၂၅၇ ခုနှစ်၊ သက်တော် ၇၄ နှစ်တွင် ပျံလွန်တော်မူခဲ့သည်။[၁]

တပည့်များ ပြင်ဆင်ရန်

ဆရာ၏ တပည့်များမှာ ရှင်ပဏ္ဍဝံသ (ဒုတိယမြတောင်ဆရာတော်)၊ ရှင်သုမန၊ ရှင်တေဇော၊ ရှင်ကုမာရနှင့် တံဆိပ်တော်မရ ရှင်ပညာသာမိ၊ ရှင်ကဝိန္ဒ၊ ရှင်ကုမာရတို့ ဖြစ်သည်။[၁]

ပြုစုခဲ့သည့် ကျမ်းများ ပြင်ဆင်ရန်

ဆရာတော်သည် အောက်ပါကျမ်းများကို ပြုစုတော်မူခဲ့သည်။[၁]

၁။ ဗာလာဝတာရစာကိုယ်နိသျ၊

၂။ လိင်္ဂမာလာ၊

၃။ နာမရူပမာလာ၊

၄။ သမာသပဒမာလာ၊

၅။ တဒ္ဓိတပဒမာလာ၊

၆။ အာချာတပဒမာလာ၊

၇။ ကိတပဒမာလာ၊

၈။ ဂဏသံသဂ္ဂဓာတ်စဉ်၊

၉။ ရူပကာသနီ။[၁]

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ၁.၄ ၁.၅ လှသမိန် (၁၉၆၁)။ ဂန္ထဝင်ပုဂ္ဂိုလ်ကျော်များ အတ္ထုပ္ပတ္တိပေါင်းချုပ်။ ရန်ကုန်မြို့: ဟံသာဝတီစာအုပ်တိုက်။ pp. ၁၀၃၊ ၁၀၄။