ပန်ဂျီယာ၊ တိုက်ကြီး

ပန်ဂျီယာ သို့မဟုတ် ပန်ဂျယ်ယာ (/pænˈ.ə/[၁]) သည် သက်ဦးကပ်နှောင်းပိုင်းနှင့် သက်လယ်ကပ်အစောပိုင်း အချိန်ကာလတို့အတွင်း တစ်ခုတည်းသော ကုန်းမြေအဖြစ် တည်ရှိခဲ့သော ဧရာမတိုက်ကြီးတစ်ခုဖြစ်သည်။ ၎င်းသည် လွန်ခဲ့သော နှစ်ပေါင်း ၃၃၅ သန်းခန့်က ကာဗွန်နီဖာရတ်များအတွင်း အစောပိုင်း တိုက်ကြီးယူနစ်များမှ စုဝေးခဲ့ပြီး ထရီဆက်ဆစ်ကာလ အဆုံးနှင့် ဂျူယက်စစ် ကာလအစ လွန်ခဲ့သောနှစ်ပေါင်း သန်း ၂၀၀ ခန့်က စတင်ကွဲထွက်သွားခဲ့သည်။ လက်ရှိပစ္စုပ္ပန်ကာလ ကမ္ဘာ့ တိုက်ကြီးများ၏ ဖြန့်ကျက်မှုတို့နှင့်မတူဘဲ ပန်ဂျီယာသည် အီကွေတာပေါ်တွင် ဗဟိုပြုကာ မဟာသမုဒ္ဒရာ ပန်သာလက်ဆာ၊ ပယ်လီယို-တီသိုင် နှင့် နောက်ဆက်တွဲ တီသိုင်သမုဒ္ဒရာတို့ဖြင့် ဝန်းရံထားသည်။ ပန်ဂျီယာသည် ဘူမိဗေဒပညာရှင်များ ပြန်လည်တည်ဆောက်ပုံဖော်ရာမှ ပေါ်ထွက်လာသည့် ထူးခြားသော တိုက်ကြီးဖြစ်သည်။ သက်လယ်ကပ်အစ၌ ပန်ဂျီယာသည် ကွဲထွက်ရွေ့လျားခဲ့ပြီး ယနေ့ခေတ် တိုက်ကြီးများ စတင်ဖြစ်ပေါ်သည်။

မီဆိုဇိုးအစ်အစောပိုင်း (၂၀၀ Ma)ရှိ ထူးခြားသော တိုက်ကြီး ပန်ဂျီယာ

ကိုးကားပြင်ဆင်

  1. "Pangaea"Lexico UK English DictionaryOxford University Press။ n.d.။