အရှင်ပဒုမထေရ် သည် မြတ်စွာဘုရား၏ သာသနာတော်ရှိ ရဟန်းတစ်ပါး ဖြစ်သည်။[]

ဘဝဇာတ်ကြောင်း

ပြင်ဆင်ရန်

ပဒုမုတ္တရမြတ်စွာဘုရားလက်ထက်

ပြင်ဆင်ရန်

ပဒုမုတ္တရမြတ်စွာဘုရားလက်ထက်တွင် ဖြစ်၏။ အရှင်ပဒုမထေရ် သည် တံခွန်နှင့် တကွသော ပဒုမ္မာကြာပန်းကို လှူခဲ့၏။ []

အကျိုးခံစားရခြင်း

ပြင်ဆင်ရန်

ထိုအခါ မြတ်စွာဘုရားသည် “ကမ္ဘာသုံးဆယ်ပတ်လုံး နတ်တို့ကို အစိုးရသည့် သိကြားမင်း ဖြစ်လတ္တံ့၊ အကြမ်ခုနစ်ရာ ဧကရာဇ်မင်း ဖြစ်လတ္တံ့၊ ပဒုမ္မာကြာချက် အရေအတွက်မျှလောက် စကြဝတေးမင်း ဖြစ်လတ္တံ့၊ ဂေါတမမြတ်စွာဘုရား၏ သားတော်အဖြစ်ဖြင့် ပရိနိဗ္ဗာန်ပြုရလတ္တံ့” ဟု မိန့်တော်မူ၏။[]

ဂေါတမမြတ်စွာဘုရားထက်ထက်

ပြင်ဆင်ရန်

နောက်ဆုံးဘဝတွင် ဂေါတမမြတ်စွာဘုရား၏ သာသနာတော်တွင် အရှင်ပဒုမထေရ် အဖြစ်ဖြင့် အာသဝေါကုန်ခမ်း ရဟန္တာ ဖြစ်တော်မူ၏။[]

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ထေရာပဒါန်ပါဠိတော်၊ ဗီဇနိဝဂ်