ပဒုမပုပ္ဖိယ
အရှင်ပဒုမပုပ္ဖိယထေရ် သည် မြတ်စွာဘုရား၏ သာသနာတော်ရှိ ရဟန်းတစ်ပါး ဖြစ်သည်။[၁]
ဘဝဇာတ်ကြောင်း
ပြင်ဆင်ရန်ဖုဿမြတ်စွာဘုရားလက်ထက်
ပြင်ဆင်ရန်ဖုဿမြတ်စွာဘုရား လက်ထက်တော်အခါက ဖြစ်၏။ အရှင်ပဒုမပုပ္ဖိယထေရ် သည် ကြာတောကြာရုံသို့ ဝင်ကာ ပဒုမ္မာကြာတို့ကို ချိုး၏။ ထိုအခါ ကြာတောတွင် ဖုဿမြတ်စွာဘုရားကို မြင်၏။ ထို့နောက် ပဒုမ္မာကြာပန်းတို့ဖြင့် မြတ်စွာဘုရားအား လှူဒါန်းခဲ့၏။ ထို့နောက် လူ့ဘောင်ကို စွန့်ကာ သာသနာ့ဘောင်သို့ ရှင်အဖြစ် ဝင်ရောက်ခဲ့၏။[၁]
အကျိုးခံစားရခြင်း
ပြင်ဆင်ရန်ထိုသို့ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်နှစ်ကမ္ဘာထက်တွင် မြတ်စွာဘုရားအား ပဒုမ္မာကြာပန်းကို လှူခဲ့သည့် အချိန်မှစကာ အပါယ်လေးဘုံသို့ မကျရောက်ခဲ့ပေ။ ထို့ပြင် တစ်ဆယ့်ရှစ်ကမ္ဘာထက်တွင်လည်း “ပဒုမာဘာသ”အမည်ဖြင့် စကြဝတေးမင်း ရှစ်ကြိမ် ဖြစ်ခဲ့၏။[၁]
ဂေါတမမြတ်စွာဘုရားထက်ထက်
ပြင်ဆင်ရန်နောက်ဆုံးဘဝတွင် ဂေါတမမြတ်စွာဘုရား၏ သာသနာတော်တွင် အရှင်ပဒုမပုပ္ဖိယထေရ် အဖြစ်ဖြင့် အာသဝေါကုန်ခမ်း ရဟန္တာ ဖြစ်တော်မူ၏။[၁]