ပဒဋ္ဌာန်[မှတ်စု ၁] ဆိုသည်မှာ ပရမတ်တရားတို့၏ အနီးကပ်ဆုံး သောအကြောင်းတရားဖြစ်သည်။ အကျိုးတရားတခု ဖြစ် ပေါ်လာမှုတွင် အကြောင်းတခုသာ ရှိသည်မဟုတ်၊ ဆင့်ကဲဆင့်ကဲ အထောက်အကူပြုနေကြသည့် ကွင်းဆက်အကြောင်းများ အမြောက် အမြားရှိ၏။ ယင်းအကြောင်းများကို နီးသောအကြောင်း ဝေးသော အကြောင်းဟု ကျမ်းဂန်များ၌ နှစ်မျိုးခွဲထား၏။ ယခု ပဒဋ္ဌာန် ဆိုသည်မှာ ထိုနှစ်မျိုးအနက် အကျိုးတရား၏ အနီးကပ်ဆုံးသောအကြောင်းပင် ဖြစ်သည်။

ဥပမာ ဒေါသဖြစ်စရာအနိဋ္ဌာရုံတခုနှင့် တွေ့ကြုံ၍ ဒေါသဖြစ် ပေါ်လာရာ၌ ဒေါသဖြစ်ခြင်း အကြောင်းတရားကို စိစစ်လျင်(၁)အနိဋ္ဌာရုံ နှင့် (၂) နှလုံးသွင်းမကောင်းမှု (အယောနိသောမနသိကာရ[မှတ်စု ၂])ဟူသော အကြောင်းနှစ်ခုကို တွေ့၏။ ထိုတွင် အနိဋ္ဌာရုံနှင့် တွေ့ကြုံနေရစေကာမူ နှလုံးသွင်းမကောင်းမှသာ ဒေါသဖြစ်လာနိုင်စရာ ရှိသောကြောင့် နှလုံးသွင်း မကောင်းမှု (အယောနိသော မနသိကာရ)သည်သာ နီးသော အကြောင်း ပဒဋ္ဌာန်ဖြစ်၍ အနိဋ္ဌာရုံမှာ ဝေးသောအကြောင်းမျှသာ ဖြစ်သည်။ []

  1. ပဒဋ္ဌာန်-ပဒ+ဋ္ဌာန။ပဒ=အကြောင်း+ဋ္ဌာန=အကြောင်း။
  2. အယောနိသော = နည်းမှန်လမ်းမှန် မဟုတ်သောအားဖြင့် (ဝါ)မသင့် လျော်သောအားဖြင့် + မနသိကာရ = နှလုံးသွင်းခြင်း။
  1. ကျမ်းပြုမှူး ဦးအေးနိုင်၊ ဒု-ကျမ်းပြုမှူး ဦးညွန့်ဇော်။ ဗုဒ္ဓအဘိဓမ္မာ စေတသိက်များအဖွင့်