ပထူးကြီး သင်္ဃရာဇာ ဆရာတော်သည် ၇၂၆ ခုနှစ် အင်းဝခေတ် သတိုးမင်းဖျား လက်ထက်တွင် ထင်ရှားသော ဆရာတော်ဖြစ်သည်။ ပထူးကြီးကို ရာဇဝင်အစောင်စောင်တို့တွင် ပိထူး၊ ပန်းထူး၊ ပန်းတူးဟူ၍ အမျိုးမျိုးရေးသည်။ သင်္ဃရာဇာ ဆရာတော်သည် ပိဋကတ်ကျမ်းဂန်အရာ၌ တန်ရုံသာရှိသည်။ ဗေဒင်အရာ၌ကား လွန်စွာကျွမ်းကျင် တတ်မြောက်တော်မူသည်။ သတိုးမင်းဖျား အင်းဝမြို့ကို တည်မည်ကြံစဉ် အိပ်မက်မက် သည်ကို ပထူးကြီး သင်္ဃရာဇာဆရာတော်ပင် ဖတ်ရသည်။ ထိုဆရာတော်သီတင်းသုံးသည့် ကျောင်းကို သင်္ဃရာဇာကျောင်း ဟု ခေါ်တွင်၍၊ ကျောင်းအနီးရှိ ချောင်းကိုလည်း သင်္ဃရာဇာ ချောင်းဟုခေါ်တွင်ရာ ယခုတိုင်ဖြစ်သည်။ ပြုစုသည့်ကျမ်းများ မှာ။ (၁) လောကဒီပနီကျမ်း၊ (၂) ဩကာသဒီပနီကျမ်းတို့ ဖြစ် သည်။[၁]

ကိုးကား ပြင်ဆင်ရန်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)