ပထဝီခဏနသိက္ခာပုဒ်သည် မြတ်စွာဘုရား၏ သာသနာတော်တွင် ရဟန်းတော်များ လိုက်နာစောင့်ထိန်းရန် ပညတ်တော်မူခဲ့သည့် သုဒ္ဓပါစိတ်အာပတ်တစ်ခု ဖြစ်သည်။ []

မြတ်စွာဘုရားသည် အာဠဝီပြည်၊ အဂ္ဂဝါစေတီတွင် သီတင်းသုံး နေတော်မူ၏။ ထိုအခါ အာဠဝီပြည်သား ရဟန်းတို့သည် မြေကို မိမိကိုယ်တိုင်လည်း ဆွ၏၊ သူတစ်ပါးကိုလည်း ဆွစေကုန်၏။

ထိုအခါ လူတို့သည် ထိုရဟန်းတို့အား “အဘယ်ကြောင့် မြေကို ဆွကုန်ဘိသနည်း” ဟု ကဲ့ရဲ့ကြကုန်၏။ ထိုသို့ လူတို့က ကဲ့ရဲ့ကြသည်ကို ရဟန်းတို့သည် သိကုန်၏။ ထိုအခါ အလိုနည်းသော ရဟန်းတို့သည် ထိုအာဠဝီပြည်သား ရဟန်းတို့ကို ကဲ့ရဲ့ကုန်၏။

ထို့နောက် မြတ်စွာဘုရားသည် ထိုရဟန်းတို့အား “မြေကြီးကို ကိုယ်တိုင် ဆွသည်၊ သူတစ်ပါးကို ဆွရန် စေခိုင်းသည် မှာ မှန်ပါသလော” ဟု မေး၏။ ထိုရဟန်းတို့လည်း “ဟုတ်မှန်ပါသည်” ဟု ဖြေ၏။ ထိုအခါ မြတ်စွာဘုရားသည် “အဘယ်ကြောင့် မြေကြီးကို ဆွကုန်ဘိသနည်း၊ လူတို့သည် မြေကြီး၌ အသက်ရှိသည်ဟု ထင်မှန်ကြသည် ဖြစ်၏” ဟု အစရှိသဖြင့် ကဲ့ရဲ့တော်မူကာ အောက်ပါသိက္ခာပုဒ်ကို ပညတ်တော်မူ၏။ []

သိက္ခာပုဒ်

ပြင်ဆင်ရန်

“အကြင်ရဟန်းသည် မြေကြီးကို တူးမူလည်း တူးငြားအံ့၊ တူးစေမူလည်း တူးစေငြားအံ့၊ (ထိုရဟန်းအား) ပါစိတ်အာပတ် သင့်၏” ဟု မိန့်တော်မူ၏။[]

  1. ၁.၀ ၁.၁ ၁.၂ ဝိနည်းပိဋက − ပါရာဇိကဏ်ပါဠိတော်မြန်မာပြန်၊ မုသာဝါဒဝဂ်